တွဲကစားဖူးသူတွေထဲမှာ ဒီဘရူနီက အကောင်းဆုံးကွင်းလယ်လူလို့ လူကာကူဖွင့်ဟ

photo-gettyimages

photo-gettyimages

အင်တာမီလန်တိုက်စစ်မှုးလူကာကူက သူ့ကစားသမားဘ၀ တွဲကစားဖူးသူတွေထဲမှာ မန်စီးတီးကြယ်ပွင့်ဒီဘရူနီဟာ အကောင်းဆုံးကွင်းလယ်လူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီဘယ်လ်ဂျီယံသားတိုက်စစ်မှုးဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ အမေးအဖြေအစီအစဉ်လေးတစ်ခုလုပ်ခဲ့တာဖြစ်ပြီး အဲဒီမှာ ဒီဘရူနီဟာ သူတွဲကစားဖူးသူတွေထဲ အကောင်းဆုံးကွင်းလယ်လူလို့ ဆိုခဲ့တာပါ။

photo-gettyimages

အဲဒီမန်ယူတိုက်စစ်မှုးဟောင်းဟာ ၂ နှစ်ကြာအိုးလ်ထရက်ဖို့ဒ်ကစားသမားဘဝမှာ ပေါ့ဂ်ဘာတို့လိုသူတွေနဲ့ တွဲကစားခဲ့ဖူးပေမယ့် သူ့ရဲ့ဘယ်လ်ဂျီယံအသင်းဖော်ကိုသာ အကောင်းဆုံးကွင်းလယ်လူအဖြစ် သတ်မှတ်ခဲ့တာပါ။ ”ဒီဘရူနီပါ။ သူ့နောက်ကျောမှာ မျက်စိတွေရှိနေတယ်ဆိုတာ တကယ်ပါပဲ”လို့ လူကာကူက ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

photo-gettyimages

၂၆ နှစ်အရွယ် လူကာကူဟာ အီတလီက သူ့ရဲ့ပထမဆုံးရာသီမှာ ဂိုးသွင်းခြေစွမ်းပြနေပြီး စီးရီးအေ ၂၄ ပွဲမှာ အင်တာအတွက် ၁၇ ဂိုးသွင်းယူပေးထားပါတယ်။ Instgram ပေါ်က အမေးအဖြေအစီအစဉ်မှာ လူကာကူဟာ တခြားအကြောင်းအရာများစွာကိုလည်း ဖြေကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သူဟာ အဲဗာတန်အသင်းဖော်ဟောင်းဘိုလာဆီကို ဘောလုံးမှာရော ဘဝမှာပါ အကောင်းဆုံးသူငယ်ချင်းအဖြစ် ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် အင်တာတိုက်စစ်ကစားဖော် လော်တာရိုမာတီနက်ဇ်ကိုလည်း မြင်ဖူးသမျှ အကောင်းဆုံးအရည်အသွေးရှိသူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

[Zawgyi]

တြဲကစားဖူးသူေတြထဲမွာ ဒီဘရူနီက အေကာင္းဆုံးကြင္းလယ္လူလို႔ လူကာကူဖြင့္ဟ

အင္တာမီလန္တိုက္စစ္မႈးလူကာကူက သူ႔ကစားသမားဘ၀ တြဲကစားဖူးသူေတြထဲမွာ မန္စီးတီးၾကယ္ပြင့္ဒီဘရူနီဟာ အေကာင္းဆုံးကြင္းလယ္လူျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ အဲဒီဘယ္လ္ဂ်ီယံသားတုိက္စစ္မႈးဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ အေမးအေျဖအစီအစဥ္ေလးတစ္ခုလုပ္ခဲ့တာျဖစ္ၿပီး အဲဒီမွာ ဒီဘရူနီဟာ သူတြဲကစားဖူးသူေတြထဲ အေကာင္းဆုံးကြင္းလယ္လူလို႔ ဆိုခဲ့တာပါ။

အဲဒီမန္ယူတိုက္စစ္မႈးေဟာင္းဟာ ၂ ႏွစ္ၾကာအိုးလ္ထရက္ဖို႔ဒ္ကစားသမားဘ၀မွာ ေပါ့ဂ္ဘာတို႔လိုသူေတြနဲ႔ တြဲကစားခဲ့ဖူးေပမယ့္ သူ႔ရဲ႕ဘယ္လ္ဂ်ီယံအသင္းေဖာ္ကိုသာ အေကာင္းဆုံးကြင္းလယ္လူအျဖစ္ သတ္မွတ္ခဲ့တာပါ။ ”ဒီဘရူနီပါ။ သူ႔ေနာက္ေက်ာမွာ မ်က္စိေတြရွိေနတယ္ဆိုတာ တကယ္ပါပဲ”လုိ႔ လူကာကူက ျပန္လည္ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

၂၆ ႏွစ္အရြယ္ လူကာကူဟာ အီတလီက သူ႔ရဲ႕ပထမဆုံးရာသီမွာ ဂိုးသြင္းေျခစြမ္းျပေနၿပီး စီးရီးေအ ၂၄ ပြဲမွာ အင္တာအတြက္ ၁၇ ဂိုးသြင္းယူေပးထားပါတယ္။ Instgram ေပၚက အေမးအေျဖအစီအစဥ္မွာ လူကာကူဟာ တျခားအေၾကာင္းအရာမ်ားစြာကိုလည္း ေျဖၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီမွာ သူဟာ အဲဗာတန္အသင္းေဖာ္ေဟာင္းဘုိလာဆီကို ေဘာလုံးမွာေရာ ဘ၀မွာပါ အေကာင္းဆုံးသူငယ္ခ်င္းအျဖစ္ ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ အင္တာတုိက္စစ္ကစားေဖာ္ ေလာ္တာရုိမာတီနက္ဇ္ကိုလည္း ျမင္ဖူးသမွ် အေကာင္းဆုံးအရည္အေသြးရွိသူေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။