

မန်ယူအသင်းကွင်းလယ်လူ တွန်မီနေးဟာ ဒူးအရွတ်ထိခိုက်သွားခဲ့ကြောင်း မန်ယူဆေးအဖွဲ့က အတည်ပြုလိုက်ပြီးနောက် ၈ ပတ်အထိအနားယူရဖို့ရှိနေကြောင်း သိရပါတယ်။ မန်ယူက ဘန်လေကို ၂-၀ နဲ့နိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက တွန်မီနေးဟာ ၄ ပတ်အထိဘဲ အနားယူရဖို့ရှိနေကြောင်း ပြောသွားပါသေးတယ်။
ဒါပေမယ့် မန်ယူဆေးအဖွဲ့ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ တွန်မီနေးဟာဒူးအရွတ်ကိုထိခိုက်မိခဲ့ကြောင်း အတည်ပြုခဲ့တဲ့အတွက် အနည်းဆုံး ၈ ပတ် အထိအနားယူရဖို့ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာပေါ့ဂ်ဘာကလည်းဒဏ်ရာပြဿ နာအကင်းမသေသေးတဲ့အတွက် ကစားနိုင်ခြင်းမရှိသေးလို့ မန်ယူအခက်တွေ့နေတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ နယူးကာဆယ်နဲ့ပွဲမှာဒုတိယပိုင်းပါဝင်ကစားသွားခဲ့ပေမယ့် သူ့ခြေဖဝါးဒဏ်ရာကတုံ့ပြန်မှုတွေရှိလာလို့ ဘန်လေနဲ့ပွဲမှာ လူစာရင်းမှာတောင်မပါနိုင်ခဲ့ပါဘူး။ ဒါပေမယ့်ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က သူ့အစ်ကိုတွေကစားခဲ့တဲ့ ရန်ပုံငွေပွဲစဉ်တစ်ခုကို သွားကြည့်ခဲ့လို့ မေးခွန်းထုတ်ခံနေရပါတယ်။ သူဟာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်းလည်း မရှိသေးပါဘူး။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ တွန်မီနေးဟာ ၈ ပတ်အထိနားရမယ်ဆိုရင် မန်စီးတီးနဲ့ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားဆီမီးဖိုင်နယ်နှစ်ကျော့စလုံးအပြင် ဇန်နဝါရီ ၁၉ မှာ လီဗာပူးနဲ့အဝေးကွင်းကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါလွဲချော်ဖို့ရှိနေပါတယ်။

စကော့တလန်လက်ရွေးစင်ဖြစ်တဲ့ တွန်မီနေးဟာ ဒီရာသီမှာမန်ယူရဲ့ခြေစွမ်းအမှန်ဆုံးကစားသမားဖြစ်ပြီး ပေါ့ဂ်ဘာ ဒဏ်ရာကြောင့်အနားယူနေရချိန်တစ်လျှောက်လုံးအသင်းအတွက် ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ သူဟာဒီဒဏ်ရာကို နယူးကာဆယ်နဲ့ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။

Zawgyi
တြန္မီေနး ၈ ပတ္အထိနားရႏိုင္လို႔ မန္ယူအခက္ေတြ႔
မန္ယူအသင္းကြင္းလယ္လူ တြန္မီေနးဟာ ဒူးအရြတ္ထိခိုက္သြားခဲ့ေၾကာင္း မန္ယူေဆးအဖြဲ႔က အတည္ျပဳလိုက္ၿပီးေနာက္ ၈ ပတ္အထိအနားယူရဖို႔ရွိေနေၾကာင္း သိရပါတယ္။ မန္ယူက ဘန္ေလကို ၂-၀ နဲ႔ႏိုင္ရခဲ့တဲ႔ ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားက တြန္မီေနးဟာ ၄ ပတ္အထိဘဲ အနားယူရဖို႔ရွိေနေၾကာင္း ေျပာသြားပါေသးတယ္။
ဒါေပမယ္႔ မန္ယူေဆးအဖြဲ႔ရဲ႕ေနာက္ဆုံးထုတ္ျပန္ခ်က္အရ တြန္မီေနးဟာဒူးအရြတ္ကိုထိခိုက္မိခဲ့ေၾကာင္း အတည္ျပဳခဲ့တဲ႔အတြက္ အနည္းဆုံး ၈ ပတ္ အထိအနားယူရဖို႔ရွိေနတာျဖစ္ပါတယ္။ လက္ရွိမွာေပါ့ဂ္ဘာကလည္းဒဏ္ရာျပႆ နာအကင္းမေသေသးတဲ႔အတြက္ ကစားႏိုင္ျခင္းမရွိေသးလို႔ မန္ယူအခက္ေတြ႔ေနတာျဖစ္ပါတယ္။
ေပါ့ဂ္ဘာဟာ နယူးကာဆယ္နဲ႔ပြဲမွာဒုတိယပိုင္းပါ၀င္ကစားသြားခဲ့ေပမယ္႔ သူ႔ေျခဖ၀ါးဒဏ္ရာကတုံ႔ျပန္မႈေတြရွိလာလို႔ ဘန္ေလနဲ႔ပြဲမွာ လူစာရင္းမွာေတာင္မပါႏိုင္ခဲ့ပါဘူး။ ဒါေပမယ္႔ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ႔တနလၤာေန႔က သူ႔အစ္ကိုေတြကစားခဲ့တဲ႔ ရန္ပုံေငြပြဲစဥ္တစ္ခုကို သြားၾကည့္ခဲ့လို႔ ေမးခြန္းထုတ္ခံေနရပါတယ္။ သူဟာအသင္းနဲ႔အတူ ေလ႔က်င့္ခန္းဆင္းႏိုင္ျခင္းလည္း မရွိေသးပါဘူး။
အသက္ ၂၃ ႏွစ္အရြယ္ရွိတဲ႔ တြန္မီေနးဟာ ၈ ပတ္အထိနားရမယ္ဆိုရင္ မန္စီးတီးနဲ႔ယွဥ္ၿပိဳင္ရမယ္႔ လိဂ္ဖလားဆီမီးဖိုင္နယ္ႏွစ္ေက်ာ႔စလုံးအျပင္ ဇန္န၀ါရီ ၁၉ မွာ လီဗာပူးနဲ႔အေ၀းကြင္းကစားရမယ္႔ ပရီးမီးယားလိဂ္ပြဲစဥ္ကိုပါလြဲေခ်ာ္ဖို႔ရွိေနပါတယ္။
စေကာ႔တလန္လက္ေရြးစင္ျဖစ္တဲ႔ တြန္မီေနးဟာ ဒီရာသီမွာမန္ယူရဲ႕ေျခစြမ္းအမွန္ဆုံးကစားသမားျဖစ္ၿပီး ေပါ့ဂ္ဘာ ဒဏ္ရာေၾကာင့္အနားယူေနရခိ်န္တစ္ေလွ်ာက္လုံးအသင္းအတြက္ ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။ သူဟာဒီဒဏ္ရာကို နယူးကာဆယ္နဲ႔ပြဲမွာ ရရွိခဲ့တာျဖစ္ပါတယ္။