တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့်အနားယူရတော့မယ့် နတ်ဘုရားကြီး ဇလာတန် FIFAနဲ့ EAsports တို့ကို ပုံရိပ်အသုံးပြုခ လျှော်ကြေးတောင်းသွားဖို့ထိ စီစဉ်နေ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ တံကောက်ကြောဒဏ်ရာရရှိပြီးနောက် တစ်လခန့်အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
ဆွီဒင်သားဟာ နာပိုလီအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဒဏ်ရာမတိုင်ခင်တုန်းကတော့ အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
မာကာသတင်းဌာနရဲ့အဆိုအရ အေစီမီလန်ဟာ တိုက်စစ်မှူး မိုဗစ်မပါဘဲ ၃ ပတ် ၄ ပတ်လောက်အထိ ကစားရဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အသက် ၃၉ နှစ်သားဟာ ဒီရာသီစီးရီးအေ ၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာမယ့်ကြာသပတေးနေ့မှာ ကစားမယ့် လိုင်လီအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုတော့ လွဲချော်ဖွယ်ရှိနေပါတယ်။
အီဘရာဟီမိုဗစ်ဟာ ပရာဟာအသင်းနဲ့ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေပါတယ်။ မီလန်ဟာ အုပ်စု (H) ၃ ပွဲမှာ ၂ ပွဲအနိုင်ရရှိထားပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
စီးရီးအေမှာတော့ အေစီမီလန်ဟာ ၈ ပွဲကစားပြီးနောက် ရမှတ် ၂၀ နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေကာ တနင်္ဂနွေနေ့မှာတော့ အဆင့် ၁၅ နေရာက ဖီအိုရင်တီးနားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ကတော့ ဖီဖာ ၂၀၂၁ ဂိမ်းထဲမှာ သူ့နာမည်ကို ခွင့်ပြုချက်မရဘဲ သုံးထားလို့ စုံစမ်းစစ်ဆေးဖို့ ပြုလုပ်နေပါတယ်။ ဖီဖာဂိမ်းတွေဟာ တစ်နှစ်ကိုတစ်ခါ ထုတ်ဝေနေကျဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလ ၅ ရက်နေ့တုန်းက နောက်ဆုံးထွက်ကို ထုတ်ဝေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါင်သန်း (၄၀) နဲ့ ဒေးဗစ်ဘက်ခမ်း ကို စာချုပ်ချုပ်ဆိုခဲ့ပြီး မကြာမီမှာ အီဘရာဟီမိုဗစ်က EAsports ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ မိုဗစ်ကတော့ သူ့အပေါ် ညှိနိူင်းမူ တစ်စုံတစ်ရာမရှိဘဲ ပုံရိပ်ကိုအသုံးပြုခဲ့တဲ့ FIFAနဲ့ EAsports အပေါ် အတော်လေး ဒေါသထွက်နေပြီး ညှိနိူင်းလို့မရရင် တရားရုံးတွေကနေ တစ်ဆင့် ပုံရိပ်အသုံးပြုခ လျှော်ကြေးတောင်းသွားဖို့ထိ စီစဉ်နေတယ်လို့သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi