ထိပ်ဆုံးပြန်ရောက်လာတာ သိပ်ကောင်းတဲ့ ဖီလင်ဘဲလို့ စီရော်နယ်ဒိုပြော

Photo- Internet
Photo- Internet

ဂျူ ဗင်တပ်အသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုက အင်တာမီလန်ကိုအနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံး ကိုပြန်ရောက်လာတာဟာ အရမ်းကိုကောင်းတဲ့ ခံစားချက်မျိုးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ဂျူ ဗင်တပ်ဟာ ဟီဂူအင်ရဲ့မိနစ် ၈၀ သွင်းဂိုးနဲအတူ အဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမတိုင်ခင်မှာ ဂျူ ဗင်တပ်ဟာ အင်တာမီလန်နဲ့ ၂ မှတ်ကွာပြီး ဒုတိယနေရာမှာသာရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျူ ဗင်တပ်အတွက် ထိပ်ဆုံးကိုပြန်ရောက်ဖို့ရော စီရီးအေချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းထားနိုင်စွမ်းရှိတယ်ဆိုတာကိုပါ ပြသဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

Photo- Internet

ဒီပွဲမှာ စီရော်နယ်ဒိုဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပြခဲ့ပြီး သူ့ကန်ချက် ဘားတန်းထိထွက်ခဲ့မှု၊ နောက်တစ်ကြိမ်က လူကျွံဘောသတ်မှတ်ခံရမှုတွေကြောင့်သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဂျူ ဗင်တပ်အတွက် ဒိုင်ဘာလာက အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် မာတီနက်ဇ်က ပင်နယ်တီကနေပြန်လည်ချေပနိုင်ခဲ့ပြီး ဟီဂူအင်က အနိုင်ရဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

Photo- Internet

ပွဲအပြီးမှာ အင်စတာဂရမ်ကနေတစ်ဆင့် စီရော်နယ်ဒိုက”တကယ့်ကိုကောင်းမွန်တဲ့ အသင်းလိုက်ခြေစွမ်းဘဲ။ အခုလိုမျိုး အမှတ်ပေးဇယားထိပ်ဆုံး ကိုပြန်ရောက်လာတာဟာ သိပ်ကောင်းတဲ့ ဖီလင်ဘဲ” လို့ရေးသားဖော်ပြသွားပါတယ်။ နည်းပြ ဆာရီကလည်း စီရော်နယ်ဒိုဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းအပေါ်အများကြီး အကျိုးပြုခဲ့တဲ့သူလို့ ချီးကျူ းသွားပါတယ်။

Photo- Internet

ဂျူ ဗင်တပ်ဟာ သရေပွဲအချို့ကြောင့်သာ အင်တာမီလန်ထက်အမှတ်လျော့ခဲ့သေးပေမယ့် ဒီရာသီ စီးရီးအေမှာတော့ ရှုံးပွဲကြုံရခြင်းမရှိသေးတဲ့ တစ်ခုတည်းသောအသင်းဖြစ်နေပါတယ်။ သူတို့ဟာ နိုင်ငံတကာပွဲတွေအပြီးမှာ ဘိုလော့ဂ်နာနဲ့ အိမ်ကွင်းတွေ့ဆုံ ရမှာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ထိပ္ဆုံးျပန္ေရာက္လာတာ သိပ္ေကာင္းတဲ႔ ဖီလင္ဘဲလို႔ စီေရာ္နယ္ဒိုေျပာ

ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုက အင္တာမီလန္ကိုအႏိုင္ရၿပီး အမွတ္ေပးဇယားထိပ္ဆုံး ကိုျပန္ေရာက္လာတာဟာ အရမ္းကိုေကာင္းတဲ႔ ခံစားခ်က္မ်ဳိးျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ မေန႔ညကယွဥ္ၿပိဳင္ခဲ့တဲ႔ အဲဒီပြဲမွာ ဂ်ဴ ဗင္တပ္ဟာ ဟီဂူအင္ရဲ႕မိနစ္ ၈၀ သြင္းဂိုးနဲအတူ အေ၀းကြင္းမွာ ၂-၁​ နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲမတိုင္ခင္မွာ ဂ်ဴ ဗင္တပ္ဟာ အင္တာမီလန္နဲ႔ ၂ မွတ္ကြာၿပီး ဒုတိယေနရာမွာသာရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဂ်ဴ ဗင္တပ္အတြက္ ထိပ္ဆုံးကိုျပန္ေရာက္ဖို႔ေရာ စီရီးေအခ်န္ပီယံဘြဲ႔ကို ဆက္လက္ထိန္းထားႏိုင္စြမ္းရွိတယ္ဆိုတာကိုပါ ျပသဖို႔ အေရးပါတဲ႔ပြဲစဥ္ျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ စီေရာ္နယ္ဒိုဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ္႔ ေျခစြမ္းျပခဲ့ၿပီး သူ႔ကန္ခ်က္ ဘားတန္းထိထြက္ခဲ့မႈ၊ ေနာက္တစ္ႀကိမ္က လူက်ြံေဘာသတ္မွတ္ခံရမႈေတြေၾကာင့္သာ ဂိုးမရခဲ့တာျဖစ္ပါတယ္။ ဂ်ဴ ဗင္တပ္အတြက္ ဒိုင္ဘာလာက အဖြင့္ဂိုးသြင္းယူေပးခဲ့ေပမယ္႔ မာတီနက္ဇ္က ပင္နယ္တီကေနျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ဟီဂူအင္က အႏိုင္ရဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အင္စတာဂရမ္ကေနတစ္ဆင့္ စီေရာ္နယ္ဒိုက”တကယ္႔ကိုေကာင္းမြန္တဲ႔ အသင္းလိုက္ေျခစြမ္းဘဲ။ အခုလိုမ်ဳိး အမွတ္ေပးဇယားထိပ္ဆုံး ကိုျပန္ေရာက္လာတာဟာ သိပ္ေကာင္းတဲ႔ ဖီလင္ဘဲ” လို႔ေရးသားေဖာ္ျပသြားပါတယ္။ နည္းျပ ဆာရီကလည္း စီေရာ္နယ္ဒိုဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ္႔ အသင္းအေပၚအမ်ားႀကီး အက်ဳိးျပဳခဲ့တဲ႔သူလို႔ ခ်ီးက်ဴ းသြားပါတယ္။

ဂ်ဴ ဗင္တပ္ဟာ သေရပြဲအခ်ဳိ႕ေၾကာင့္သာ အင္တာမီလန္ထက္အမွတ္ေလ်ာ႔ခဲ့ေသးေပမယ္႔ ဒီရာသီ စီးရီးေအမွာေတာ႔ ရႈံးပြဲႀကံဳရျခင္းမရွိေသးတဲ႔ တစ္ခုတည္းေသာအသင္းျဖစ္ေနပါတယ္။ သူတို႔ဟာ ႏိုင္ငံတကာပြဲေတြအၿပီးမွာ ဘိုေလာ႔ဂ္နာနဲ႔ အိမ္ကြင္းေတြ႔ဆုံ ရမွာျဖစ္ပါတယ္။