တောင်ကိုရီးယားအသင်းခေါင်းဆောင် ချိုဆိုဟွန်းကို စပါးအသင်းခေါ်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ် အမျိုးသမီးအသင်းဟာ တောင်ကိုရီးယား လက်ရေွးစင်အသင်းခေါင်းဆောင် ချိုဆိုဟွန်းကို အငှားခေါ်ယူခဲ့ပြီး ရာသီကုန်မှာ အပြီးသတ် စာချုပ်ချုပ်ဆိုင်နိုင်ဖို့ သတောတူညီခဲ့ကြပါတယ်။

စပါးအသင်းဟာ ကြာသပတေးနေ့ Women Super League အပြောင်းအရေွ့ မပိတ်သိမ်းမီ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ( ၃၂ ) နှစ်အရွယ် ကွင်းလယ် ဖန်တီးရှင် ကစားသမားဟာ သုံးပွဲဆက် အနိုင်ရရှိပြီး အမှတ်ပေးဇယား အဆင့် ( ၇ ) နေရာကို ရောက်ရှိလာတဲ့ ရီဟာနေး စကင်နာရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာဖို့ရှိနေပါတယ်။

ချိုက ( ၂၀၁၉ ) ဇန်နဝါရီလကတည်းက ဝက်ဟမ်းအသင်းကို ရောက်ရှိလာခဲ့ပြီး ( ၃၃ ) ကစားခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားအသင်းရဲ့ ပွဲအများဆုံး ကစားထားသူဖြစ်ပြီး ( ၂၀၀၇ ) ခုနှစ်ကနေ လက်ရှိအချိန်ထိ ( ၁၂၆ ) ပွဲ ကစားပေးထားပါတယ်။

စပါးအသင်းက ကွင်းလယ်ကစားသမားအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ကစားရမယ့် အမျိုးသမီး စူပါလိဂ် ပွဲစဥ်မှာ စတင်ပါဝင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေတာင္ကိုရီးယားအသင္းေခါင္းေဆာင္ ခ်ိဳဆိုဟြန္းကို စပါးအသင္းေခၚယူ

ေတာ့တင္ဟမ္ အမ်ိဳးသမီးအသင္းဟာ ေတာင္ကိုရီးယား လက္ေရြးစင္အသင္းေခါင္းေဆာင္ ခ်ိဳဆိုဟြန္းကို အငွားေခၚယူခဲ့ၿပီး ရာသီကုန္မွာ အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ဆိုင္ႏိုင္ဖို႔ သေတာတူညီခဲ့ၾကပါတယ္။ စပါးအသင္းဟာ ၾကာသပေတးေန႔ Women Super League အေျပာင္းအေရြ႕ မပိတ္သိမ္းမီ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ( ၃၂ ) ႏွစ္အ႐ြယ္ ကြင္းလယ္ ဖန္တီးရွင္ ကစားသမားဟာ သုံးပြဲဆက္ အႏိုင္ရရွိၿပီး အမွတ္ေပးဇယား အဆင့္ ( ၇ ) ေနရာကို ေရာက္ရွိလာတဲ့ ရီဟာေနး စကင္နာရဲ႕ အသင္းအတြက္ အေရးပါတဲ့ ကစားသမား ျဖစ္လာဖို႔ရွိေနပါတယ္။ ခ်ိဳက ( ၂၀၁၉ ) ဇန္နဝါရီလကတည္းက ဝက္ဟမ္းအသင္းကို ေရာက္ရွိလာခဲ့ၿပီး ( ၃၃ ) ကစားခဲ့ပါတယ္။ ဒါ့အျပင္ ေတာင္ကိုရီးယားအသင္းရဲ႕ ပြဲအမ်ားဆုံး ကစားထားသူျဖစ္ၿပီး ( ၂၀၀၇ ) ခုႏွစ္ကေန လက္ရွိအခ်ိန္ထိ ( ၁၂၆ ) ပြဲ ကစားေပးထားပါတယ္။

စပါးအသင္းက ကြင္းလယ္ကစားသမားအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးအသင္းနဲ႔ကစားရမယ့္ အမ်ိဳးသမီးစူပါလိဂ္ပြဲစဥ္မွာ စတင္ပါဝင္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။