ထပ်မံတွေ့ဆုံကြမယ့် ယူနိုက်တက်နဲ့ ဝိန်းရွန်နီ

photo internet

FA Cup ပြန်ကန်ပွဲစဉ်မှာ ဒါဘီ ကောင်တီ အသင်း ဟာ နော်သမ်တန် အသင်း ကို အိမ်ကွင်း မှာ ၄-၂ ရလဒ် နဲ့ အနိုင် ရပြီး နောက်တစ်ဆင့် ကို တက်လာခဲ့ ပါတယ် ။ ဒါကြောင့် လာမယ့် ပဉ္စမ ဆင့် မှာ ဒါဘီ ဟာ ယူနိုက်တက်ကိုအိမ်ကွင်းမှာဧည့်ခံကစားရတော့မှာပဲဖြစ်ပါတယ်။ ဒီပွဲဟာယူနိုက်တက်ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ ဒါဘီကောင်တီ အသင်းနဲ့ လာရောက်ပူးပေါင်းနေတဲ့ ဝိန်းအတွက် FA ဖလား ပဉ္စမအဆင့်မှာ ယူနိက်တက်နဲ့ တွေ့ဆုံမှုက သူ့ကို ဒုတိယအကြိမ်မြောက်ပြိုင်ဘက်ပြန်လည်ဖြစ်စေမှာလည်း ဖြစ်ပါတယ်။ဒါဘီကောင်တီအသင်းဟာ နယ်သာလန် ကစား သမား ဟောင်း ဖိလစ် ကိုကူး ကိုင်တွယ် နေတဲ့ အသင်း ဖြစ်ပြီးယူနိုက်တက် ပရိသတ်တွေ အားပေးခဲ့တဲ့ အသင်း ခေါင်းဆောင် ဟောင်း ဝိန်း ရွန်းနီ ကကစားသမား-နည်းပြအဖြစ်လုပ်ကိုင်နေတဲ့အသင်းဖြစ်ပါတယ် ။

photo internet

ဒါဘီအသင်းနဲ့ နော်သမ်တန် အသင်းတို့ကပထမအကျော့မှာသရေကျခဲ့ပြီး ဒုတိယအကြော့မှာ ဒါဘီက အနိုင်ရခဲ့တဲ့အတွက် ယူနိုက်တက်နဲ့ဒါဘီအသင်းတို့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီပွဲကို ဝိန်းရွန်းနီကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေသလို သူ့ကိုအားပေးခဲ့ကြတဲ့ ယူနိုက်တက် ပရိတ်သတ်တွေကလည်း ရွန်းနီကိုပြန်လည်မြင်တွေ့ အားပေးချင်နေကြတာဖြစ်ပါတယ်။ ရွန်းနီ ဟာ စာချုပ် ကုန်ဆုံး သွားတဲ့ မေဂျာ လိဂ် ကလပ် DC United ကနေ ထွက်ခွာလာခဲ့ပြီး ယခု ဇန်နဝါရီ အပြောင်း အရွှေ့ အတွင်း မှာ ဒါဘီ ကောင်တီ ကို ရောက်လာခဲ့ တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ စတုတ္ထ အဆင့် မှာ ထရန်မဲယား ရိုဗာ အသင်း ကို အဝေးကွင်းမှာ ၆ ဂိုးပြတ် အနိုင် ကစားပြီး နောက်တစ်ဆင့် ကို တက်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

photo internet

အဲဒီပြန်ဆုံတွေ့မယ့် ပွဲနဲ့ပတ်သက်ပြီး ဒါဘီနည်းပြကြိုတင်ပြောခဲ့တာကတော့ “နော်သမ်တန် နဲ့ပွဲမတိုင်ခင် ဒါကိုမေးတော့ တရားဝင်ဖြေကြားရရင် စိတ်မပူပါဘူး။ဒီပွဲပြီးမှမေးရင်တော့ ဟုတ်ပါတယ်လို့ဝန်ခံရပါလိမ့်မယ်။FA ဖလားရဲ့မှော်ပညာဆန်ဆန်အရွေ့ပါပဲ။ဒီတိုက်ဆိုင်မှု့က ပျော်ရွှင်စရာတွေယူဆောင်လာမှာပါ။ အခုလက်ရှိမှာ ယူနိုက်တက်နဲ့ပတ်သက်လို့ဘာမှတွေးတောနေရခြင်းတော့မရှိပါဘူး။ နော်သမ်တန်အသင်းကလည်းဒီလိုပဲဖြစ်ပါ လိမ့်မယ်။နော်သမ်တန်အသင်းနဲ့ရင်ဆိုင်ရတာကသိပ်ခက်ခဲပါတယ်” ဆိုပြီးပြောပါတယ်။ ဝိန်းရွန်းနီဟာ အဲဒီပွဲမှာ စတုတ္ထ မြောက် ဂိုး ကိုလည်း ပင်နယ်တီ ကနေ အမှား အယွင်း မရှိ သွင်းယူ နိုင်ခဲ့ ပါတယ် ။ ရွန်းနီ ဟာ ကွင်းလယ် တိုက်စစ် သမား နေရာ ကနေ ပါဝင် ကစား ခဲ့ပြီး နေရာလွတ် များများ လှုပ်ရှား နိုင်ခဲ့ကာ ကောင်းမွန် သေသပ် တဲ့ ပေးပို့မှု တွေ ၊ ခံစစ် လိုက်ပါ ကူညီမှုတွေ ကို ပြုလုပ် ပေးနိုင် ခဲ့ ပါတယ်။

photo internet

ဒါဘီ ဟာ ပထမပိုင်း မှာ ကတည်းက ၂ – ၀ ရလဒ် နဲ့ ဦးဆောင် နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း မှာ နော်သမ်တန် က ၁ ဂိုး ပြန် ချေပ ပြီး အနိုင်ရလိုရငြားကြိုးစားခဲ့ပေမယ့် ဒါဘီ က ၂ ဂိုး ဆက်တိုက် ထပ်သွင်း သွားခဲ့ တာ ကြောင့် အိမ်ပြန် ရဖို့ သေချာ စေခဲ့ ပါတယ် ။ ပွဲပြီး ခါနီး မှာ ပင်နယ်တီ ကနေ ဒုတိယ ချေပဂိုး ရခဲ့ ပေမယ့် နော်သမ်တန်တို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်နိုင်ခဲ့ပါဘူး။

photo internet

ဝိန်းရွန်းနီဟာ ယူနိက်တက်နဲ့အတူ သွင်းဂိုး၂၅၀ ကျော်ရရှိထားဖူးပြီး အသင်းရဲ့ ဂန္ဓဝင်ကစားသမား တစ်ယောက်လည်းဖြစ်ကာ၊ ပရိသတ်တွေအားပေးချစ်ခင်ခဲ့တဲ့ သရဲနီတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းကိုပြောင်းရွှေ့ခဲ့စဉ်ကလည်း အိုးထရဒ့်ဖိုဒ့်အိမ်ပြန်လမ်းကို ပရိတ်သတ်တွေ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသလို အခုတစ်ခေါက် ပြန်လည်ဆုံတွေ့မှု့ကိုလည်းပရိတ်သတ်တွေက အားပေးကြမှာပါ။FA Cup ပဉ္စမ အဆင့် ပြိုင်ပွဲ တွေ ကို လာမယ့် မတ်လ ၄ ရက် နဲ့ ၅ ရက် နေ့ တွေ မှာ ယှဉ်ပြိုင် ကစား သွား မှာ ဖြစ်ပြီး ဒါဘီ ကောင်တီ နဲ့ ယူနိုက်တက် အသင်း တို့ရဲ့ ပွဲစဉ် ကို တော့ မတ်လ ၆ ရက်နေ့ မှာ ယှဉ်ပြိုင် ကစား ကြမှာပဲ ဖြစ် ပါတယ် ။ ရွန်းနီနဲ့ယူနိုက်တက်တို့ရဲ့တွေ့ဆုံမှုဟာ ဝမ်းသာလွမ်းမောဖွယ်စိတ်ကိုရင်မှာပိုက်ပြီး ကိုယ့်အသင်းအနိုင်ရအောင် အားပြိုင်ကြရမယ့်ပွဲဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ထပ္မံေတြ႕ဆုံၾကမယ့္ ယူႏိုက္တက္နဲ႔ ဝိန္း႐ြန္နီ

FA Cup ျပန္ကန္ပြဲစဥ္မွာ ဒါဘီ ေကာင္တီ အသင္း ဟာ ေနာ္သမ္တန္ အသင္း ကို အိမ္ကြင္း မွာ ၄-၂ ရလဒ္ နဲ႔ အႏိုင္ ရၿပီး ေနာက္တစ္ဆင့္ ကို တက္လာခဲ့ ပါတယ္ ။ ဒါေၾကာင့္ လာမယ့္ ပၪၥမ ဆင့္ မွာ ဒါဘီ ဟာ ယူႏိုက္တက္ကိုအိမ္ကြင္းမွာဧည့္ခံကစားရေတာ့မွာပဲျဖစ္ပါတယ္။ ဒီပြဲဟာယူႏိုက္တက္ပရိသတ္ေတြအတြက္ ပြဲေကာင္းတစ္ပြဲျဖစ္မွာပါ။ ဒါဘီေကာင္တီ အသင္းနဲ႔ လာေရာက္ပူးေပါင္းေနတဲ့ ဝိန္းအတြက္ FA ဖလား ပၪၥမအဆင့္မွာ ယူနိက္တက္နဲ႔ ေတြ႕ဆုံမႈက သူ႔ကို ဒုတိယအႀကိမ္ေျမာက္ၿပိဳင္ဘက္ျပန္လည္ျဖစ္ေစမွာလည္း ျဖစ္ပါတယ္။ဒါဘီေကာင္တီအသင္းဟာ နယ္သာလန္ ကစား သမား ေဟာင္း ဖိလစ္ ကိုကူး ကိုင္တြယ္ ေနတဲ့ အသင္း ျဖစ္ၿပီးယူႏိုက္တက္ ပရိသတ္ေတြ အားေပးခဲ့တဲ့ အသင္း ေခါင္းေဆာင္ ေဟာင္း ဝိန္း ႐ြန္းနီ ကကစားသမား-နည္းျပအျဖစ္လုပ္ကိုင္ေနတဲ့အသင္းျဖစ္ပါတယ္ ။

ဒါဘီအသင္းနဲ႔ ေနာ္သမ္တန္ အသင္းတို႔ကပထမအေက်ာ့မွာသေရက်ခဲ့ၿပီး ဒုတိယအေၾကာ့မွာ ဒါဘီက အႏိုင္ရခဲ့တဲ့အတြက္ ယူႏိုက္တက္နဲ႔ဒါဘီအသင္းတို႔ ေတြ႕ဆုံမွာျဖစ္ပါတယ္။ ဒီပြဲကို ဝိန္း႐ြန္းနီကိုယ္တိုင္ကလည္း စိတ္လႈပ္ရွားေနသလို သူ႔ကိုအားေပးခဲ့ၾကတဲ့ ယူႏိုက္တက္ ပရိတ္သတ္ေတြကလည္း ႐ြန္းနီကိုျပန္လည္ျမင္ေတြ႕ အားေပးခ်င္ေနၾကတာျဖစ္ပါတယ္။ ႐ြန္းနီ ဟာ စာခ်ဳပ္ ကုန္ဆုံး သြားတဲ့ ေမဂ်ာ လိဂ္ ကလပ္ DC United ကေန ထြက္ခြာလာခဲ့ၿပီး ယခု ဇန္နဝါရီ အေျပာင္း အေ႐ႊ႕ အတြင္း မွာ ဒါဘီ ေကာင္တီ ကို ေရာက္လာခဲ့ တာပဲ ျဖစ္ပါတယ္ ။ ယူႏိုက္တက္ ဟာ စတုတၳ အဆင့္ မွာ ထရန္မဲယား ႐ိုဗာ အသင္း ကို အေဝးကြင္းမွာ ၆ ဂိုးျပတ္ အႏိုင္ ကစားၿပီး ေနာက္တစ္ဆင့္ ကို တက္ေရာက္ လာခဲ့တာ ျဖစ္ပါတယ္။

အဲဒီျပန္ဆုံေတြ႕မယ့္ ပြဲနဲ႔ပတ္သက္ၿပီး ဒါဘီနည္းျပႀကိဳတင္ေျပာခဲ့တာကေတာ့ “ေနာ္သမ္တန္ နဲ႔ပြဲမတိုင္ခင္ ဒါကိုေမးေတာ့ တရားဝင္ေျဖၾကားရရင္ စိတ္မပူပါဘူး။ဒီပြဲၿပီးမွေမးရင္ေတာ့ ဟုတ္ပါတယ္လို႔ဝန္ခံရပါလိမ့္မယ္။FA ဖလားရဲ႕ေမွာ္ပညာဆန္ဆန္အေ႐ြ႕ပါပဲ။ဒီတိုက္ဆိုင္မႈ႕က ေပ်ာ္႐ႊင္စရာေတြယူေဆာင္လာမွာပါ။အခုလက္ရွိမွာ ယူႏိုက္တက္နဲ႔ပတ္သက္လို႔ဘာမွေတြးေတာေနရျခင္းေတာ့မရွိပါဘူး။ ေနာ္သမ္တန္အသင္းကလည္းဒီလိုပဲျဖစ္ပါ လိမ့္မယ္။ေနာ္သမ္တန္အသင္းနဲ႔ရင္ဆိုင္ရတာကသိပ္ခက္ခဲပါတယ္”ဆိုၿပီးေျပာပါတယ္။
ဝိန္း႐ြန္းနီဟာ အဲဒီပြဲမွာ စတုတၳ ေျမာက္ ဂိုး ကိုလည္း ပင္နယ္တီ ကေန အမွား အယြင္း မရွိ သြင္းယူ ႏိုင္ခဲ့ ပါတယ္ ။ ႐ြန္းနီ ဟာ ကြင္းလယ္ တိုက္စစ္ သမား ေနရာ ကေန ပါဝင္ ကစား ခဲ့ၿပီး ေနရာလြတ္ မ်ားမ်ား လႈပ္ရွား ႏိုင္ခဲ့ကာ ေကာင္းမြန္ ေသသပ္ တဲ့ ေပးပို႔မႈ ေတြ ၊ ခံစစ္ လိုက္ပါ ကူညီမႈေတြ ကို ျပဳလုပ္ ေပးႏိုင္ ခဲ့ ပါတယ္ ။

ဒါဘီ ဟာ ပထမပိုင္း မွာ ကတည္းက ၂ – ၀ ရလဒ္ နဲ႔ ဦးေဆာင္ ေနခဲ့တာ ျဖစ္ၿပီး ဒုတိယပိုင္း မွာ ေနာ္သမ္တန္ က ၁ ဂိုး ျပန္ ေခ်ပ ၿပီး အႏိုင္ရလိုရျငားႀကိဳးစားခဲ့ေပမယ့္ ဒါဘီ က ၂ ဂိုး ဆက္တိုက္ ထပ္သြင္း သြားခဲ့ တာ ေၾကာင့္ အိမ္ျပန္ ရဖို႔ ေသခ်ာ ေစခဲ့ ပါတယ္ ။ ပြဲၿပီး ခါနီး မွာ ပင္နယ္တီ ကေန ဒုတိယ ေခ်ပဂိုး ရခဲ့ ေပမယ့္ ေနာ္သမ္တန္တို႔ရဲ႕အိပ္မက္ေတြ အေကာင္အထည္မေပၚႏိုင္ခဲ့ပါဘူး။

ဝိန္း႐ြန္းနီဟာ ယူနိက္တက္နဲ႔အတူ သြင္းဂိုး၂၅၀ ေက်ာ္ရရွိထားဖူးၿပီး အသင္းရဲ႕ ဂႏၶဝင္ကစားသမား တစ္ေယာက္လည္းျဖစ္ကာ၊ ပရိသတ္ေတြအားေပးခ်စ္ခင္ခဲ့တဲ့ သရဲနီတစ္ေယာက္လည္း ျဖစ္ခဲ့ပါတယ္။ အဲဗာတန္အသင္းကိုေျပာင္းေ႐ႊ႕ခဲ့စဥ္ကလည္း အိုးထရဒ့္ဖိုဒ့္အိမ္ျပန္လမ္းကို ပရိတ္သတ္ေတြ ေသာင္းေသာင္းျဖျဖႀကိဳဆိုခဲ့ၾကသလို အခုတစ္ေခါက္ ျပန္လည္ဆုံေတြ႕မႈ႕ကိုလည္းပရိတ္သတ္ေတြက အားေပးၾကမွာပါ။FA Cup ပၪၥမ အဆင့္ ၿပိဳင္ပြဲ ေတြ ကို လာမယ့္ မတ္လ ၄ ရက္ နဲ႔ ၅ ရက္ ေန႔ ေတြ မွာ ယွဥ္ၿပိဳင္ ကစား သြား မွာ ျဖစ္ၿပီး ဒါဘီ ေကာင္တီ နဲ႔ ယူႏိုက္တက္ အသင္း တို႔ရဲ႕ ပြဲစဥ္ ကို ေတာ့ မတ္လ ၆ ရက္ေန႔ မွာ ယွဥ္ၿပိဳင္ ကစား ၾကမွာပဲ ျဖစ္ ပါတယ္ ။ ႐ြန္းနီနဲ႔ယူႏိုက္တက္တို႔ရဲ႕ေတြ႕ဆုံမႈဟာ ဝမ္းသာလြမ္းေမာဖြယ္စိတ္ကိုရင္မွာပိုက္ၿပီး ကိုယ့္အသင္းအႏိုင္ရေအာင္ အားၿပိဳင္ၾကရမယ့္ပြဲျဖစ္ပါတယ္။