
Photo Credit
Photo Credit
အင်္ဂလန်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က တော့တင်ဟမ်ကြယ်ပွင့် ဟယ်ရီကိန်းကို လက်ရှိအသင်းကနေ ထွက်ခွာပြီး ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Photo Credit
ကိန်းဟာ ပြီးခဲ့တဲ့စနေနေ့ကကစားခဲ့တဲ့ ဘရိုက်တန်အသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ဂျွန်ဆင်ကတော့ ကိန်းဟာ တော့တင်ဟမ်အသင်းရဲ့ သစ္စာတော်ခံကစားသမားမဖြစ်မီ သူ့ရဲ့ကိုယ်ပိုင် ရည်မှန်းချက်ကို အရင်ချမှတ်ထားသင့်တယ်လို့ ယုံကြည်နေပါတယ်။
Photo Credit
”ကျွန်တော်သာ ဟယ်ရီလိုခြေစွမ်းမျိုးရှိရင် ကျွန်တော်ဘယ်အသင်းမှာဖြစ်ဖြစ် ကစားနိုင်တယ်လို့ ထင်ပါတယ်၊ များပြားတဲ့အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ တွဲကစားပြီး ဆုဖလားတွေကိုဗီဒိုထဲမှာထည့်သိမ်းထားမှာပါ”
Photo Credit
”ဒီပုံစံအတိုင်းသာ ဆက်သွားလို့ နှစ်အနည်းငယ်လောက်ကြာရင် ကိန်းရဲ့သွင်းဂိုးတွေလည်း ရှားပါးခြောက်သွေ့လာနိုင်ပါတယ်။ ဘောလုံးလောကမှာ သစ္စာစောင့်သိတယ်ဆိုတာ မရှိပါဘူး။ သူ့ကိုယ်သူအရင်ရှာဖွေဖို့က အဓိကကျပါတယ်“လို့ ဂျွန်ဆင်က ပြောပါတယ်။
Photo Credit
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ စပါးအသင်းမှာပွဲထွက်ကစားခွင့် ၂၆၃ ပွဲမှာ ၁၇၁ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ ဒီရာသီမှာတော့ ၁၀ ပွဲကစား ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ၊ ဒီလိုဂိုးတွေသွင်းယူနိုင်ပေမယ့် တော့တင်ဟမ်ကတော့ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပါတယ်။
Photo Credit
ဂျွန်ဆင်ကတော့ ကိန်းဟာ အနာဂတ်မှာစီးတီးတိုက်စစ်မှူးအဖြစ် ပိုမိုလိုက်ဖက်မယ်လို့ ယူဆနေတာကြောင့် စပါးအသင်းကထွက်ခွာဖို့ သွေးဆောင်ပြောဆိုနေတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဂျွန်ဆင်က “သူကစပိန်ကလပ်အသင်းတွေရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်မယ် မထင်ပါဘူး”
Photo Credit
”ဒါကြောင့် ကိန်းဟာ စီးတီးက ဆာဂျီယိုအဂွဲရိုးထွက်ခွာမယ့် အချိန်ကို စောင့်ပြီး စီးတီးနဲ့ ပူးပေါင်းရမှာပါ၊ ဒါက ကျွန်တော့်အမြင်ဖြစ်ပြီး မေးခွန်းတွေတော့ အရမ်းမမေးပါနဲ့၊ ကျွန်တော်သာ ဟယ်ရီဆိုရင် ကျွန်တော်ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိပါတယ်၊ ကျွန်တော့်အသက်မွေးဝမ်းကြောင်းအလုပ်မှာ ပိုပြီးအောင်မြင်မှုတွေရရှိဖို့ တတ်နိုင်သလောက် ကျွန်တော် လုပ်သွားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။
Photo Credit
Zawgyi
ေတာ့တင္ဟမ္ကေန ထြက္ခြာဖို႔ ဟယ္ရီကိန္းကို တိုက္တြန္းေျပာဆိုလိုက္တဲ့ ဂလင္းဂြၽန္ဆင္
အဂၤလန္ေနာက္ခံလူေဟာင္း ဂလင္းဂြၽန္ဆင္က ေတာ့တင္ဟမ္ၾကယ္ပြင့္ ဟယ္ရီကိန္းကို လက္ရွိအသင္းကေန ထြက္ခြာၿပီး ယမန္ႏွစ္ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
ကိန္းဟာ ၿပီးခဲ့တဲ့စေနေန႔ကကစားခဲ့တဲ့ ဘ႐ိုက္တန္အသင္းကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဂိုးေပါက္ေပ်ာက္ခဲ့ၿပီး ဂြၽန္ဆင္ကေတာ့ ကိန္းဟာ ေတာ့တင္ဟမ္အသင္းရဲ႕ သစၥာေတာ္ခံကစားသမားမျဖစ္မီ သူ႔ရဲ႕ကိုယ္ပိုင္ ရည္မွန္းခ်က္ကို အရင္ခ်မွတ္ထားသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။
”ကြၽန္ေတာ္သာ ဟယ္ရီလိုေျခစြမ္းမ်ိဳးရွိရင္ ကြၽန္ေတာ္ဘယ္အသင္းမွာျဖစ္ျဖစ္ ကစားႏိုင္တယ္လို႔ ထင္ပါတယ္၊ မ်ားျပားတဲ့အခြင့္အေရးေတြ ဖန္တီးေပးႏိုင္တဲ့ ပိုေကာင္းတဲ့ ကစားသမားေတြနဲ႔ တြဲကစားၿပီး ဆုဖလားေတြကိုဗီဒိုထဲမွာထည့္သိမ္းထားမွာပါ”
”ဒီပုံစံအတိုင္းသာ ဆက္သြားလို႔ ႏွစ္အနည္းငယ္ေလာက္ၾကာရင္ ကိန္းရဲ႕သြင္းဂိုးေတြလည္း ရွားပါးေျခာက္ေသြ႕လာႏိုင္ပါတယ္။ ေဘာလုံးေလာကမွာ သစၥာေစာင့္သိတယ္ဆိုတာ မရွိပါဘူး။ သူ႔ကိုယ္သူအရင္ရွာေဖြဖို႔က အဓိကက်ပါတယ္“လို႔ ဂြၽန္ဆင္က ေျပာပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ဟာ စပါးအသင္းမွာပြဲထြက္ကစားခြင့္ ၂၆၃ ပြဲမွာ ၁၇၁ ဂိုးသြင္းယူေပးထားခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ၁၀ ပြဲကစား ၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာပါ၊ ဒီလိုဂိုးေတြသြင္းယူႏိုင္ေပမယ့္ ေတာ့တင္ဟမ္ကေတာ့ ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ေနရပါတယ္။
ဂြၽန္ဆင္ကေတာ့ ကိန္းဟာ အနာဂတ္မွာစီးတီးတိုက္စစ္မႉးအျဖစ္ ပိုမိုလိုက္ဖက္မယ္လို႔ ယူဆေနတာေၾကာင့္ စပါးအသင္းကထြက္ခြာဖို႔ ေသြးေဆာင္ေျပာဆိုေနတာ ျဖစ္ပါတယ္။ ဆက္လက္ၿပီး ဂြၽန္ဆင္က “သူကစပိန္ကလပ္အသင္းေတြရဲ႕ ကစားပုံနဲ႔ အံဝင္ခြင္က်ျဖစ္မယ္ မထင္ပါဘူး”
”ဒါေၾကာင့္ ကိန္းဟာ စီးတီးက ဆာဂ်ီယိုအဂြဲ႐ိုးထြက္ခြာမယ့္ အခ်ိန္ကို ေစာင့္ၿပီး စီးတီးနဲ႔ ပူးေပါင္းရမွာပါ၊ ဒါက ကြၽန္ေတာ့္အျမင္ျဖစ္ၿပီး ေမးခြန္းေတြေတာ့ အရမ္းမေမးပါနဲ႔၊ ကြၽန္ေတာ္သာ ဟယ္ရီဆိုရင္ ကြၽန္ေတာ္ဘာလုပ္ရမလဲဆိုတာ ကြၽန္ေတာ္သိပါတယ္၊ ကြၽန္ေတာ့္အသက္ေမြးဝမ္းေၾကာင္းအလုပ္မွာ ပိုၿပီးေအာင္ျမင္မႈေတြရရွိဖို႔ တတ္ႏိုင္သေလာက္ ကြၽန္ေတာ္ လုပ္သြားမွာပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။