တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ငွေကြေးလှူဒါန်းခဲ့တဲ့ဆွန်ဟောင်မင်

photo-gettyimages

photo-social media

စပါးတိုက်စစ်မှုးဆွန်ဟောင်မင်ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် NGO အဖွဲ့အစည်းတစ်ခုကို တောင်ကိုရီးယားဝမ်ငွေ သန်း ၁၀၀ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ အဲဒါဟာ အင်္ဂလိပ်ငွေကြေးဖြစ်တဲ့ စတာလင်ပေါင်တန်ကြေးအရတော့ ပေါင် ၆၄၀၀၀ ဝန်းကျင်ရှိပါတယ်။ တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ ၇၃၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

photo-gettyimages

အဲဒီထဲမှာ သေဆုံးသူအရေအတွက်ဟာ ၅၀ ကျော်ရှိပြီး ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်ပြင်ပမှာ တောင်ကိုရီးယားဟာ အဲဒါကြောင့် အထိခိုက်ဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ကိုယ်တိုင်ကလည်း တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ကနေ လန်ဒန်ကိုပြန်ရောက်လာပြီးကတည်းက ၁၄ ရက်ကြာစောင့်ကြည့်ခံအနေအထားကို ဖြတ်သန်းနေရပါတယ်။ သူဟာ ပြီးခဲ့တဲ့လတုန်းက လက်ကျိုးဒဏ်ရာအတွက် ဆိုးလ်မှာ သွားရောက်ခွဲစိတ်ကုသမှုခံယူခဲ့တာပါ။

photo-gettyimages

ဆွန်ဟောင်မင်ဟာ ၁၉၉၁ ခုနှစ်က ကိုရီးယားမှာ စတင်တည်ထောင်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားရေး NGO အဖွဲ့အစည်းဖြစ်တဲ့ Good Neighbours International ကို လှူဒါန်းမှုပြုလုပ်ခဲ့တာပါ။ အဲဒီ NGO အဖွဲ့အစည်းရဲ့Instagram စာမျက်နှာက ပို့စ်မှာ ဆွန်ဟောင်မင်က”ကျွန်တော်နဲ့အဝေးကြီးမှာ ဖြစ်နေပေမယ့် ကိုရိုနာရဲ့ပိုတိုးလာတဲ့ဆိုးကျိုးနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။ ဒီဗိုင်းရပ်စ်ကို ထပ်မပြန့်စေချင်တော့ပါဘူး။ ဒီလှူဒါန်းမှုဟာ အနည်းငယ်အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်”လို့ ဆွန်ဟောင်မင်က ပြောထားပါတယ်။ အဲဒီအဖွဲ့အစည်းဟာ ဆွန်ဟောင်မင်ရဲ့လှူဒါန်းမှုကို နောက်ထပ်ကူးစက်မှုတွေကို တားဆီးရာမှာ အသုံးပြုသွားမှာပါ။

[Zawgyi]

ေတာင္ကိုရီးယားက ကိုရိုနာဗုိင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ ေငြေၾကးလွဴဒါန္းခဲ့တဲ့ဆြန္ေဟာင္မင္

စပါးတုိက္စစ္မႈးဆြန္ေဟာင္မင္ဟာ ကိုရုိနာဗုိင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ NGO အဖြဲ႕အစည္းတစ္ခုကို ေတာင္ကိုရီးယား၀မ္ေငြ သန္း ၁၀၀ လွဴဒါန္းမႈျပဳလုပ္ခဲ့ပါတယ္။ အဲဒါဟာ အဂၤလိပ္ေငြေၾကးျဖစ္တဲ့ စတာလင္ေပါင္တန္ေၾကးအရေတာ့ ေပါင္ ၆၄၀၀၀ ၀န္းက်င္ရွိပါတယ္။ ေတာင္ကိုရီးယားမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ဟာ ၇၃၀၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

အဲဒီထဲမွာ ေသဆုံးသူအေရအတြက္ဟာ ၅၀ ေက်ာ္ရွိၿပီး ဗိုင္းရပ္္စ္စတင္ျဖစ္ပြားတဲ့ တရုတ္ျပင္ပမွာ ေတာင္ကိုရီးယားဟာ အဲဒါေၾကာင့္ အထိခိုက္ဆုံးႏိုင္ငံေတြထဲမွာ တစ္ႏိုင္ငံအပါအ၀င္ျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ကိုယ္တိုင္ကလည္း ေတာင္ကိုရီးယားႏိုင္ငံ ၿမဳိ႕ေတာ္ဆုိးလ္ကေန လန္ဒန္ကိုျပန္ေရာက္လာၿပီးကတည္းက ၁၄ ရက္ၾကာေစာင့္ၾကည့္ခံအေနအထားကို ျဖတ္သန္းေနရပါတယ္။ သူဟာ ၿပီးခဲ့တဲ့လတုန္းက လက္က်ိဳးဒဏ္ရာအတြက္ ဆုိးလ္မွာ သြားေရာက္ခြဲစိတ္ကုသမႈခံယူခဲ့တာပါ။

ဆြန္ေဟာင္မင္ဟာ ၁၉၉၁ ခုႏွစ္က ကိုရီးယားမွာ စတင္တည္ေထာင္ခဲ့တဲ့ လူသားခ်င္းစာနာေထာက္ထားေရး NGO အဖြဲ႕အစည္းျဖစ္တဲ့ Good Neighbours International ကို လွဴဒါန္းမႈျပဳလုပ္ခဲ့တာပါ။ အဲဒီ NGO အဖြဲ႔အစည္းရဲ႕Instagram စာမ်က္ႏွာက ပို႔စ္မွာ ဆြန္ေဟာင္မင္က”ကၽြန္ေတာ္နဲ႔အေ၀းႀကီးမွာ ျဖစ္ေနေပမယ့္ ကိုရိုနာရဲ႕ပိုတိုးလာတဲ့ဆုိးက်ိဳးနဲ႔ ကၽြန္ေတာ္တို႔ ရင္ဆိုင္ေနရပါတယ္။ ဒီဗုိင္းရပ္စ္ကို ထပ္မျပန္႔ေစခ်င္ေတာ့ပါဘူး။ ဒီလွဴဒါန္းမႈဟာ အနည္းငယ္အကူအညီျဖစ္ေစမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ဆြန္ေဟာင္မင္က ေျပာထားပါတယ္။ အဲဒီအဖြဲ႕အစည္းဟာ ဆြန္ေဟာင္မင္ရဲ႕လွဴဒါန္းမႈကို ေနာက္ထပ္ကူးစက္မႈေတြကို တားဆီးရာမွာ အသုံးျပဳသြားမွာပါ။