တော်တဲ့ အသင်းခေါင်းဆောင်နောက် ကောင်းကောင်းမလိုက်နိုင်တဲ့ ဂျိုတာကို ဒေါခွီးတဲ့ ဒိုလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းခေါင်းဆောင်စီ ရော်နယ်ဒိုကတော့ ဟန်ဂေရီ အသင်းနဲ့အဖွင့်ပွဲမှာ

အသင်းဖော် ဂျိုတာကို ဒေါသပုန်ထခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့က ပေါ်တူဂီ အသင်း ဟာ

ဟန်ဂေရီအသင်းကို ပွဲပြီးခါနီးသွင်းဂိုးတွေကြောင့် (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အဖွင့်လှသွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ အဲဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့်

ဒုတိယပိုင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဂျိုတာ ဟာ ဂိုးရနိုင်မယ့် အခွင့်အရေးကြီးကြီးမားမားရခဲ့ပြီး ဂိုးဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့ပေမယ့်

ဟန်ဂေရီ အသင်းဂိုးသမား ဂူလာစီ ကာကွယ်နိုင်ခဲ့လို့ ထောင့်ကန်ဘောသာရခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ဂျိုတာ ဟာ ဟန်ဂေရီ နောက်ခံလူ (၃)ယောက်ကြားမှာ ရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဒို က

ဘယ်အခြမ်းကနေ တက်လာပြီး ဂိုးပေါက်ထဲ လှမ်းမကန်ဘဲ သူ့ကို ဘောလုံးပေးပို့ဖို့ တောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂျိုတာ က ကန်သွင်းခဲ့တာကြောင့် ရော်နယ်ဒို ဟာ ပေါက်ကွဲပြီး စိတ်ပျက်သွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ယောက်ကတော့ “ကျွန်တော်လောင်းကြေးထပ်နိုင်ပါတယ်။ အဲ ဒီအခြေအနေမှာ ရော်နယ်ဒိုကန်ရင်

ဂိုးမှာသေချာပါတယ်”လို့ တွစ်တာမှာ ရေးသားတင်ခဲ့ပါတယ်။

ရော်နယ်ဒို ဟာ အဲဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲ(၅)ကြိမ်လုံး ဂိုးသွင်းနိုင်တဲ့ ပထမဆုံး

ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒို ဟာ

အဓိက ပြိုင်ပွဲကြီးတွေမှာ (၉)ကြိမ်ဆက်တိုက်ဂိုးသွင်းယူတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း

စံချိန်တင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ယူရို ၂၀၀၄ ခုနှစ်မှာ စတင်ပါဝင်ကစားခဲ့တာဖြစ်ပြီး၊

အခု ယူရို 2020 မှာတော့ ဆုဖလားကိုကာကွယ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ ယူရိုပြိုင်ပွဲရဲ့အုပ်စု ဒုတိယပွဲစဉ်အဖြစ် အခုလ(၁၉)ရက်မှာ

ဂျာမနီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi Version

ေတာ္တဲ့ အသင္းေခါင္းေဆာင္ေနာက္ ေကာင္းေကာင္းမလိုက္ႏိုင္တဲ့ ဂ်ိဳတာကို

ေဒါခြီးတဲ့ ဒိုေလး

ေပၚတူဂီအသင္းေခါင္းေဆာင္စီ ေရာ္နယ္ဒိုကေတာ့ ဟန္ေဂရီ

အသင္းနဲ႔အဖြင့္ပြဲမွာ အသင္းေဖာ္ ဂ်ိဳတာကို ေဒါသပုန္ထခဲ့တယ္လို႔

သိရပါတယ္။ယမန္ေန႔က ေပၚတူဂီ အသင္း ဟာ

ဟန္ေဂရီအသင္းကို ပြဲၿပီးခါနီးသြင္းဂိုးေတြေၾကာင့္ (၃)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး

အဖြင့္လွသြားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီ အသင္းဟာ အဲဒီပြဲစဥ္ရဲ႕ပထမပိုင္းမွာ အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္

ဒုတိယပိုင္းမွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။အဲဒီပြဲစဥ္ရဲ႕ပထမပိုင္းမွာ

ဂ်ိဳတာ ဟာ ဂိုးရႏိုင္မယ့္ အခြင့္အေရးႀကီးႀကီးမားမားရခဲ့ၿပီး

ဂိုးဧရိယာအျပင္ဘက္ကေန ကန္သြင္းခဲ့ေပမယ့္ ဟန္ေဂရီ အသင္းဂိုးသမား

ဂူလာစီ ကာကြယ္ႏိုင္ခဲ့လို႔ ေထာင့္ကန္ေဘာသာရခဲ့တာျဖစ္ပါတယ္။

အဲဒီတုန္းက ဂ်ိဳတာ ဟာ ဟန္ေဂရီ ေနာက္ခံလူ (၃)ေယာက္ၾကားမွာ

ရွိေနတာျဖစ္ပါတယ္။ေရာ္နယ္ဒို က ဘယ္အျခမ္းကေန တက္လာၿပီး ဂိုးေပါက္ထဲ

လွမ္းမကန္ဘဲ သူ႔ကို ေဘာလုံးေပးပို႔ဖို႔ ေတာင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဂ်ိဳတာ က ကန္သြင္းခဲ့တာေၾကာင့္ ေရာ္နယ္ဒို ဟာ

ေပါက္ကြဲၿပီး စိတ္ပ်က္သြားခဲ့တာျဖစ္ပါတယ္။ ပရိသတ္တစ္ေယာက္ကေတာ့

“ကြၽန္ေတာ္ေလာင္းေၾကးထပ္ႏိုင္ပါတယ္။

အဲ ဒီအေျခအေနမွာ ေရာ္နယ္ဒိုကန္ရင္ ဂိုးမွာေသခ်ာပါတယ္”လို႔ တြစ္တာမွာ ေရးသားတင္ခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ အဲဒီပြဲမွာ (၂)ဂိုးသြင္းယူခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲ(၅)ႀကိမ္လုံး ဂိုးသြင္းႏိုင္တဲ့

ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒို ဟာ အဓိက ၿပိဳင္ပြဲႀကီးေတြမွာ (၉)ႀကိမ္ဆက္တိုက္ဂိုးသြင္းယူတဲ့

ပထမဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ယူ႐ို ၂၀၀၄ ခုႏွစ္မွာ

စတင္ပါဝင္ကစားခဲ့တာျဖစ္ၿပီး၊ အခု ယူရို 2020 မွာေတာ့

ဆုဖလားကိုကာကြယ္ႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

ေပၚတူဂီ အသင္းဟာ ယူ႐ိုၿပိဳင္ပြဲရဲ႕အုပ္စု ဒုတိယပြဲစဥ္အျဖစ္

အခုလ(၁၉)ရက္မွာ ဂ်ာမနီ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။