တော်ရုံတန်ရုံကစားသမားမျိုး တစ်ရာသီလုံးမှာတောင်မရနိုင်တဲ့မှတ်တမ်းမျိုး ဒီဇင်ဘာအစမှာပဲ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ဇီယက်ချ်

Photo Credit

Photo Credit

အေဂျက်စ်အသင်းကွင်းလယ်လူ ဟာကင်ဇီယက်ချ်ဟာ အခုမှ ဒီဇင်ဘာအစောပိုင်းပဲရှိသေးပေမယ့် ဒီရာသီမှာ ၈ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှုကလည်း အကြိမ် ၂၀အထိတောင် ရှိနေပြီဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ဒီဂျောင်လိုအသင်းဖော်ကို ဆုံးရှုံးလိုက်ရပေမယ့် ဆက်လက်ခြေစွမ်းပြနေတာဖြစ်ပါတယ်။

Photo Credit

အေဂျက်စ်ဟာ နယ်သာလန်ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ထိပ်ဆုံးကနေ ၆ မှတ်အသာနဲ့ ဦးဆောင်နေပြီး ယခုအချိန်အထိ ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။ နောက်ပြီး အေဂျက်စ်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ၂ မှတ်အသာနဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ရေပန်းစားနေပါတယ်။

Photo Credit

ဇီယက်ချ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အေဂျက်စ်အသင်းရဲ့အဓိကကစားသမားအဖြစ် ပုံမှန်ခြေစွမ်းပြနေသူဖြစ်ပြီး ပြည်တွင်းပြိုင်ဘက် တွမ်တိကနေ ယူရို ၁၁ သန်းတည်းနဲ့ အေဂျက်စ်ကို ရောက်ရှိလာခဲ့တာပါ။ သူ့ရဲ့ဘောလုံးအမြင်နဲ့ အဝေးဘောပေးပို့နိုင်မှုတွေက အားလုံးသတိထားမိစေပြီး အထူးသဖြင့် ယမန်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဘိုင်ယန်နဲ့ကစားခဲ့တဲ့ပွဲမှာ ညာဘက်အခြမ်းကနေ ဘယ်တောင်ပံဘက် တိကျတဲ့အဝေးပေးပို့မှုက အားလုံးကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

Photo Credit

သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း လိုင်လီနဲ့ချန်ပီယံလိဂ်ပွဲမှာ ပရိုမက်စ်အတွက် လှပတဲ့ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မော်ရိုကိုလက်ရွေးစင် ဇီယက်ချ်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပေမယ့် သူကတော့ အသင်းမပြောင်းရွှေ့ဘဲ အေဂျက်စ်သင်းမှာသာ ဆက်ကစားခဲ့ပါတယ်။

Photo Credit

Zawgyi

ေတာ္႐ုံတန္႐ုံကစားသမားမ်ိဳး တစ္ရာသီလုံးမွာေတာင္မရႏိုင္တဲ့မွတ္တမ္းမ်ိဳး ဒီဇင္ဘာအစမွာပဲ ပုိင္ဆိုင္ထားၿပီးျဖစ္တဲ့ ဇီယက္ခ်္

ေအဂ်က္စ္အသင္းကြင္းလယ္လူ ဟာကင္ဇီယက္ခ်္ဟာ အခုမွ ဒီဇင္ဘာအေစာပိုင္းပဲရွိေသးေပမယ့္ ဒီရာသီမွာ ၈ဂုိးသြင္းယူထားၿပီး ဂိုးဖန္တီးမႈကလည္း အႀကိမ္ ၂၀အထိေတာင္ ရွိေနၿပီျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ဒီေဂ်ာင္လုိအသင္းေဖာ္ကို ဆုံး႐ံႈးလုိက္ရေပမယ့္ ဆက္လက္ေျခစြမ္းျပေနတာျဖစ္ပါတယ္။
ေအဂ်က္စ္ဟာ နယ္သာလန္ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲမွာ ထိပ္ဆုံးကေန ၆ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး ယခုအခ်ိန္အထိ ႐ႈံးပြဲမရွိစံခ်ိန္တင္ထားပါတယ္။ ေနာက္ၿပီး ေအဂ်က္စ္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း ၂ မွတ္အသာနဲ႔ ထိပ္ဆုံးမွာရပ္တည္ေနၿပီး ႐ံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေရပန္းစားေနပါတယ္။
ဇီယက္ခ်္ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ေအဂ်က္စ္အသင္းရဲ႕အဓိကကစားသမားအျဖစ္ ပုံမွန္ေျခစြမ္းျပေနသူျဖစ္ၿပီး ျပည္တြင္းၿပိဳင္ဘက္ တြမ္တိကေန ယူ႐ို ၁၁ သန္းတည္းနဲ႔ ေအဂ်က္စ္ကို ေရာက္ရွိလာခဲ့တာပါ။ သူ႕ရဲ႕ေဘာလုံးအျမင္နဲ႔ အေ၀းေဘာေပးပို႔ႏိုင္မႈေတြက အားလုံးသတိထားမိေစၿပီး အထူးသျဖင့္ ယမန္ႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအျဖစ္ ဘုိင္ယန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ညာဘက္အျခမ္းကေန ဘယ္ေတာင္ပံဘက္ တိက်တဲ့အေ၀းေပးပုိ႔မႈက အားလုံးကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။
သူဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကလည္း လုိင္လီနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ပ႐ိုမက္စ္အတြက္ လွပတဲ့ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ ေမာ္႐ိုကိုလက္ေရြးစင္ ဇီယက္ခ်္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ခဲ့ေပမယ့္ သူကေတာ့ အသင္းမေျပာင္းေရႊ႕ဘဲ ေအဂ်က္စ္သင္းမွာသာ ဆက္ကစားခဲ့ပါတယ္။