ထရာအိုရေးကို လူကပ်ကစားရတာက ရော်နယ်ထက် ပိုခက်ပါတယ် – ဝီလျံ

နယူးကာဆယ်အသင်းရဲ့ နောက်ခံလူ ဂျီထရိုဝီလီယံကတေ့ာ ဝုဗ်တာင်ပံကစားသမား အက်ဒမာထရာအိုရေးကို လူကပ်ကစားရတာက ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်ဒိုကို လူကပ်ကစားရတာထက် ပိုခက်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

နယ်သာလန်သား နောက်ခံလူဟာ သူတို့ ၂ ဦးကို ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

ဝီလီယံဟာ ယူရို ၂၀၁၂ က နယ်သာလန်အသင်းနဲ့ ပေါ်တူဂီအသင်းတိ့ု တွေ့ဆုံကစားခဲ့စဉ်မှာ ရော်နယ်ဒိုရဲ့ခြေထဲက ဘောလုံးကိုဖြတ်ထုတ် ကာကွယ်နိုင်ခဲ့ဖူးပါတယ် ။

မကြာသေးခင်ကတော့ မိုလီနက်စ်ကွင်းမှာ နယူးကာဆယ်အသင်းက ဝုဗ်အသင်းကို ဧည့်သည်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ကာ ဝီလီယံနဲ့ ထရာအိုရေးတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ် ။
အဆိုပါပွဲစဉ်ကတော့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ထိုပွဲစဉ်အပြီးမှာတော့ ဝီလီယံက ဂျက်လေယာဉ်လို မြန်ဆန်တဲ့ ထရာအိုရေးကို ထိန်းချုပ်ရတာက ရော်နယ်ဒိုကို ထိန်းချုပ်ရတာထက် ခက်ခဲတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဝီလီယံတို့တွေ့ဆုံခဲ့တဲ့ ယူရို ၂၀၁၂ ပွဲစဉ်မှာတော့ ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဝီလီယံက ” ကျွန်တော်ရဲ့ကစားသမားဘဝမှာ အရမ်းကောင်းမွန်တဲ့ အချို့သော ကစားသမားတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ဘယ်သူမှ ထရာအိုရေးလောက်တော့ မမြန်ပါဘူး”

“သူက မယုံနိုင်စရာပါပဲ ။ အတိအကျပြောရရင် သားရဲတစ်ကောင်လိုပါပဲ ။ သူက အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်ရုံတင် မကပါဘူး အရမ်းလဲ သန်မာပါတယ်။
ထရာအိုရေးကို အမြန်ဆုံးကစားသမားလိ့ု ပြောကြတာ မှန်ကန်တယ်ဆိုတာ ကျွန်တော်သိသွားပါပြီ “လို့ ပြောသွားခဲ့ပါတယ် ။