ထရန္မဲကို ၆ဂိုးျပတ္အႏိုင္ယူကာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို လွလွပပဖြင့္လွစ္လုိက္တဲ့လီဗာပူး

Photo Credit ; PA

Photo Credit ; Reuters

လီဗာပူးအသင္းဟာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ရဲ႕ပထမဆုံးပြဲအျဖစ္ ယမန္ေန႔ညက ထရန္မဲအသင္းကို ၆-၀ ဂိုးနဲ႔အႏိုင္ယူကာ အဖြင့္လွပခဲ့ပါတယ္။ ပြဲအစ ၆မိနစ္ကတည္းက ညာေနာက္ခံလူ ကလုိင္းရဲ႕ျပင္းထန္အားပါတဲ့ကန္ခ်က္နဲ႔ လီဗာပူးအသင္း ေစာေစာစီးစီးဦးေဆာင္ဂိုးရရွိခဲ့ၿပီး လူငယ္တုိက္စစ္မွဴး ဘ႐ူးစတားက ၂ဂိုးဆက္တုိက္သြင္းယူႏိုင္ခဲ့လုိ႔ ပထမပိုင္းအၿပီးမွာ ၃-၀ ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း လူငယ္ကစားသမား ကာတစ္ဂ်ံဳးစ္၊ တိုက္စစ္မွဴး အိုရီဂီနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဂ်ရတ္ရဲ႕ညီ၀မ္းကြဲ ေဘာ္ဘီဒန္ကန္တို႔က လီဗာပူးအတြက္ ဂိုးေတြ အသီးသီးသြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit ; BPT/REX

လီဗာပူးဟာ ပထမပိုင္းနဲ႔ဒုတိယပိုင္းမွာ ကြဲျပားျခားနားတဲ့လူစာရင္းကို အသုံးျပဳသြားၿပီး ၀ါရင့္ကစားသမားေတြျဖစ္တဲ့ မစ္ဂ္ႏိုလက္၊ မီလ္နာနဲ႔ လယ္လာနာတုိ႔ကို ႐ိုင္ယန္ကန္႔၊ ဘ႐ူးစတားနဲ႔ လာ႐ိုစီတို႔လို လူငယ္ေလးေတြနဲ႔ အသုံးျပဳခဲ့ပါတယ္။ မစ္ဂ္ႏိုလက္က ပထမပိုင္းတစ္ပိုင္းလုံး ခက္ခက္ခဲခဲဖမ္းရတာမရွိသေလာက္ျဖစ္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဂိုးသမား ဂ်ာ႐ို႕စ္က ကာကြယ္မႈေတြျပဳလုပ္ခဲ့ရပါတယ္။ ပြဲအစ ၆မိနစ္မွာ ကလုိင္းက ဂိုးဧရိယာထဲကေန အျပင္းကန္သြင္းယူကာ ဦးေဆာင္ဂိုးရယူႏိုင္ခဲ့ၿပီးေနာက္ ဘ႐ူးစတားက ၂ဂိုးဆက္တုိက္သြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit ; BPT/REX

အဲဒီေနာက္ ဒုတိယပိုင္းျပန္စၿပီး ၉မိနစ္အၾကာမွာ ၀ုဒ္ဘန္းရဲ႕အနိမ့္ေဘာေပးပုိ႔မႈကေန ဂ်ံဳးစ္က လီဗာပူးအတြက္ စတုတၳေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ လူစား၀င္ကစားခဲ့တဲ့ အိုရီဂီက အသင္းေခါင္းေဆာင္လက္ပတ္၀တ္ကစားခဲ့ၿပီး မာတစ္ရဲ႕ေပးပုိ႔မႈကေန အသင္းအတြက္ ပၪၥေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit ; PA

ဒီပြဲမွာ အထူးျခားဆုံးကေတာ့ ဒန္ကန္ျဖစ္ၿပီး သူက စီနီယာကစားသမားဘ၀ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ လီဗာပူးဟာ ပြဲၿပီးဖို႔ ၁၂မိနစ္အလုိမွာ အသက္ ၁၈ႏွစ္အရြယ္သာရွိေသးတဲ့ဂိုးသမား ဒန္နီရယ္အီသာတန္ကိုပါ ပြဲအေတြ႕အႀကံဳရေစဖုိ႔ ထုတ္သုံးသြားပါတယ္။

Photo Credit ; PA

Unicode

ထရန်မဲကို ၆ဂိုးပြတ်အနိုင်ယူကာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လှလှပပဖွင့်လှစ်လိုက်တဲ့လီဗာပူး

လီဗာပူးအသင်းဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ရဲ့ပထမဆုံးပွဲအဖြစ် ယမန်နေ့ညက ထရန်မဲအသင်းကို ၆-၀ ဂိုးနဲ့အနိုင်ယူကာ အဖွင့်လှပခဲ့ပါတယ်။ ပွဲအစ ၆မိနစ်ကတည်းက ညာနောက်ခံလူ ကလိုင်းရဲ့ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ လီဗာပူးအသင်း စောစောစီးစီးဦးဆောင်ဂိုးရရှိခဲ့ပြီး လူငယ်တိုက်စစ်မှူး ဘရူးစတားက ၂ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ၃-၀ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လူငယ်ကစားသမား ကာတစ်ဂျုံးစ်၊ တိုက်စစ်မှူး အိုရီဂီနဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ရဲ့ညီဝမ်းကွဲ ဘော်ဘီဒန်ကန်တို့က လီဗာပူးအတွက် ဂိုးတွေ အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ ပထမပိုင်းနဲ့ဒုတိယပိုင်းမှာ ကွဲပြားခြားနားတဲ့လူစာရင်းကို အသုံးပြုသွားပြီး ဝါရင့်ကစားသမားတွေဖြစ်တဲ့ မစ်ဂ်နိုလက်၊ မီလ်နာနဲ့ လယ်လာနာတို့ကို ရိုင်ယန်ကန့်၊ ဘရူးစတားနဲ့ လာရိုစီတို့လို လူငယ်လေးတွေနဲ့ အသုံးပြုခဲ့ပါတယ်။ မစ်ဂ်နိုလက်က ပထမပိုင်းတစ်ပိုင်းလုံး ခက်ခက်ခဲခဲဖမ်းရတာမရှိသလောက်ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂိုးသမား ဂျာရို့စ်က ကာကွယ်မှုတွေပြုလုပ်ခဲ့ရပါတယ်။ ပွဲအစ ၆မိနစ်မှာ ကလိုင်းက ဂိုးဧရိယာထဲကနေ အပြင်းကန်သွင်းယူကာ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပြီးနောက် ဘရူးစတားက ၂ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် ဒုတိယပိုင်းပြန်စပြီး ၉မိနစ်အကြာမှာ ဝုဒ်ဘန်းရဲ့အနိမ့်ဘောပေးပို့မှုကနေ ဂျုံးစ်က လီဗာပူးအတွက် စတုတ္ထမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ အိုရီဂီက အသင်းခေါင်းဆောင်လက်ပတ်ဝတ်ကစားခဲ့ပြီး မာတစ်ရဲ့ပေးပို့မှုကနေ အသင်းအတွက် ပဉ္စမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အထူးခြားဆုံးကတော့ ဒန်ကန်ဖြစ်ပြီး သူက စီနီယာကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးဟာ ပွဲပြီးဖို့ ၁၂မိနစ်အလိုမှာ အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ဂိုးသမား ဒန်နီရယ်အီသာတန်ကိုပါ ပွဲအတွေ့အကြုံရစေဖို့ ထုတ်သုံးသွားပါတယ်။