ထိပ်ဆုံးက မန်စီးတီးကို လိဒ်က တစ်ယောက်အကျောပေးပြီး အဝေးကွင်းမှာ အနိုင်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီညနေအစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထိပ်ဆုံးက မန်စီးတီးဟာ အိမ်ကွင်းမှာ လိဒ်ကို ဒုတိယပိုင်းတပိုင်းလုံး တစ်ယောက်အသာစီးနဲ့ ကစားခဲ့ရပေမယ့် (၁-၂) နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက လွန်ခဲ့တဲ့ ရက်တွေမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့အနေနဲ့ လိဒ်နည်းပြ ဘီယာဆာရဲ့ နည်းစနစ်တွေကို ကြိုက်နှစ်သက်တယ်လို့ လေပြေကြိုသွေးထားခဲ့သေးတာပါ။

ဒီပွဲမှာ ဂွာဒီယိုလာဟာ ဒီဘရူနီနဲ့ မာရက်ဇ်တို့ကို အသုံးမပြုခဲ့ဘဲ ဂန်ဒိုဂန်ကိုလည်း ဒုတိယပိုင်းမှ လူစားဝင်ကစားစေခဲ့ပါတယ်။ လိဒ်ကတော့ အဓိကတိုက်စစ်မှုး ဘန်ဖို့ဒ်နဲ့ ကော်စတာ၊ ဒဲလ်လက်စ်၊ ရာဖင်ဟာတို့ လူစုံပါဝင်ခဲ့ပြီး မန်စီးတီးကို ရှိန်မနေဘဲ သူတို့ရဲ့ ပုံစံအတိုင်း တိုက်စစ်ဖွင့်ကစားခဲ့တာပါ။ မန်စီးတီးက ဒီပွဲမှာ သူတို့ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို ဥိးစားပေးကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၁% အထိရှိခဲ့ပါတယ်။

ပထမိပိုင်း ၄၂မိနစ်မှာ လိဒ်အတွက် မြောက်အိုင်ယာလန်တိုက်စစ်မှုး ဒဲလ်လက်စ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီး ၄၄မိနစ်မှာ မန်စီးတီးတိုက်စစ်မှုး ဂျီးဆပ်စ် ထိုးဖောက်လာတာကို ဖျက်ထုတ်တဲ့ လိဒ်က ကူပါးက လူကိုထိမိတဲ့ အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်လူကြီး မာရီယာက အဝါကဒ်ပဲ ပြသခဲ့ပေမယ့် VAR ဒိုင်လူကြီးက အကြံပေးချက်အရ ကွင်းဘေးက VAR ကိုသွားကြည့်ပြီး အနီကဒ် ပြသခဲ့တာပါ။

၇၆မိနစ်မှာ ဖာရန်တောရက်စ်က မန်စီးတီးအတွက် ချေပဂိုးသွင်းယူနိုင်ခဲပ့ပေမယ့် ပွဲပြီးခါနီး ၉၁မိနစ်မှာ လိဒ်အတွက် ပထမဂိုးသွင်းခဲ့တဲ့ ဒဲလ်လက်စ်ကပဲ အနိုင်ဂိုးကို ထပ်သွင်းသွားတဲ့အတွက် အိမ်ကွင်းမှာ မန်စီးတီး ငုတ်တုတ်မေ့ခဲ့ရတာပါ။ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းချက် ၂၉ကြိမ်ရှိခဲ့ပြီး ၇ကြိမ်ဂိုးပေါက် တည့်ခဲ့တဲ့ မန်စီးတီးထက် တန်ပြန်တိုက်စစ်နဲ့ ဘောလုံးအပေးအယူ ခပ်မြန်မြန်သွက်သွက် ကစားရင်း ကန်သွင်းချက် ၂ကြိမ် ဂိုးပေါကတဲ့ ၂ကြိမ်မှာ ၂ဂိုးရအောင်သွင်းနိုင်ခဲ့တဲ့ လိဒ်ကို ချီးကျူးရမှာပါ။

ဒီပွဲ ရှုံးသွားပေမယ့် မန်စီးတီးဟာ ထိပ်ဆုံးမှာ အမှတ်အသာအယာနဲ့ ဆက်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ထိပ္ဆုံးက မန္စီးတီးကို လိဒ္က တစ္ေယာက္အေက်ာေပးၿပီး အေဝးကြင္းမွာ အႏိုင္ယူ

ဒီညေနအေစာပိုင္းမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ထိပ္ဆုံးက မန္စီးတီးဟာ အိမ္ကြင္းမွာ လိဒ္ကို ဒုတိယပိုင္းတပိုင္းလုံး တစ္ေယာက္အသာစီးနဲ႔ ကစားခဲ့ရေပမယ့္ (၁-၂) နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္ကတည္းက လြန္ခဲ့တဲ့ ရက္ေတြမွာ မန္စီးတီးနည္းျပ ဂြာဒီယိုလာက သူ႔အေနနဲ႔ လိဒ္နည္းျပ ဘီယာဆာရဲ႕ နည္းစနစ္ေတြကို ႀကိဳက္ႏွစ္သက္တယ္လို႔ ေလေျပႀကိဳေသြးထားခဲ့ေသးတာပါ။

ဒီပြဲမွာ ဂြာဒီယိုလာဟာ ဒီဘ႐ူနီနဲ႔ မာရက္ဇ္တို႔ကို အသုံးမျပဳခဲ့ဘဲ ဂန္ဒိုဂန္ကိုလည္း ဒုတိယပိုင္းမွ လူစားဝင္ကစားေစခဲ့ပါတယ္။ လိဒ္ကေတာ့ အဓိကတိုက္စစ္မႈး ဘန္ဖို႔ဒ္နဲ႔ ေကာ္စတာ၊ ဒဲလ္လက္စ္၊ ရာဖင္ဟာတို႔ လူစုံပါဝင္ခဲ့ၿပီး မန္စီးတီးကို ရွိန္မေနဘဲ သူတို႔ရဲ႕ ပုံစံအတိုင္း တိုက္စစ္ဖြင့္ကစားခဲ့တာပါ။ မန္စီးတီးက ဒီပြဲမွာ သူတို႔ထုံးစံအတိုင္း ေဘာလုံးပိုင္ဆိုင္မႈကို ဥိးစားေပးကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၇၁% အထိရွိခဲ့ပါတယ္။

ပထမိပိုင္း ၄၂မိနစ္မွာ လိဒ္အတြက္ ေျမာက္အိုင္ယာလန္တိုက္စစ္မႈး ဒဲလ္လက္စ္က ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ပထမပိုင္းၿပီးခါနီး ၄၄မိနစ္မွာ မန္စီးတီးတိုက္စစ္မႈး ဂ်ီးဆပ္စ္ ထိုးေဖာက္လာတာကို ဖ်က္ထုတ္တဲ့ လိဒ္က ကူပါးက လူကိုထိမိတဲ့ အနီကဒ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။ ကြင္းလယ္ဒိုင္လူႀကီး မာရီယာက အဝါကဒ္ပဲ ျပသခဲ့ေပမယ့္ VAR ဒိုင္လူႀကီးက အႀကံေပးခ်က္အရ ကြင္းေဘးက VAR ကိုသြားၾကည့္ၿပီး အနီကဒ္ ျပသခဲ့တာပါ။

၇၆မိနစ္မွာ ဖာရန္ေတာရက္စ္က မန္စီးတီးအတြက္ ေခ်ပဂိုးသြင္းယူႏိုင္ခဲပ့ေပမယ့္ ပြဲၿပီးခါနီး ၉၁မိနစ္မွာ လိဒ္အတြက္ ပထမဂိုးသြင္းခဲ့တဲ့ ဒဲလ္လက္စ္ကပဲ အႏိုင္ဂိုးကို ထပ္သြင္းသြားတဲ့အတြက္ အိမ္ကြင္းမွာ မန္စီးတီး ငုတ္တုတ္ေမ့ခဲ့ရတာပါ။ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းခ်က္ ၂၉ႀကိမ္ရွိခဲ့ၿပီး ၇ႀကိမ္ဂိုးေပါက္ တည့္ခဲ့တဲ့ မန္စီးတီးထက္ တန္ျပန္တိုက္စစ္နဲ႔ ေဘာလုံးအေပးအယူ ခပ္ျမန္ျမန္သြက္သြက္ ကစားရင္း ကန္သြင္းခ်က္ ၂ႀကိမ္ ဂိုးေပါကတဲ့ ၂ႀကိမ္မွာ ၂ဂိုးရေအာင္သြင္းႏိုင္ခဲ့တဲ့ လိဒ္ကို ခ်ီးက်ဴးရမွာပါ။
ဒီပြဲ ရႈံးသြားေပမယ့္ မန္စီးတီးဟာ ထိပ္ဆုံးမွာ အမွတ္အသာအယာနဲ႔ ဆက္ရွိေနပါတယ္။