တံကောက်ကြောဒဏ်ရာခွဲစိတ်ကုသမှုခံယူရမည့် ဟယ်ရီကိန်း ဧပြီလအထိ အနားယူရတော့မည်

Photo Credit

Photo Credit

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဘယ်ဘက်တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရတော့မည်ဖြစ်ရာ ဧပြီလအထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းသည် နှစ်သစ်ကူးပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို ၁-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်ပွဲတွင် ဂိုးသွင်းယူစဉ် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဂိုးမှာလည်း လူကျွံနေခြင်းကြောင့် ပယ်ဖျက်ခြင်းခံခဲ့ရသည်။

Photo Credit

အဆိုပါဒဏ်ရာကို ထပ်မံစစ်ဆေးခဲ့ပြီးနောက် အထူးကုဆရာဝန်များက ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီက နာပိုလီသို့ ရောက်သွားသော လော်ရန်တေး၏နေရာတွင် ယခုအချိန်အထိ အစားမထိုးနိုင်သေးဘဲ ဟယ်ရီကိန်းကပါ ကာလရှည်အနားယူရတော့မည်ဖြစ်၍ ယခုလအတွင်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိနေသည်။

Photo Credit

ယခုရာသီတွင် ကလပ်နှင့် လက်ရွေးစင်အသင်းတို့အတွက် စုစုပေါင်း ၂၇ဂိုးသွင်းယူထားသော ဟယ်ရီကိန်းအနေဖြင့် အစောပိုင်းက တံကောက်ကြောကြွက်သားစုတ်ပြဲသွားခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း အသေးစိတ်စစ်ဆေးမှုများအရ အခြေအနေပိုဆိုးသည်ဟု ဆရာဝန်များက အတည်ပြုခဲ့သည်။ အသက် ၂၆နှစ်အရွယ်ရှိ ဟယ်ရီကိန်းမှာ အဆိုပါဒဏ်ရာကြောင့် လိုက်ပ်ဇစ်နှင့်ကစားရမည့် ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သလို မတ်လအတွင်း ကစားရမည့် အင်္ဂလန်အသင်း၏ပွဲစဉ်များကိုလည်း လွဲချော်ရတော့မည်ဖြစ်သည်။

Photo Credit

”ပြီးခဲ့တဲ့ရက်သတ္တပတ်က ဟယ်ရီကိန်းကို အသေးစိတ်စစ်ဆေးခဲ့ရာမှာတော့ အခြေအနေက ပိုဆိုးနေတာကို အသင်းဆေးအဖွဲ့က တွေ့ရှိခဲ့ပါတယ်။ သူဟာ ဆောက်သမ်တန်နဲ့ပွဲမှာ အဆိုပါဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကျွမ်းကျင်သူက ခွဲစိတ်ကုသမှုခံယူဖို့ အကြံပေးခဲ့ပါတယ်”

Photo Credit

”ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်လိုက်ပေမယ့် ဘယ်အချိန်ပြန်ကောင်းမလဲဆိုတာ အချိန်သတ်မှတ်ထားတာမျိုးမရှိပါဘူး။ အသင်းဘက်ကတော့ ဧပြီလအတွင်း သူ လေ့ကျင့်ခန်းပြန်ဆင်းဖို့ မျှော်လင့်ထားပါတယ်”လို့ စပါးအသင်းက ကြေညာချက်ထုတ်ပြန်သွားပါတယ်။

Photo Credit

Zawgyi

တံေကာက္ေၾကာဒဏ္ရာခြဲစိတ္ကုသမႈခံယူရမည့္ ဟယ္ရီကိန္း ဧၿပီလအထိ အနားယူရေတာ့မည္

စပါးအသင္းတုိက္စစ္မွဴး ဟယ္ရီကိန္းသည္ ဘယ္ဘက္တံေကာက္ေၾကာဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူရေတာ့မည္ျဖစ္ရာ ဧၿပီလအထိ အနားယူရမည္ျဖစ္ေၾကာင္း သိရသည္။ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းသည္ ႏွစ္သစ္ကူးပြဲစဥ္အျဖစ္ ေဆာက္သမ္တန္ကို ၁-၀ ဂိုးျဖင့္အေရးနိမ့္ခဲ့သည့္ပြဲတြင္ ဂိုးသြင္းယူစဥ္ ယင္းဒဏ္ရာရရွိခဲ့ျခင္းျဖစ္ၿပီး ၎၏ဂိုးမွာလည္း လူကၽြံေနျခင္းေၾကာင့္ ပယ္ဖ်က္ျခင္းခံခဲ့ရသည္။
အဆုိပါဒဏ္ရာကို ထပ္မံစစ္ေဆးခဲ့ၿပီးေနာက္ အထူးကုဆရာ၀န္မ်ားက ခြဲစိတ္ကုသမႈျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ စပါးအသင္းသည္ ၿပီးခဲ့သည့္ေႏြရာသီက နာပိုလီသို႔ ေရာက္သြားေသာ ေလာ္ရန္ေတး၏ေနရာတြင္ ယခုအခ်ိန္အထိ အစားမထိုးႏိုင္ေသးဘဲ ဟယ္ရီကိန္းကပါ ကာလရွည္အနားယူရေတာ့မည္ျဖစ္၍ ယခုလအတြင္း တိုက္စစ္မွဴးတစ္ဦး ေခၚယူဖြယ္ရွိေနသည္။
ယခုရာသီတြင္ ကလပ္ႏွင့္ လက္ေရြးစင္အသင္းတို႔အတြက္ စုစုေပါင္း ၂၇ဂိုးသြင္းယူထားေသာ ဟယ္ရီကိန္းအေနျဖင့္ အေစာပိုင္းက တံေကာက္ေၾကာႂကြက္သားစုတ္ၿပဲသြားျခင္းျဖစ္သည္ဟု ထင္မွတ္ခဲ့ေသာ္လည္း အေသးစိတ္စစ္ေဆးမႈမ်ားအရ အေျခအေနပိုဆုိးသည္ဟု ဆရာ၀န္မ်ားက အတည္ျပဳခဲ့သည္။ အသက္ ၂၆ႏွစ္အရြယ္ရွိ ဟယ္ရီကိန္းမွာ အဆုိပါဒဏ္ရာေၾကာင့္ လုိက္ပ္ဇစ္ႏွင့္ကစားရမည့္ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ပြဲစဥ္ကို လြဲေခ်ာ္ရေတာ့မည္ျဖစ္သလုိ မတ္လအတြင္း ကစားရမည့္ အဂၤလန္အသင္း၏ပြဲစဥ္မ်ားကုိလည္း လြဲေခ်ာ္ရေတာ့မည္ျဖစ္သည္။
”ၿပီးခဲ့တ့ဲရက္သတၱပတ္က ဟယ္ရီကိန္းကို အေသးစိတ္စစ္ေဆးခဲ့ရာမွာေတာ့ အေျခအေနက ပုိဆုိးေနတာကို အသင္းေဆးအဖြဲ႕က ေတြ႕ရွိခဲ့ပါတယ္။ သူဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ အဆုိပါဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ကၽြမ္းက်င္သူက ခြဲစိတ္ကုသမႈခံယူဖုိ႔ အႀကံေပးခဲ့ပါတယ္”
”ခြဲစိတ္ကုသမႈခံယူဖို႔ ဆုံးျဖတ္လိုက္ေပမယ့္ ဘယ္အခ်ိန္ျပန္ေကာင္းမလဲဆုိတာ အခ်ိန္သတ္မွတ္ထားတာမ်ိဳးမရွိပါဘူး။ အသင္းဘက္ကေတာ့ ဧၿပီလအတြင္း သူ ေလ့က်င့္ခန္းျပန္ဆင္းဖို႔ ေမွ်ာ္လင့္ထားပါတယ္”လုိ႔ စပါးအသင္းက ေၾကညာခ်က္ထုတ္ျပန္သြားပါတယ္။