တွဲကစားချင်ဆုံး အနားယူပြီးသားဘောလုံးသမားအဖြစ် လမ်းပတ်ကို ဟာလန်းရွေးချယ်

photo-daily mail

photo-gettyimages

ဒေ့ါမန်ကြယ်ပွင့်ဟာလန်းဟာ အမေးအဖြေအစီအစဉ်တစ်ခုမှာ သူတွဲကစားချင်ဆုံးအနားယူပြီးသားဘောလုံးသမားအဖြစ် လက်ရှိချဲလ်ဆီးနည်းပြလမ်းပတ်ကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။ အဲဒီနော်ဝေသားလေးဟာ အခုရာသီချန်ပီယံလိဂ်က အံ့မခန်းဂိုးသွင်းခြေစွမ်းကြောင့် နာမည်ကျော်ကြားခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ သြစတြီးယားကလပ်ဆဲလ်ဘတ်ကနေ ဒေါ့မန်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့အတွက် နယ်မြေသစ်ဖြစ်တဲ့ ဂျာမနီမှာလည်း ဟာလန်းဟာ ဆက်လက်ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။

photo-gettyimages

သူဟာ ဒေါ့မန်ကိုရောက်သွားပေမယ့် မန်ယူနဲ့ သတင်းတွေအတော်လေးထွက်ခဲ့သေးတာပါ။ ဒေါ့မန်ကိုရောက်တာ ဘာမှမကြာသေးပေမယ့် ဥရောပက အသင်းကြီးအတော်များများဟာ ခေါ်ယူရေးအတွက် ဟာလန်းရဲ့တိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြဆဲပါပဲ။ ၁၉ နှစ်သာရှိသေးတဲ့ဟာလန်းဟာ မကြာသေးခင်က Instagram ပေါ်မှာ ESPN သတင်းဌာနနဲ့ အမေးအဖြေအစီအစဉ်လေးတစ်ခု လုပ်ခဲ့ပါတယ်။

photo-instagram

အဲဒီမှာ အနားယူပြီးသားဘောလုံးသမားတွေထဲက ဘယ်သူနဲ့တွဲကစားချင်ဆုံးလဲလို့ မေးမြန်းတော့ ဟာလန်းက ဖရန့်လမ်းပတ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ အဲဒီချဲလ်ဆီးနည်းပြဟာ ကစားသမားဘဝက ကွင်းလယ်လူဖြစ်ပေမယ့် သူလက်ရှိကိုင်နေတဲ့အသင်းအတွက် ၂၁၁ ဂိုးသွင်းခဲ့တာကြောင့် ချဲလ်ဆီးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ်လည်း စံချိတင်ထားတာပါ။ ဟာလန်းဟာ ကစားသမားဘ၀ အခက်ခဲဆုံးပြိုင်ဘက်နဲ့ ၂၀၂၅ မှာ Ballon d’Or ဆုကိုဘယ်သူရမလဲဆိုတဲ့မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။ အခက်ခဲဆုံးပြိုင်ဘက်အဖြစ် လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ကိုရွေးချယ်ခဲ့ပြီး ၂၀၂၅ Ballon d’Or ဆုအတွက်တော့ သူကိုယ်တိုင်ထက် မက်ဆီကိုသာ ရွေးချယ်ခဲ့ပါတယ်။

[Zawgyi]

တြဲကစားခ်င္ဆုံး အနားယူၿပီးသားေဘာလုံးသမားအျဖစ္ လမ္းပတ္ကို ဟာလန္းေရြးခ်ယ္

ေဒ့ါမန္ၾကယ္ပြင့္ဟာလန္းဟာ အေမးအေျဖအစီအစဥ္တစ္ခုမွာ သူတြဲကစားခ်င္ဆုံးအနားယူၿပီးသားေဘာလုံးသမားအျဖစ္ လက္ရွိခ်ဲလ္ဆီးနည္းျပလမ္းပတ္ကို ေရြးခ်ယ္လုိက္ေၾကာင္း သိရပါတယ္။ အဲဒီေနာ္ေ၀သားေလးဟာ အခုရာသီခ်န္ပီယံလိဂ္က အံ့မခန္းဂိုးသြင္းေျခစြမ္းေၾကာင့္ နာမည္ေက်ာ္ၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္ကေန ေဒါ့မန္ကိုေျပာင္းေရႊ႕သြားခဲ့ပါတယ္။ သူ႔အတြက္ နယ္ေျမသစ္ျဖစ္တဲ့ ဂ်ာမနီမွာလည္း ဟာလန္းဟာ ဆက္လက္ဂုိးသြင္းေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

သူဟာ ေဒါ့မန္ကိုေရာက္သြားေပမယ့္ မန္ယူနဲ႔ သတင္းေတြအေတာ္ေလးထြက္ခဲ့ေသးတာပါ။ ေဒါ့မန္ကိုေရာက္တာ ဘာမွမၾကာေသးေပမယ့္ ဥေရာပက အသင္းႀကီးအေတာ္မ်ားမ်ားဟာ ေခၚယူေရးအတြက္ ဟာလန္းရဲ႕တိုးတက္မႈအေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၾကဆဲပါပဲ။ ၁၉ ႏွစ္သာရွိေသးတဲ့ဟာလန္းဟာ မၾကာေသးခင္က Instagram ေပၚမွာ ESPN သတင္းဌာနနဲ႔ အေမးအေျဖအစီအစဥ္ေလးတစ္ခု လုပ္ခဲ့ပါတယ္။

အဲဒီမွာ အနားယူၿပီးသားေဘာလုံးသမားေတြထဲက ဘယ္သူနဲ႔တြဲကစားခ်င္ဆုံးလဲလုိ႔ ေမးျမန္းေတာ့ ဟာလန္းက ဖရန္႔လမ္းပတ္လုိ႔ ျပန္လည္ေျဖၾကားခဲ့တာပါ။ အဲဒီခ်ဲလ္ဆီးနည္းျပဟာ ကစားသမားဘ၀က ကြင္းလယ္လူျဖစ္ေပမယ့္ သူလက္ရွိကိုင္ေနတဲ့အသင္းအတြက္ ၂၁၁ ဂိုးသြင္းခဲ့တာေၾကာင့္ ခ်ဲလ္ဆီးသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္လည္း စံခ်ိတင္ထားတာပါ။ ဟာလန္းဟာ ကစားသမားဘ၀ အခက္ခဲဆုံးၿပိဳင္ဘက္နဲ႔ ၂၀၂၅ မွာ Ballon d’Or ဆုကိုဘယ္သူရမလဲဆုိတဲ့ေမးခြန္းေတြကိုလည္း ေျဖၾကားခဲ့ပါတယ္။ အခက္ခဲဆုံးၿပိဳင္ဘက္အျဖစ္ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ကိုေရြးခ်ယ္ခဲ့ၿပီး ၂၀၂၅ Ballon d’Or ဆုအတြက္ေတာ့ သူကိုယ္တိုင္ထက္ မက္ဆီကိုသာ ေရြးခ်ယ္ခဲ့ပါတယ္။