ထိပ်ဆုံးနေရာသိမ်းပိုက်ထားပေမယ့် အရှူံးကြီးရှူံးခဲ့ပြီဖြစ်တဲ့ လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲတွေက ပွဲကောင်းတွေရှိနေပေမယ့် မြန်မာပြည်လူထုကတော့ ပွဲစဉ်တွေအပေါ် အာရုံကောင်းကောင်းမရောက်ကြရပါဘူး။ လီဗာပူးတို့ကတော့ ထိပ်ဆုံးနေရာမှာထိုင်ပေမယ့် အရှူံးကြီးရှူံးခဲ့ပါပြီ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူး နဲ့ မန်စီးတီး အသင်းတို့ဟာ မနေ့ညက ကစားခဲ့ပြီး မန်စီးတီး အသင်းက (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာတော့ လီဗာပူးအသင်းရဲ့ကန်သွင်းချက်တွေကို မန်စီးတီးရဲ့ ဂိုးသမား အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်း ပွဲချိန်(၄၉)မိနစ်မှာတော့ ဂန်ဒိုဂန် က ဂိုးဧရိယာထဲမှာ အပိုင်ပိတ်သွင်းပြီး မန်စီးတီးအတွက် ဦးဆောင်ဂိုးရရှိစေခဲ့ပါတယ်။

ပွဲချိန်(၆၃)မိနစ်မှာတော့ လီဗာပူးအသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး ဆာလတ် က သွင်းယူကာ ချေပဂိုးရယူပေးခဲ့ပါတယ်။ဒါပေမယ့် ဂိုးသမား အလီဆန် ရဲ့ မသေသပ်တာတွေကြောင့် မန်စီးတီး အသင်းဂိုးတွေ ဆက်တိုက် ရရှိသွားခဲ့ပါတယ်။ဂိုးတွေကိုတော့ (၇၃)မိနစ်မှာ ဂန်ဒိုဂန်၊ (၇၆)မိနစ်မှာ စတာလင်နဲ့ (၈၃)မိနစ်မှာ ဖိုဒန် တို့က အနိုင်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ပြောခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာနွမ်းလျမှုပြဿနာက တကယ် ကြုံတွေ့နေရတာဖြစ်ပြီး လီဗာပူးရဲ့ကစားပုံက ယုံကြည်မှု ပျောက်ဆုံးနေတာမျိုးဖြစ်နေပါတယ်။လီဗာပူးက တိုက်စစ်ဆင်မှုတချို့လုပ်နိုင်ခဲ့ ပေမယ့် ပွဲချိန်အများစုက မန်စီးတီးအသင်းရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။

ဒါကြောင့် တချို့တွေ ထိပ်ဆုံးမှာထိုင်နေရပေမယ့် အရှူံးကြီးရှူံးတဲ့အခါ စိတ်ပူပင်ဆင်းရဲနေကြမှာပါ။

လီဗာပူးအသင်းဟာအိမ်ကွင်းမှာမန်စီးတီးအသင်းကို၄ဂိုး၁ဂိုးနဲ့ရှုံးနိမ့်သွားခဲ့ပြီးနောက်ပရီးမီးယားလိဂ်ပြိုင်ပွဲအိမ်ကွင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေရပါတယ်။လီဗာပူးအသင်းဟာအိမ်ကွင်းနောက်ဆုံးသုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရာ၁၉၆၃ခုနှစ်နောက်ပိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာအိမ်ကွင်းသုံးပွဲဆက်တိုက်ရှုံးနိမ့်မှုကိုပထမဆုံးအကြိမ်တွေ့ကြုံနေရပါတယ်။

လီဗာပူးအသင်းဟာအိမ်ကွင်းမှာမန်စီးတီးအသင်းကိုမရှုံးနိမ့်ခင်ဘရိုက်တန်နဲ့ဘန်လေတို့ကိုအိမ်ကွင်းဖြစ်တဲ့အန်ဖီးကွင်းမှာပဲရှုံးနိမ့်ထားပါတယ်။ လီဗာပူး အသင်းဟာ မန်စီးတီး အသင်းနဲ့ (၁၀)မှတ်အကွာ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ထိပ္ဆုံးေနရာသိမ္းပိုက္ထားေပမယ့္ အရႉံးႀကီးရႉံးခဲ့ၿပီျဖစ္တဲ့ လီဗာပူး

ေဘာလုံးပြဲေတြက ပြဲေကာင္းေတြရွိေနေပမယ့္ ျမန္မာျပည္လူထုကေတာ့ ပြဲစဥ္ေတြအေပၚ အာ႐ုံေကာင္းေကာင္းမေရာက္ၾကရပါဘူး။ လီဗာပူးတို႔ကေတာ့ ထိပ္ဆုံးေနရာမွာထိုင္ေပမယ့္ အရႉံးႀကီးရႉံးခဲ့ပါၿပီ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးပြဲစဥ္ျဖစ္တဲ့ လီဗာပူး နဲ႔ မန္စီးတီး အသင္းတို႔ဟာ မေန႔ညက ကစားခဲ့ၿပီး မန္စီးတီး အသင္းက (၄)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ လီဗာပူးအသင္းရဲ႕ကန္သြင္းခ်က္ေတြကို မန္စီးတီးရဲ႕ ဂိုးသမား အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့လို႔ ဂိုးမရွိသေရနဲ႔ပထမပိုင္းၿပီးဆုံးခဲ့ပါတယ္။ဒုတိယပိုင္း ပြဲခ်ိန္(၄၉)မိနစ္မွာေတာ့ ဂန္ဒိုဂန္ က ဂိုးဧရိယာထဲမွာ အပိုင္ပိတ္သြင္းၿပီး မန္စီးတီးအတြက္ ဦးေဆာင္ဂိုးရရွိေစခဲ့ပါတယ္။

ပြဲခ်ိန္(၆၃)မိနစ္မွာေတာ့ လီဗာပူးအသင္း ပင္နယ္တီကန္သြင္းခြင့္ရခဲ့ၿပီး ဆာလတ္ က သြင္းယူကာ ေခ်ပဂိုးရယူေပးခဲ့ပါတယ္။ဒါေပမယ့္ ဂိုးသမား အလီဆန္ ရဲ႕ မေသသပ္တာေတြေၾကာင့္ မန္စီးတီး အသင္းဂိုးေတြ ဆက္တိုက္ ရရွိသြားခဲ့ပါတယ္။ဂိုးေတြကိုေတာ့ (၇၃)မိနစ္မွာ ဂန္ဒိုဂန္၊ (၇၆)မိနစ္မွာ စတာလင္နဲ႔ (၈၃)မိနစ္မွာ ဖိုဒန္ တို႔က အႏိုင္ဂိုးေတြသြင္းယူခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ေျပာခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာႏြမ္းလ်မႈျပႆနာက တကယ္ ႀကဳံေတြ႕ေနရတာျဖစ္ၿပီး လီဗာပူးရဲ႕ကစားပုံက ယုံၾကည္မႈ ေပ်ာက္ဆုံးေနတာမ်ိဳးျဖစ္ေနပါတယ္။လီဗာပူးက တိုက္စစ္ဆင္မႈတခ်ိဳ႕လုပ္ႏိုင္ခဲ့ ေပမယ့္ ပြဲခ်ိန္အမ်ားစုက မန္စီးတီးအသင္းရဲ႕ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ တခ်ိဳ႕ေတြ ထိပ္ဆုံးမွာထိုင္ေနရေပမယ့္ အရႉံးႀကီးရႉံးတဲ့အခါ စိတ္ပူပင္ဆင္းရဲေနၾကမွာပါ။

လီဗာပူးအသင္းဟာအိမ္ကြင္းမွာမန္စီးတီးအသင္းကို၄ဂိုး၁ဂိုးနဲ႔ရႈံးနိမ့္သြားခဲ့ၿပီးေနာက္ပရီးမီးယားလိဂ္ၿပိဳင္ပြဲအိမ္ကြင္းသမိုင္းတစ္ေလွ်ာက္အဆိုး႐ြားဆုံးရႈံးနိမ့္မႈနဲ႔ရင္ဆိုင္ေနရပါတယ္။လီဗာပူးအသင္းဟာအိမ္ကြင္းေနာက္ဆုံးသုံးပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ရာ၁၉၆၃ခုႏွစ္ေနာက္ပိုင္းပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာအိမ္ကြင္းသုံးပြဲဆက္တိုက္ရႈံးနိမ့္မႈကိုပထမဆုံးအႀကိမ္ေတြ႕ႀကဳံေနရပါတယ္။

လီဗာပူးအသင္းဟာအိမ္ကြင္းမွာမန္စီးတီးအသင္းကိုမရႈံးနိမ့္ခင္ဘ႐ိုက္တန္နဲ႔ဘန္ေလတို႔ကိုအိမ္ကြင္းျဖစ္တဲ့အန္ဖီးကြင္းမွာပဲရႈံးနိမ့္ထားပါတယ္။ လီဗာပူး အသင္းဟာ မန္စီးတီး အသင္းနဲ႔ (၁၀)မွတ္အကြာ အဆင့္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။