တွေ့တိုင်း မန်ယူတစ်ခါမှ မနိုင်ခဲ့တဲ့ ဆီဗီလာနဲ့ပတ်သက်ပြီး သူ့ကောင်တွေကို တန်ဟက်သတိပေး

မန်ယူနည်းပြအဲရစ်တန်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပြိုင်ဘက်

ဆီဗီလာနဲ့ပတ်သက်ပြီး သူ့အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

အဲဒီစပိန်ကလပ်ဟာ ဒီရာသီပြည်တွင်းမှာ ရုန်းကန်နေရပြီး အဆင့် ၁၃

ဆိုပေမယ့် အဆင့် ၁၉ က အယ်မာရီးယားထက် ၃ မှတ်သာ ပိုသာတာပါ။

ဒါပေမဲ့လည်း တန်ဟက်ကတော့ ယူရိုပါလိဂ်မှာ ဆီဗီလာရဲ့အစဉ်အလာ

ကြီးမားခဲ့ပုံကို ထောက်ပြခဲ့ပါတယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်ရဲ့

အအောင်မြင်ဆုံးအသင်းဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ စံချိန်တင် ၆ ကြိမ်တိုင်ဗိုလ်စွဲခဲ့တာပါ။

အဲဒါကြောင့်လည်း တန်ဟက်က ”ဒုတိယအကျော့က အဝေးကွင်းမှာဖြစ်သလို

ဆီဗီလာက ဒီပြိုင်ပွဲမှာ အရမ်းမှတ်တမ်းကောင်းတဲ့အသင်းဖြစ်လို့

ကျွန်တော်တို့ သတိထားရမှာပါ။ ဒီပွဲက ခက်ခဲမှာပါ။

ဘာကြောင့်လဲဆို သူတို့က ယူရိုပါလိဂ်မှာ တကယ်ကိုအတွေ့အကြုံရင့်ပြီး

အကြိမ်အများကြီးဗိုလ်စွဲခဲ့တာပါ။ သူတို့အသင်းအကြောင်းကို

အသေးစိတ်မသိလို့ ကျွန်တော်လည်း အာရုံစိုက်ရမှာပါ။

ယူရိုပါလိဂ်ရဲ့ဒီအဆင့်ကိုရောက်လာတဲ့ ပြိုင်ဘက်အားလုံးဟာ

တောင့်တင်းပြီး နောက်တစ်ဆင့်တက်ချင်ရင် ကိုယ့်ဘက်က

အကောင်းဆုံးကစားနိုင်မှဖြစ်မှာလို့ ထင်ပါတယ်။ အထူးသဖြင့် ဆီဗီလာနဲ့

ရင်ဆိုင်ချိန်မှာပေါ့”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့အဆင့်မှာပဲ ဆီဗီလာရဲ့မြိ့ခံပြိုင်ဘက်တစ်ကို

နှစ်ကျော့စလုံးအနိုင်ယူကျော်ဖြတ်လာခဲ့တာပါ။

ဒါပေမဲ့ ဆီဗီလာနဲ့ဥရောပအဆင့် အရင်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာတော့

တစ်ခါမှ အနိုင်ရခဲ့ပါဘူး။ ၂၀၂၀ ယူရိုပါလိဂ်ဆီမီးတုန်းက ဆီဗိလာနဲ့

ရင်ဆိုင်တွေ့တော့ တစ်ကျော့တည်းကစားတဲ့ ဂျာမနီကပွဲမှာ ၂-၁ နဲ့ရှုံးပြီး

ဗိုလ်လုပွဲနဲ့လွဲခဲ့ရတယ်။ အဲဒီအရင် ၂၀၁၈ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ

တွေ့တုန်းကလည်း နှစ်ကျော့စလုံးမနိုင်ခဲ့ဘဲ ၂-၁ နဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

zawgyi

ေတြ႕တိုင္း မန္ယူတစ္ခါမွ မႏိုင္ခဲ့တဲ့ ဆီဗီလာနဲ႔ပတ္သက္ၿပီး သူ႔ေကာင္ေတြကို တန္ဟက္သတိေပး

မန္ယူနည္းျပအဲရစ္တန္ဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ၿပိဳင္ဘက္

ဆီဗီလာနဲ႔ပတ္သက္ၿပီး သူ႔အသင္းသားေတြကို သတိေပးလိုက္ပါတယ္။

အဲဒီစပိန္ကလပ္ဟာ ဒီရာသီျပည္တြင္းမွာ ႐ုန္းကန္ေနရၿပီး အဆင့္ ၁၃

ဆိုေပမယ့္ အဆင့္ ၁၉ က အယ္မာရီးယားထက္ ၃ မွတ္သာ ပိုသာတာပါ။

ဒါေပမဲ့လည္း တန္ဟက္ကေတာ့ ယူ႐ိုပါလိဂ္မွာ ဆီဗီလာရဲ႕အစဥ္အလာ

ႀကီးမားခဲ့ပုံကို ေထာက္ျပခဲ့ပါတယ္။ ဆီဗီလာဟာ ယူ႐ိုပါလိဂ္ရဲ႕

အေအာင္ျမင္ဆုံးအသင္းျဖစ္ၿပီး အဲဒီၿပိဳင္ပြဲမွာ စံခ်ိန္တင္ ၆ ႀကိမ္တိုင္ဗိုလ္စြဲခဲ့တာပါ။

အဲဒါေၾကာင့္လည္း တန္ဟက္က ”ဒုတိယအေက်ာ့က အေဝးကြင္းမွာျဖစ္သလို

ဆီဗီလာက ဒီၿပိဳင္ပြဲမွာ အရမ္းမွတ္တမ္းေကာင္းတဲ့အသင္းျဖစ္လို႔

ကြၽန္ေတာ္တို႔ သတိထားရမွာပါ။ ဒီပြဲက ခက္ခဲမွာပါ။

ဘာေၾကာင့္လဲဆို သူတို႔က ယူ႐ိုပါလိဂ္မွာ တကယ္ကိုအေတြ႕အႀကဳံရင့္ၿပီး

အႀကိမ္အမ်ားႀကီးဗိုလ္စြဲခဲ့တာပါ။ သူတို႔အသင္းအေၾကာင္းကို

အေသးစိတ္မသိလို႔ ကြၽန္ေတာ္လည္း အာ႐ုံစိုက္ရမွာပါ။

ယူ႐ိုပါလိဂ္ရဲ႕ဒီအဆင့္ကိုေရာက္လာတဲ့ ၿပိဳင္ဘက္အားလုံးဟာ

ေတာင့္တင္းၿပီး ေနာက္တစ္ဆင့္တက္ခ်င္ရင္ ကိုယ့္ဘက္က

အေကာင္းဆုံးကစားႏိုင္မွျဖစ္မွာလို႔ ထင္ပါတယ္။ အထူးသျဖင့္ ဆီဗီလာနဲ႔

ရင္ဆိုင္ခ်ိန္မွာေပါ့”လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ့အဆင့္မွာပဲ ဆီဗီလာရဲ႕ၿမိ့ခံၿပိဳင္ဘက္တစ္ကို

ႏွစ္ေက်ာ့စလုံးအႏိုင္ယူေက်ာ္ျဖတ္လာခဲ့တာပါ။

ဒါေပမဲ့ ဆီဗီလာနဲ႔ဥေရာပအဆင့္ အရင္ေတြ႕ဆုံမႈ ၃ ႀကိမ္စလုံးမွာေတာ့

တစ္ခါမွ အႏိုင္ရခဲ့ပါဘူး။ ၂၀၂၀ ယူ႐ိုပါလိဂ္ဆီမီးတုန္းက ဆီဗိလာနဲ႔

ရင္ဆိုင္ေတြ႕ေတာ့ တစ္ေက်ာ့တည္းကစားတဲ့ ဂ်ာမနီကပြဲမွာ ၂-၁ နဲ႔ရႈံးၿပီး

ဗိုလ္လုပြဲနဲ႔လြဲခဲ့ရတယ္။ အဲဒီအရင္ ၂၀၁၈ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ

ေတြ႕တုန္းကလည္း ႏွစ္ေက်ာ့စလုံးမႏိုင္ခဲ့ဘဲ ၂-၁ နဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတာပါ။