ထိပ်ဆုံး ၆ နေရာမဝင်ရင်လည်း ဆိုးလ်ရှားအထုတ်ခံရမှာမဟုတ်ဘူးလို့ Daily Star သတင်းစာဖော်ပြ

photo-daily star

photo-gettyimages

ဒီရာသီမှာ ထိပ်ဆုံး ၆ နေရာအတွင်းရပ်တည်အောင် မစွမ်းဆောင်ပေးနိုင်ဘူးဆိုရင်တောင်မှ မန်ယူအသင်းတာဝန်ရှိသူတွေဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်မှာ မဟုတ်ဘူးလို့ အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Star က ဖော်ပြလိုက်ပါတယ်။ မန်ယူရဲ့စိတ်ပျက်ဖွယ်ရာသီတာထွက်ကြောင့် မကြာသေးခင်လတွေမှာ ဆိုးလ်ရှားဟာ ဖိအားတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့နန်းကျဘုရင်ဖြစ်တဲ့မန်ယူဟာ ဒီရာသီအမှတ်ပေးပွဲ ၁၃ ပွဲမှာ ၄ ပွဲသာနိုင်ခဲ့လို့ အက်စ်တွန်ဗီလာနဲ့ပွဲမတိုင်ခင် အမှတ်ပေးဇယားရဲ့အလယ်အလတ်အသင်းအဖြစ် ရောက်နေခဲ့ရပါတယ်။

photo-gettyimages

ပိုဆိုးသွားတာက လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပဲ ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုကြောင့် ဆိုးလ်ရှားရဲ့အနာဂါတ်ဟာ ပိုပြီးလှုပ်ခတ်သွားခဲ့တာပါ။ အခုချိန်မှာ ဆိုးလ်ရှားအပေါ် ပိုချက်တီနိုရဲ့အရိပ်လွှမ်းမိုလာတာ ဖြစ်ပါတယ်။ မန်ယူအသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝပ်ဟာလည်း ဆောက်သမ်တန်နဲ့စပါးတို့မှာ အောင်မြင်ခဲ့တဲ့ ပိုချက်တီနိုကို ကာလရှည်ကြာလေးစားလာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ မော်ရင်ဟိုကိုထုတ်ပယ်ခဲ့တုန်းက မန်ယူအသင်းတာဝန်ရှိသူတွေဟာ ပိုချက်တီနိုကိုခေါ်ယူဖို့တောင် စဉ်းစားခဲ့ကြတာပါ။ ဒါမေပဲ့ ညှိနှိုင်းရခက်တဲ့စပါးဥက္ကဌဒန်နီရယ်လီဗိုင်းကြောင့် အဲဒီတုန်းက မန်ယူဟာ ဆိုးလ်ရှားကိုသာ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

photo-gettyimages

ဆိုးလ်ရှားလက်ထက်မှာ မန်ယူရဲ့အခြေအနေဟာ ထူးမလာခဲ့ဘဲ အခုချိန်မှာဆို ပိုချက်တီနိုကို လျော်ကြေးပေးစရာမလိုဘဲနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနဲ့နီးစပ်တဲ့အတွင်းသတင်းအရ ဥရောပဝင်ခွင့်မရရင်တောင် ဝုဒ်ဝပ်ဟာ ဆိုးလ်ရှားကို ဆက်လက်ထောက်ခံဦးမှာလို့ Daily Star သတင်းစာရဲ့အယ်ဒီတာအဖွဲ့က နားလည်ယုံကြည်ထားပါတယ်။ တကယ်လို့ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ထပ်လွဲမယ်ဆိုရင် မန်ယူဟာ ဝင်ငွေအရ ပေါင်သန်း ၆၀ ဝန်းကျင်ဆုံးရှုံးရမှာပါ။ လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့မန်ယူဟာ အခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရဦးမှာပါ။

[Zawgyi]

ထိပ္ဆုံး ၆ ေနရာမ၀င္ရင္လည္း ဆိုးလ္ရွားအထုတ္ခံရမွာမဟုတ္ဘူးလို႔ Daily Star သတင္းစာေဖာ္ျပ

ဒီရာသီမွာ ထိပ္ဆုံး ၆ ေနရာအတြင္းရပ္တည္ေအာင္ မစြမး္ေဆာင္ေပးႏိုင္ဘူးဆုိရင္ေတာင္မွ မန္ယူအသင္းတာ၀န္ရွိသူေတြဟာ နည္းျပဆုိးလ္ရွားကို ထုတ္ပယ္မွာ မဟုတ္ဘူးလို႔ အဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Daily Star က ေဖာ္ျပလုိက္ပါတယ္။ မန္ယူရဲ႕စိတ္ပ်က္ဖြယ္ရာသီတာထြက္ေၾကာင့္ မၾကာေသးခင္လေတြမွာ ဆုိးလ္ရွားဟာ ဖိအားေတြနဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ရဲ႕နန္းက်ဘုရင္ျဖစ္တဲ့မန္ယူဟာ ဒီရာသီအမွတ္ေပးပြဲ ၁၃ ပြဲမွာ ၄ ပြဲသာႏုိင္ခဲ့လုိ႔ အက္စ္တြန္ဗီလာနဲ႔ပြဲမတိုင္ခင္ အမွတ္ေပးဇယားရဲ႕အလယ္အလတ္အသင္းအျဖစ္ ေရာက္ေနခဲ့ရပါတယ္။

ပိုဆိုးသြားတာက လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကပဲ ထုတ္ပယ္ခံလုိက္ရတဲ့ ပုိခ်က္တီႏိုေၾကာင့္ ဆုိးလ္ရွားရဲ႕အနာဂါတ္ဟာ ပိုၿပီးလႈပ္ခတ္သြားခဲ့တာပါ။ အခုခ်ိန္မွာ ဆုိးလ္ရွားအေပၚ ပိုခ်က္တီႏိုရဲ႕အရိပ္လႊမ္းမိုလာတာ ျဖစ္ပါတယ္။ မန္ယူအသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္ဟာလည္း ေဆာက္သမ္တန္နဲ႔စပါးတို႔မွာ ေအာင္ျမင္ခဲ့တဲ့ ပိုခ်က္တီႏိုကို ကာလရွည္ၾကာေလးစားလာခဲ့သူ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာမွာ ေမာ္ရင္ဟိုကိုထုတ္ပယ္ခဲ့တုန္းက မန္ယူအသင္းတာ၀န္ရွိသူေတြဟာ ပိုခ်က္တီႏိုကိုေခၚယူဖုိ႔ေတာင္ စဥ္းစားခဲ့ၾကတာပါ။ ဒါေမပဲဲ့ ညွိႏႈိင္းရခက္တဲ့စပါးဥကၠဌဒန္နီရယ္လီဗုိင္းေၾကာင့္ အဲဒီတုန္းက မန္ယူဟာ ဆုိးလ္ရွားကိုသာ ယာယီနည္းျပအျဖစ္ ခန္႔အပ္ခဲ့တာပါ။

ဆိုးလ္ရွားလက္ထက္မွာ မန္ယူရဲ႕အေျခအေနဟာ ထူးမလာခဲ့ဘဲ အခုခ်ိန္မွာဆုိ ပိုခ်က္တီႏိုကို ေလ်ာ္ေၾကးေပးစရာမလုိဘဲနဲ႔ ေခၚယူႏိုင္မွာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူနဲ႔နီးစပ္တဲ့အတြင္းသတင္းအရ ဥေရာပ၀င္ခြင့္မရရင္ေတာင္ ၀ုဒ္၀ပ္ဟာ ဆုိးလ္ရွားကို ဆက္လက္ေထာက္ခံဦးမွာလို႔ Daily Star သတင္းစာရဲ႕အယ္ဒီတာအဖြဲ႕က နားလည္ယုံၾကည္ထားပါတယ္။ တကယ္လုိ႔ ဒီရာသီမွာလည္း ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ထပ္လြဲမယ္ဆုိရင္ မန္ယူဟာ ၀င္ေငြအရ ေပါင္သန္း ၆၀ ၀န္းက်င္ဆုံးရႈံးရမွာပါ။ လက္ရွိအေျခအေနအရ ပရီးမီးယားလိဂ္ရဲ႕အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့မန္ယူဟာ အခုရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ရုနး္ကန္ရဦးမွာပါ။