တောက်ပလာနေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဟာလန်းရဲ့ အနာဂတ်လားရာက ဘယ်လဲ?

photo internet

အခုအချိန်မှာဥရောပရဲ့ထွန်းတောက်နေတဲ့ ဘောလုံးကြယ်ပွင့်တစ်ပွင့်ကို ပြောပါဆိုရင် ရက်ဘူးလ်ဆဲလ်ဘက် အသင်းရဲ့ တိုက်စစ်မှူးလေး ဟာလန်းကို ညွှန်းရမှာဖြစ်ပါတယ်။ အသက် 19 နှစ်အရွယ်နော်ဝေးသားလေး ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ 4 ပွဲသာကစားထားပေမယ့် သွင်းဂိုး 7 ဂိုးအထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါ တယ်။ ဒီလိုသွင်းဂိုးတွေရဖို့ဆိုတာဟာ မလွယ်ပါဘူး။ ဒါကြောင့် အဲဒီကောင်လေးဟာ ချန်ပီယံလိဂ်ရဲ့ခက်ခဲတဲ့ စံချိန်တစ်ခုကို ရရှိထားတာဖြစ်ပါတယ်။

photo internet

အဲဒီစံချိန်ကတော့ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဆယ်ကျော်သက် ကစားသမားဆိုတဲ့ စံချိန်ပဲဖြစ်ပါတယ်။ ဟာလန်းထက်အရင်အဲဒီဂုဏ်ပုဒ်ကို ရရှိခဲ့သူနှစ်ယောက်လည်းရှိပါတယ်။ သူတို့ကတော့ ရာအူးလ်နဲ့ အမ်ဘာပေတို့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနှစ်ယောက်ဟာ သွင်းဂိုး6ဂိုးစီသာသွင်းယူ ထားနိုင်ခဲ့ကြ တာဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းဟာရာအူးလ်နဲ့အမ်ဘာပေတို့ကိုကျော်လွန်ပြီးစံချိန်တင်နိုင်ခဲ့ တာဖြစ်ပါတယ်။

photo internet

ဟာလန်းအနေနဲ့အခုလက်ရှိသူတင်ထားတဲ့ စံချိန်ကို ပိုကောင်းအောင်လုပ်နိုင်မယ့် အခွင့်အရေးတွေရှိပါသေး တယ်။ အုပ်စုပွဲစဉ် 2 ပွဲကစားဖို့ကျန်နေသေးတာကြောင့် ဟာလန်းတစ်ယောက် သွင်းဂိုးတွေပိုတိုးအောင်လုပ်နိုင် တဲ့ အခွင့်အလမ်းရှိပါသေးတယ်။ ဒါ့အပြင်ဟာလန်းတစ်ယောက် ကံနဲ့ခြေစွမ်း စမ်းတက်ကြမ်းခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုလည်း ရယူနိုင်မှာဖြစ်သလို၊ အုပ်စုတွင်းပွဲစဉ်အားလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းကစားသမားအဖြစ်မှတ်တမ်းဝင်နေတဲ့ မက်ဆီရဲ့စံချိန်ကိုလည်း အမှီလိုက်နိုင်မှာဖြစ်ပါတယ်။

photo internet

ဟာလန်းရဲ့အနာဂတ်လားရာနဲ့ပတ်သက်လို့တော့ ဖခင်ဖြစ်သူ အဲ့လ်ဖ် အင့်ဂ် ဟားလန်းက သားဖြစ်သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စိတ်ဝင်စားသူဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ “သူကကျွန်တော့်အမွေကိုဆက်ခံခဲ့ သူဖြစ်ပြီး၊ လူငယ်ကစားသမားပီပီသူလုပ်ချင်တဲ့အရာတွေရှိပါတယ်။ တစ်ချိန်ချိန်မှာတော့ သူပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘယ်တော့ကစားဖြစ်မလဲဆိုတာတော့ကျွန်တော်မသိပါ ဘူး”လို့ ဟာလန်းရဲ့ဖခင်ဖြစ်သူကပြောဆိုလာခဲ့ပါတယ်။

photo internet

ထွက်ပေါ်လာတဲ့သတင်းများအရတော့ ဟာလန်းအတွက် ဆဲလ်ဘတ်အသင်းက ပြောင်းရွှေ့ကြေးယူရိုသန်း100 သတ်မှတ်ထားတယ်လို့သိရပါတယ်။ အဲဒီပြောင်းရွှေ့ကြေးသတင်းနဲ့ပတ်သက်လို့တော့ ဟာလန်းဖခင်ဖြစ်သူက မကြိုက်တဲ့အနေအထားရှိပါတယ်။ “တကယ်လို့ ဆဲလ်ဘတ်အသင်းဟာ အနာဂတ်မှာ အသင်းကို ပိုမိုတိုးတက် စေချင်ရင် အရမ်းများတဲ့ ဈေးနှုန်းတွေကို သတ်မှတ်ကြမှာ မဟုတ်ပါဘူး ။ မဟုတ်ရင် ထွက်ခွာလိုတဲ့ အချိန် လွယ်ကူမှာ မဟုတ်တဲ့အတွက် ဘယ်သူမှ အသင်းကို ပြောင်းရွှေ့ချင်ကြတော့မှာ မဟုတ်ဘူးလေ”လို့ ဟာလန်းဖခင်ကဆိုပါတယ်။ ဟာလန်းတစ်ယောက် သွင်းဂိုးတွေထပ်သွင်းပြီးစံချိန်တင်နိုင်မလား၊ သူ့ရဲ့အနာဂတ်လားရာဟာဘာဖြစ်မလဲဆိုတာတွေကို စောင့်ကြည့်ကြရအောင်ပါ။

photo internet

(Zawgyi Version)

ေတာက္ပလာေနတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ ဟာလန္းရဲ႕ အနာဂတ္လားရာက ဘယ္လဲ?

အခုအခ်ိန္မွာဥေရာပရဲ႕ထြန္းေတာက္ေနတဲ့ ေဘာလုံးၾကယ္ပြင့္တစ္ပြင့္ကို ေျပာပါဆုိရင္ ရက္ဘူးလ္ဆဲလ္ဘက္ အသင္းရဲ႕ တိုက္စစ္မွဴးေလး ဟာလန္းကို ညႊန္းရမွာျဖစ္ပါတယ္။ အသက္ 19 ႏွစ္အရြယ္ေနာ္ေ၀းသားေလး ဟာလန္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ 4 ပြဲသာကစားထားေပမယ့္ သြင္းဂိုး 7 ဂိုးအထိသြင္းယူထားႏိုင္ခဲ့တာျဖစ္ပါ တယ္။ ဒီလုိသြင္းဂိုးေတြရဖို႔ဆုိတာဟာ မလြယ္ပါဘူး။ ဒါေၾကာင့္ အဲဒီေကာင္ေလးဟာ ခ်န္ပီယံလိဂ္ရဲ႕ခက္ခဲတဲ့ စံခ်ိန္တစ္ခုကို ရရိွထားတာျဖစ္ပါတယ္။

အဲဒီစံခ်ိန္ကေတာ့ ခ်န္ပီယံလိဂ္ သြင္းဂိုးအမ်ားဆုံး သြင္းယူႏိုင္တဲ့ ဆယ္ေက်ာ္သက္ ကစားသမားဆုိတဲ့ စံခ်ိန္ပဲျဖစ္ပါတယ္။ ဟာလန္းထက္အရင္အဲဒီဂုဏ္ပုဒ္ကို ရရိွခဲ့သူႏွစ္ေယာက္လည္းရိွပါတယ္။ သူတို႔ကေတာ့ ရာအူးလ္နဲ႔ အမ္ဘာေပတို႔ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီႏွစ္ေယာက္ဟာ သြင္းဂိုး6ဂိုးစီသာသြင္းယူ ထားႏိုင္ခဲ့ၾက တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဟာလန္းဟာရာအူးလ္နဲ႔အမ္ဘာေပတုိ႔ကိုေက်ာ္လြန္ၿပီးစံခ်ိန္တင္ႏိုင္ခဲ့ တာျဖစ္ပါတယ္။

ဟာလန္းအေနနဲ႔အခုလက္ရိွသူတင္ထားတဲ့ စံခ်ိန္ကို ပိုေကာင္းေအာင္လုပ္ႏိုင္မယ့္ အခြင့္အေရးေတြရိွပါေသး တယ္။ အုပ္စုပြဲစဥ္ 2 ပြဲကစားဖို႔က်န္ေနေသးတာေၾကာင့္ ဟာလန္းတစ္ေယာက္ သြင္းဂိုးေတြပိုတိုးေအာင္လုပ္ႏိုင္ တဲ့ အခြင့္အလမ္းရိွပါေသးတယ္။ ဒါ့အျပင္ဟာလန္းတစ္ေယာက္ ကံနဲ႔ေျခစြမ္း စမ္းတက္ၾကမ္းခဲ့မယ္ဆုိရင္ေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ေရႊဖိနပ္ဆုကိုလည္း ရယူႏိုင္မွာျဖစ္သလို၊ အုပ္စုတြင္းပြဲစဥ္အားလုံးမွာ ဂိုးသြင္းယူႏိုင္တဲ့ တစ္ဦးတည္းကစားသမားအျဖစ္မွတ္တမ္း၀င္ေနတဲ့ မက္ဆီရဲ႕စံခ်ိန္ကိုလည္း အမွီလိုက္ႏိုင္မွာျဖစ္ပါတယ္။

ဟာလန္းရဲ႕အနာဂတ္လားရာနဲ႔ပတ္သက္လို႔ေတာ့ ဖခင္ျဖစ္သူ အဲ့လ္ဖ္ အင့္ဂ္ ဟားလန္းက သားျဖစ္သူဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို စိတ္၀င္စားသူျဖစ္ေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။ “သူကကၽြန္ေတာ့္အေမြကိုဆက္ခံခဲ့ သူျဖစ္ၿပီး၊ လူငယ္ကစားသမားပီပီသူလုပ္ခ်င္တဲ့အရာေတြရိွပါတယ္။ တစ္ခ်ိန္ခ်ိန္မွာေတာ့ သူပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ကစားလိမ့္မယ္လုိ႔ ကၽြန္ေတာ္ယုံၾကည္ပါတယ္။ ဘယ္ေတာ့ကစားျဖစ္မလဲဆုိတာေတာ့ကၽြန္ေတာ္မသိပါ ဘူး”လို႔ ဟာလန္းရဲ႕ဖခင္ျဖစ္သူကေျပာဆိုလာခဲ့ပါတယ္။

ထြက္ေပၚလာတဲ့သတင္းမ်ားအရေတာ့ ဟာလန္းအတြက္ ဆဲလ္ဘတ္အသင္းက ေျပာင္းေရႊ႕ေၾကးယူရိုသန္း100 သတ္မွတ္ထားတယ္လို႔သိရပါတယ္။ အဲဒီေျပာင္းေရႊ႕ေၾကးသတင္းနဲ႔ပတ္သက္လို႔ေတာ့ ဟာလန္းဖခင္ျဖစ္သူက မႀကိဳက္တဲ့အေနအထားရိွပါတယ္။ “တကယ္လို႔ ဆဲလ္ဘတ္အသင္းဟာ အနာဂတ္မွာ အသင္းကို ပိုမိုတိုးတက္ ေစခ်င္ရင္ အရမ္းမ်ားတဲ့ ေစ်းႏႈန္းေတြကို သတ္မွတ္ၾကမွာ မဟုတ္ပါဘူး ။ မဟုတ္ရင္ ထြက္ခြာလိုတဲ့ အခ်ိန္ လြယ္ကူမွာ မဟုတ္တဲ့အတြက္ ဘယ္သူမွ အသင္းကို ေျပာင္းေ႐ႊ႕ခ်င္ၾကေတာ့မွာ မဟုတ္ဘူးေလ”လို႔ ဟာလန္းဖခင္ကဆိုပါတယ္။ ဟာလန္းတစ္ေယာက္ သြင္းဂိုးေတြထပ္သြင္းၿပီးစံခ်ိန္တင္ႏိုင္မလား၊ သူ႔ရဲ႕အနာဂတ္လားရာဟာဘာျဖစ္မလဲဆုိတာေတြကို ေစာင့္ၾကည့္ၾကရေအာင္ပါ။