တွမ်ဇီဘီ နဲ့ ဖိုဆုမန်ဆာ တို့နဲ့ပတ်သက်တဲ့သတင်းများ…….

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူ တွမ်ဇီဘီကတော့ ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက်နည်းပြ ဆိုးလ်ရှားရဲ့ လူစာရင်းမှာပါဝင်ခွင့်ရဖို့ ဖိအားပေး၊ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တွမ်ဇီဘီက အနာဂတ်မှာ ယူနိုက်တက်အသင်းကို အဓိက ဦးဆောင်နိုင်တဲ့ ကစားသမားလည်း ဖြစ်လိုကြောင်း ဆိုပါတယ်။
“သေသေချာချာမပြောနိုင်ပေမယ့် ကျွန်တော့်အနေနဲ့ အသင်းကိုဦးဆောင်နိုင်တဲ့ အသင်း ခေါင်းဆောင်ဖြစ် လိုပါတယ်။အသင်းကို ပြောင်းလဲနိုင်တဲ့သူမျိုးပေါ့။ ဘောလုံးကစားတဲ့အခါမှာ အပြင်လူတွေမမြင်နိုင်တဲ့ ပြဿနာတွေအများကြီးရှိပါတယ်။

photo internet

ကျွန်တော်ကတော့ လူငယ်ကစားသမားတွေကို အမြဲလိုလိုပြောထားပါတယ်။ သူတို့အနေနဲ့တစ်ခုခုပြောဖို့လိုရင်၊ တစ်ယောက်ယောက်ကို စကားပြောဖို့ လိုအပ်ရင် ကျွန်တော့်ကိုပြောပါဆိုပြီး သူတို့ိကိုပြောထားပါတယ်။ ဘာကြောင့်လဲဆိုရင် လူငယ်အစုအဖွဲ့တွေနဲ့ ကျွန်တော်က ကြီးပြင်းခဲ့ရတာလေ။ ဘောလုံးသမားတွေအနေနဲ့ ကွင်းပြင်က သက်ရောက်မှုက ကွင်းထဲအထိ အကျိုးသက်ရောက်မှုရှိ နိုင်ပါတယ်။ ကျွန်တော်တို့အသင်းသားတွေ လုပ်ဆောင်နိုင်စွမ်းရာနှုန်းပြည့်ရှိမယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ပိုကောင်းတဲ့အသင်းဖြစ်လာမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဗီလာကို အငှား သွားကစားရတုန်းက အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်ကတော့ပုဂ္ဂလိက ခံစားချက်တွေ မထားပါဘူး။ ကစားဖော်တွေက ကျွန်တော့်ကို ပိုကောင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဘောလုံးလောကမှာ လွဲချော်နေတာတွေ အများကြီးပါပဲ။

photo internet

လူတွေဟာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ထားလေ့ ရှိကြပါတယ်။ ဒါပေမယ့် ကွင်းထဲကို ရောက်သွားတဲ့ အချိန်မှာတော့ ပရော်ဖက်ရှင်နယ် ဖြစ်သွားပါပြီ။ ကျွန်တော်တို့အလုပ်ကို အကောင်းဆုံးလုပ်ဖို့လိုအပ်ပါတယ်။ အဲလိုမလုပ်ဘူးဆိုရင် အပြောခံရမှာအသေအချာပါပဲ။ အခုဆိုရင် အဝတ်လဲခန်းက တော်တော်များများပြောင်းလဲသွား ခဲ့ပါပြီ။ အသင်းကထွက်သွားတဲ့ကစားသမားတွေရှိသလို အသစ်ရောက်လာတဲ့ကစားသမားတွေရှိပါတယ်။ ဒါကြောင့် လူတိုင်းဆီကတော့ အမြဲတမ်းအကြံဉာဏ် မရယူနိုင်ပါဘူး။ ဒါတွေဟာ ဘောလုံးလောကမှာ ပုံမှန်ဖြစ်နေကျအခြေအနေတွေပါပဲ။ ဒါပေမယ့် တစ်ယောက်ယောက်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့အတွက် ကွင်းပြင်ပမှာလုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်ဆိုရင် လူငယ်ကစားသမားတွေအများကြီးနဲ့ အမြဲလိုလို အဆက်အသွယ်ရှိပါတယ်။ သူတို့ဆီကို အမြဲလိုလိုရောက်ဖြစ်ပါတယ်။ သူတို့လေးတွေကစားတာကြည့်ရတာကိုလည်း ကြိုက်ပါတယ်။ ဖိုဆုမန်ဆာ ၊ တော်မီနေး နဲ့ ရက်ရှ်ဖို့ဒ် တို့ကလည်း ဒီလို စနစ်တစ်ခုတည်းက လာကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ချိန်တည်းမှာ တူညီတဲ့အတွေ့အကြုံတွေရှိခဲ့ကြလို့ ရင်းနှီးခဲ့ကြတာပါ။”ဆိုပြီး တွမ်ဇီဘီကပြောပါတယ်။ တွမ်ဇီဘီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့လ့ို အနားယူခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ကြုံခိုင်မှု ပြန်လည် ပြည့်ဝလာပြီး ယူနိုက်တက်ရဲ့ U23 အသင်းနဲ့အတူ ပွဲထွက်နိုင်ခဲ့ပါတယ်။

photo internet

ယူနိုက်တက်အသင်းရဲ့နောက်ခံလူ ဖိုဆုမန်ဆာကတော့ အဲရစ်ဘိုင်လီရဲ့ကောင်းကြောင်းတွေကိုပြောဆိုထား ပါတယ်။ ဘိုင်လီနဲ့မန်ဆာတို့ဟာ ဒီနှစ်ရာသီ အစပိုင်းကတည်း ကာလကြာရှည် ဒဏ်ရာပြဿနာတွေရှိနေခဲ့ပြီး အသင်းမှာ ပါဝင်ကစား ခဲ့ရခြင်းမရှိပါဘူး။ ဘိုင်လီကတော့ ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ပွဲ ၊ ကလပ်ဘရုဂျ်တို့နဲ့ပွဲတွေမှာ စီနီယာအသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ပြီး မန်ဆာကလည်း ယူ ၂၃ ပွဲစဉ်မှာပြန်ကစားနိုင်နေပါပြီ။ “ဘိုင်လီက အသင်းဖော်ကောင်းတစ်ယောက်ပါ။ သူဟာ ကျွန်တော့်အတွက်တော့ အစ်ကိုတစ်ယောက် လိုပါပဲ။ ကျွန်တော် ဆိုးတဲ့ အချိန်တွေမှာ သူကကျွန်တော့်ကိုဖေးမကူညီခဲ့သလို၊ ကောင်းတဲ့အချိန်တွေမှာလည်း အတူတူရှိပေးခဲ့ သူတစ်ယောက်ပါ။ သူ ဒဏ်ရာကပြန်လည်သက်သာလာလို့ ကျွန်တော်ဝမ်းသာရပါတယ်။ ချယ်ဆီးနဲ့ ပွဲ ၊ ကလပ်ဘရုချ်နဲ့ပွဲတွေမှာ သူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

photo internet

ကျွန်တော်တို့တွေ အချိန်အကြာကြီး အတူတကွ အလုပ်ကြိုးစားခဲ့ကြပါတယ်။ မှောင်မိုက်တဲ့နေ့ရက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မှောင်မိုက်ပြီးရင် အခြားတစ်ဖက်မှာ အလင်းရောင်ရှိတယ်ဆိုတာကိုသိခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်တွေချမှတ်ကာ ကြိုးစားပြီး အလုပ်တွေ လုပ်ဆောင်သွားရပါမယ်။ အခုကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးကောင်းမွန်ပြီး အလုပ်ကြိုးစားဖို့ပါပဲ”ဆိုပြီး ဖိုဆုမန်ဆာကပြောထားပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

တြမ္ဇီဘီ နဲ႔ ဖိုဆုမန္ဆာ တို႔နဲ႔ပတ္သက္တဲ့သတင္းမ်ား…….

ယူႏိုက္တက္ရဲ႕ ဗဟိုေနာက္ခံလူ တြမ္ဇီဘီကေတာ့ ဒဏ္ရာက ျပန္လည္သက္သာလာၿပီးေနာက္နည္းျပ ဆိုးလ္ရွားရဲ႕ လူစာရင္းမွာပါ၀င္ခြင့္ရဖို႔ ဖိအားေပး၊ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ တြမ္ဇီဘီက အနာဂတ္မွာ ယူႏိုက္တက္အသင္းကို အဓိက ဦးေဆာင္ႏိုင္တဲ့ ကစားသမားလည္း ျဖစ္လိုေၾကာင္း ဆိုပါတယ္။
“ေသေသခ်ာခ်ာမေျပာႏိုင္ေပမယ့္ ကၽြန္ေတာ့္အေနနဲ႔ အသင္းကိုဦးေဆာင္ႏိုင္တဲ့ အသင္း ေခါင္းေဆာင္ျဖစ္ လိုပါတယ္။အသင္းကို ေျပာင္းလဲႏိုင္တဲ့သူမ်ိဳးေပါ့။ ေဘာလုံးကစားတဲ့အခါမွာ အျပင္လူေတြမျမင္ႏိုင္တဲ့ ျပႆနာေတြအမ်ားႀကီးရိွပါတယ္။ ကၽြန္ေတာ္ကေတာ့ လူငယ္ကစားသမားေတြကို အၿမဲလိုုလိုေျပာထားပါတယ္။ သူတို႔အေနနဲ႔တစ္ခုခုေျပာဖို႔လုိရင္၊ တစ္ေယာက္ေယာက္ကို စကားေျပာဖို႔ လုိအပ္ရင္ ကၽြန္ေတာ့္ကိုေျပာပါဆိုၿပီး သူတို႔ိကိုေျပာထားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လူငယ္အစုအဖြဲ႕ေတြနဲ႔ ကၽြန္ေတာ္က ႀကီးျပင္းခဲ့ရတာေလ။ ေဘာလုံးသမားေတြအေနနဲ႔ ကြင္းျပင္က သက္ေရာက္မႈက ကြင္းထဲအထိ အက်ိဳးသက္ေရာက္မႈရွိ ႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔အသင္းသားေတြ လုပ္ေဆာင္ႏိုင္စြမ္းရာႏႈန္းျပည့္ရိွမယ္ဆိုရင္ ယူႏိုက္တက္အေနနဲ႔ ပိုေကာင္းတဲ့အသင္းျဖစ္လာမွာျဖစ္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ဗီလာကုိ အငွား သြားကစားရတုန္းက အေတြ႕အႀကံဳေတြ အမ်ားႀကီးရခဲ့ပါတယ္။ ကၽြန္ေတာ္ကေတာ့ပုဂၢလိက ခံစားခ်က္ေတြ မထားပါဘူး။ ကစားေဖာ္ေတြက ကၽြန္ေတာ့္ကုိ ပုိေကာင္းဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။ ေဘာလံုးေလာကမွာ လြဲေခ်ာ္ေနတာေတြ အမ်ားႀကီးပါပဲ။ လူေတြဟာ ပုဂၢဳိလ္ေရး ခံစားခ်က္ေတြ ထားေလ့ ရွိၾကပါတယ္။ ဒါေပမယ့္ ကြင္းထဲကို ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ ပေရာ္ဖက္ရွင္နယ္ ျဖစ္သြားပါၿပီ။ ကၽြန္ေတာ္တို႔အလုပ္ကို အေကာင္းဆုံးလုပ္ဖို႔လိုအပ္ပါတယ္။ အဲလိုမလုပ္ဘူးဆိုရင္ အေျပာခံရမွာအေသအခ်ာပါပဲ။ အခုဆိုရင္ အ၀တ္လဲခန္းက ေတာ္ေတာ္မ်ားမ်ားေျပာင္းလဲသြားခဲ့ပါၿပီ။ အသင္းကထြက္သြားတဲ့ကစားသမားေတြရွိသလို အသစ္ေရာက္လာတဲ့ကစားသမားေတြရွိပါတယ္။ ဒါေၾကာင့္ လူတိုင္းဆီကေတာ့ အၿမဲတမ္းအၾကံဉာဏ္ မရယူႏိုင္ပါဘူး။ ဒါေတြဟာ ေဘာလုံးေလာကမွာ ပုံမွန္ျဖစ္ေနက်အေျခအေနေတြပါပဲ။ ဒါေပမယ့္ တစ္ေယာက္ေယာက္နဲ႔ရင္းႏွီးတဲ့ဆက္ဆံေရးတည္ေဆာက္ဖို႔အတြက္ ကြင္းျပင္ပမွာလုပ္ေဆာင္ႏိုင္ပါတယ္။ ကၽြန္ေတာ္ဆိုရင္ လူငယ္ကစားသမားေတြအမ်ားႀကီးနဲ႔ အၿမဲလိုုလိုအဆက္အသြယ္ရွိပါတယ္။ သူတို႔ဆီကို အၿမဲလိုလိုေရာက္ျဖစ္ပါတယ္။ သူတို႔ေလးေတြကစားတာၾကည့္ရတာကိုလည္း ႀကိဳက္ပါတယ္။ ဖိုဆုမန္ဆာ ၊ ေတာ္မီေနး နဲ႔ ရက္ရွ္ဖို႔ဒ္ တို႔ကလည္း ဒီလို စနစ္တစ္ခုတည္းက လာၾကတာပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ တစ္ခ်ိန္တည္းမွာ တူညီတဲ့အေတြ႕အၾကဳံေတြရွိခဲ့ၾကလို႔ ရင္းႏွီးခဲ့ၾကတာပါ။”ဆိုၿပီး တြမ္ဇီဘီကေျပာပါတယ္။ တြမ္ဇီဘီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့လ႔ို အနားယူခဲ့ရတာျဖစ္ပါတယ္။ အခုေတာ့ ၾကံဳခိုင္မႈ ျပန္လည္ ျပည့္၀လာၿပီး ယူႏိုက္တက္ရဲ႕ U23 အသင္းနဲ႔အတူ ပြဲထြက္ႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ေနာက္ခံလူ ဖိုဆုမန္ဆာကေတာ့ အဲရစ္ဘိုင္လီရဲ႕ေကာင္းေၾကာင္းေတြကိုေျပာဆိုထား ပါတယ္။ ဘိုင္လီနဲ႔မန္ဆာတို႔ဟာ ဒီႏွစ္ရာသီ အစပိုင္းကတည္း ကာလၾကာရွည္ ဒဏ္ရာျပႆနာေတြရွိေနခဲ့ၿပီး အသင္းမွာ ပါ၀င္ကစား ခဲ့ရျခင္းမရွိပါဘူး။ ဘိုင္လီကေတာ့ ၿပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႔ပြဲ ၊ ကလပ္ဘ႐ုဂ်္တို႔နဲ႔ပြဲေတြမွာ စီနီယာအသင္းရဲ႕လူစာရင္းမွာ ပါ၀င္ခဲ့ၿပီး မန္ဆာကလည္း ယူ ၂၃ ပဲြစဥ္မွာျပန္ကစားႏိုင္ေနပါၿပီ။ “ဘိုင္လီက အသင္းေဖာ္ေကာင္းတစ္ေယာက္ပါ။ သူဟာ ကၽြန္ေတာ့္အတြက္ေတာ့ အစ္ကိုတစ္ေယာက္ လိုပါပဲ။ ကၽြန္ေတာ္ ဆိုးတဲ့ အခ်ိန္ေတြမွာ သူကကၽြန္ေတာ့္ကိုေဖးမကူညီခဲ့သလုိ၊ ေကာင္းတဲ့အခ်ိန္ေတြမွာလည္း အတူတူရိွေပးခဲ့ သူတစ္ေယာက္ပါ။ သူ ဒဏ္ရာကျပန္လည္သက္သာလာလို႔ ကၽြန္ေတာ္၀မ္းသာရပါတယ္။ ခ်ယ္ဆီးနဲ႔ ပြဲ ၊ ကလပ္ဘ႐ုခ်္နဲ႔ပြဲေတြမွာ သူေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ေတြ အခ်ိန္အၾကာႀကီး အတူတကြ အလုပ္ႀကိဳးစားခဲ့ၾကပါတယ္။ ေမွာင္မိုက္တဲ့ေန႕ရက္ေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ေမွာင္မိုက္ၿပီးရင္ အျခားတစ္ဖက္မွာ အလင္းေရာင္ရွိတယ္ဆိုတာကို သိခဲ့ရပါတယ္။ ဒါေၾကာင့့္ ကၽြန္ေတာ္တို႔အေနနဲ႔ ရည္ရြယ္ခ်က္ေတြခ်မွတ္ကာ ႀကိဳးစားၿပီး အလုပ္ေတြ လုပ္ေဆာင္သြားရပါမယ္။ အခုကၽြန္ေတာ့္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ က်န္းမာေရးေကာင္းမြန္ၿပီး အလုပ္ႀကိဳးစားဖို႔ပါပဲ”ဆိုၿပီး ဖိုဆုမန္ဆာကေျပာထားပါတယ္။