
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တောင့်တင်းတဲ့ စပိန်အသင်းအတွက် အခက်အခဲ မရှိတဲ့ အုပ်စု E
===================================
စပိန်
===
ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီးရှိသလို လူစာရင်းအင်အားတောင့်တင်းတဲ့ စပိန်ဟာ ယူရို ၂၀၀၈ နဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲတို့မှာ ၂ကြိမ်ဆက် ဗိုလ်စွဲထားတဲ့ အသင်းပါ။
အခုလောလောဆယ် ပြသနာ တစ်ခုရှိတာက ကွင်းလယ်ကစားသမား ဘက်စကွက်စ်မှာ ကိုဗစ်ကူးဆက်ခံထားရတဲ့အတွက် ကျန်တဲ့ စပိန်အသင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေပါပဲ။
လူစာရင်းမှာ ဝါရင့်နောက်ခံလူ ရာမို့စ်မပါတာကလွဲပြီး စပိန်အသင်းဟာ ရှေ့ လယ် နောက် ဂိုး နေရာစုံ တောင့်တင်းပါတယ်။
အုပ်စုမှာ ပါဝင်တဲ့ ကျန်တဲ့ အသင်းတွေက စပိန်အသင်းလောက် ဘယ်အသင်းမှ အားမကောင်းပါဘူး။
ဒီဂီယာ၊ ဖာရန်တောရက်စ်၊ လာပေါ်တီ၊ မိုရာတာ တို့ပါဝင်နေတဲပ စပိန်ဟာ ပွဲစဉ်ရေးဆွဲပုံအရ ၁၆သင်းအဆင့်ကို ကျော်ရင် အနိမ့်ဆုံး ဆီမီးတက်ဖို့ ရှိပါတယ်။
ဆွီဒင်
====
တကျော့ပြန် နတ်ဘုရားကြီး အီဗရာဟီမိုဗစ် လွဲချော်သွားပေမယ့် ဥရောပတစ်လွှားက ကလပ်အသင်းတွေမှာ ကစားနေကြတဲ့ ကစားသမားတွေကို အများဆုံး ရွေးချယ်ထားတဲ့ လူစာရင်းကြောင့် ဒီအုပ်စုမှာ စပိန်ပြီးရင် ဆွီဒင်က သတိထားရမယ့် အသင်းပါပဲ။
ရှေ့တန်းတိုက်စစ်မှာ ဝါရင့်တိုက်စစ်မှုး မားကပ်စ်ဘတ်ခ် ဦးဆောင်လာပြီး နောက်တန်းမှာ ယူနိုက်တက်ကစားသမား လင်ဒီလော့ဖ် ပါဝင်လာပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလို အုပ်စုတွင်း အသင်းတွေကို ဒုက္ခပေးနိုင်တဲ့ အခြေအနေမှာရှိပြီး အုပ်စု ဒုတိယနေရာအတွက် ပိုလန်နဲ့အပြိုင် လုရဖို့ များပါတယ်။
ပိုလန်
=====
တိုက်စစ်မှုး လီဝန်ဒေါစကီး ဦးဆောင်တဲ့ ပိုလန်အသင်းဟာ ဂိုးသွင်းအား အတော်ကောင်းပါတယ်။
လီဝန်ဒေါစကီး၊ မီလစ်ခ်၊ ဇီလင်စကီးတို့ ပါဝင်နေပြီး တိုက်စစ်အားရှိတဲ့ အသင်းပါ။
ဂျူင်တပ်အသင်းဂိုးသမား ရှက်ဇီနီကလည်း စိတ်ချရပါတယ်။
ပိုလန်အသင်းမှာ အားနည်းချက်ရှိတာကတော့ နောက်တန်းပါပဲ။
ခြေစစ်ပွဲ အနေအထား အရ ခံစစ်မညိမ်တာ တွေ့ရတယ်။
အဓိကပြိုင်ပွဲကြီးတွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ ပိုလန်အနေနဲ့ ဒီတစ်ကြိမ်ယူရိုပြိုင်ပွဲမှာ အုပ်စုတက်ခဲ့ရင် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
ဆလိုဗက်ကီးယား
===========
နာပိုလီကစားသမားဟောင်း ဟမ်ဆစ် ဦးဆောင်လာမယ့် ဆလိုဗက်ကီးယားအသင်းဟာ ဒီအုပ်စုမှာတော့ under dog ဖြစ်နေပါတယ်။
အသင်းလူစာရင်းမှာ တိုက်စစ်မှုးစစ်စစ် ၃ယောက်သာ ရွေးထားတာကလည်း ထူးခြားပါတယ်။
ကွင်းလယ်ကစားသမား အများကြီးရွေးထားတဲ့ ဆလိုဗက်ကီးယားမှာ အားကိုးစရာကတော့ ဟမ်ဆစ်၊ အင်တာနောက်ခံလူ ဆီကီရီနာ၊ ပါးမားက ကူကာ တို့လောက်ပဲ ရှိနေပြီး အုပ်စုအဆင့်ကနေ ပြန်လှည့်ရဖို့ ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေတာင့္တင္းတဲ့ စပိန္အသင္းအတြက္ အခက္အခဲ မရွိတဲ့ အုပ္စု E
===================================
စပိန္
===
ကမာၻ႔အဆင့္ ကစားသမားေတြ အမ်ားႀကီးရွိသလို လူစာရင္းအင္အားေတာင့္တင္းတဲ့ စပိန္ဟာ ယူ႐ို ၂၀၀၈ နဲ႔ ယူ႐ို ၂၀၁၂ ၿပိဳင္ပြဲတို႔မွာ ၂ႀကိမ္ဆက္ ဗိုလ္စြဲထားတဲ့ အသင္းပါ။ အခုေလာေလာဆယ္ ျပသနာ တစ္ခုရွိတာက ကြင္းလယ္ကစားသမား ဘက္စကြက္စ္မွာ ကိုဗစ္ကူးဆက္ခံထားရတဲ့အတြက္ က်န္တဲ့ စပိန္အသင္းသားေတြရဲ႕ က်န္းမာေရးအေျခအေနပါပဲ။ လူစာရင္းမွာ ဝါရင့္ေနာက္ခံလူ ရာမို႔စ္မပါတာကလြဲၿပီး စပိန္အသင္းဟာ ေရွ႕ လယ္ ေနာက္ ဂိုး ေနရာစုံ ေတာင့္တင္းပါတယ္။ အုပ္စုမွာ ပါဝင္တဲ့ က်န္တဲ့ အသင္းေတြက စပိန္အသင္းေလာက္ ဘယ္အသင္းမွ အားမေကာင္းပါဘူး။ ဒီဂီယာ၊ ဖာရန္ေတာရက္စ္၊ လာေပၚတီ၊ မိုရာတာ တို႔ပါဝင္ေနတဲပ စပိန္ဟာ ပြဲစဥ္ေရးဆြဲပုံအရ ၁၆သင္းအဆင့္ကို ေက်ာ္ရင္ အနိမ့္ဆုံး ဆီမီးတက္ဖို႔ ရွိပါတယ္။
ဆြီဒင္
====
တေက်ာ့ျပန္ နတ္ဘုရားႀကီး အီဗရာဟီမိုဗစ္ လြဲေခ်ာ္သြားေပမယ့္ ဥေရာပတစ္လႊားက ကလပ္အသင္းေတြမွာ ကစားေနၾကတဲ့ ကစားသမားေတြကို အမ်ားဆုံး ေ႐ြးခ်ယ္ထားတဲ့ လူစာရင္းေၾကာင့္ ဒီအုပ္စုမွာ စပိန္ၿပီးရင္ ဆြီဒင္က သတိထားရမယ့္ အသင္းပါပဲ။ ေရွ႕တန္းတိုက္စစ္မွာ ဝါရင့္တိုက္စစ္မႈး မားကပ္စ္ဘတ္ခ္ ဦးေဆာင္လာၿပီး ေနာက္တန္းမွာ ယူႏိုက္တက္ကစားသမား လင္ဒီေလာ့ဖ္ ပါဝင္လာပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလို အုပ္စုတြင္း အသင္းေတြကို ဒုကၡေပးႏိုင္တဲ့ အေျခအေနမွာရွိၿပီး အုပ္စု ဒုတိယေနရာအတြက္ ပိုလန္နဲ႔အၿပိဳင္ လုရဖို႔ မ်ားပါတယ္။
ပိုလန္
=====
တိုက္စစ္မႈး လီဝန္ေဒါစကီး ဦးေဆာင္တဲ့ ပိုလန္အသင္းဟာ ဂိုးသြင္းအား အေတာ္ေကာင္းပါတယ္။ လီဝန္ေဒါစကီး၊ မီလစ္ခ္၊ ဇီလင္စကီးတို႔ ပါဝင္ေနၿပီး တိုက္စစ္အားရွိတဲ့ အသင္းပါ။ ဂ်ဴင္တပ္အသင္းဂိုးသမား ရွက္ဇီနီကလည္း စိတ္ခ်ရပါတယ္။ ပိုလန္အသင္းမွာ အားနည္းခ်က္ရွိတာကေတာ့ ေနာက္တန္းပါပဲ။ ေျခစစ္ပြဲ အေနအထား အရ ခံစစ္မညိမ္တာ ေတြ႕ရတယ္။ အဓိကၿပိဳင္ပြဲႀကီးေတြနဲ႔ ေဝးကြာေနတာၾကာၿပီျဖစ္တဲ့ ပိုလန္အေနနဲ႔ ဒီတစ္ႀကိမ္ယူ႐ိုၿပိဳင္ပြဲမွာ အုပ္စုတက္ခဲ့ရင္ ေအာင္ျမင္တယ္လို႔ ဆိုႏိုင္ပါတယ္။
ဆလိုဗက္ကီးယား
===========
နာပိုလီကစားသမားေဟာင္း ဟမ္ဆစ္ ဦးေဆာင္လာမယ့္ ဆလိုဗက္ကီးယားအသင္းဟာ ဒီအုပ္စုမွာေတာ့ under dog ျဖစ္ေနပါတယ္။ အသင္းလူစာရင္းမွာ တိုက္စစ္မႈးစစ္စစ္ ၃ေယာက္သာ ေ႐ြးထားတာကလည္း ထူးျခားပါတယ္။ ကြင္းလယ္ကစားသမား အမ်ားႀကီးေ႐ြးထားတဲ့ ဆလိုဗက္ကီးယားမွာ အားကိုးစရာကေတာ့ ဟမ္ဆစ္၊ အင္တာေနာက္ခံလူ ဆီကီရီနာ၊ ပါးမားက ကူကာ တို႔ေလာက္ပဲ ရွိေနၿပီး အုပ္စုအဆင့္ကေန ျပန္လွည့္ရဖို႔ ရွိေနပါတယ္။