တူဟယ်လည်း လမ်းပတ်လမ်းစဉ်လိုက်ရဖို့ များတယ်လို့ ဂယ်ရီနဗီးလ် ခန့်မှန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် နောက်ခံလူ ဂယ်ရီနဗီးလ်က ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေပြီဖြစ်တဲ့ တူဟယ်လ်အနေနဲ့ အသင်းအတွက် အောင်မြင်မှု မယူပေးနိုင်ရင် လမ်းပတ်လိုပဲ နှစ်ရာသီအတွင်းမှာပဲ ရာထူးကအထုတ်ခံဖို့ရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ပြီး (၁၈)လအကြာမှာ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာဖြစ်သလို အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်လက်ထက် ရာထူးကအထုတ်ခံရတဲ့ (၁၀)ယောက်မြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ ချယ်လ်ဆီးအသင်းဟာ ဒေ့ါမွန်နဲ့ PSG နည်းပြဟောင်း တူဟယ်လ်ကို နည်းပြသစ်ခန့်ဖို့ သဘောတူညီမှုရရှိခဲ့ပြီး တူဟယ်လ်ဟာ အခုဗုဒ္ဓဟူးနေ့မှာ ဝုလ်ဗ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲကို ချယ်လ်ဆီးနည်းပြသစ်အဖြစ် စတင်ကိုင်တွယ်သွားဖို့ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တူဟယ်လ်ဟာ ဒေ့ါမွန်အသင်းနဲ့ ဂျာမန်ဖလား၊ PSG အသင်းနဲ့အတူ အမှတ်ပေးဖလားအပါအဝင် ပြည်တွင်းဆုဖလားတွေ ရယူနိုင်ခဲ့ပြီး သူဟာ အေဘရာမိုဗစ်ချ်လက်ထက် ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ (၁၅)ဦးမြောက် နည်းပြဖြစ်လာမှာပါ။

ချယ်လ်ဆီးအသင်းဟာ အခုလောလောဆယ် အမှတ်ပေးဇယားထိပ်ဆုံးက ယူနိုက်တက်အသင်းနဲ့ (၁၁)မှတ်အကွာ အဆင့်(၉)နေရာမှာ ရပ်တည်နေပြီး တူဟယ်လ်အနေနဲ့ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းကြောင်းပေါ်ရောက်အောင် အဓိက စွမ်းဆောင်ဖို့ လိုတယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။

ဒါပေမဲ့ ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့ လက်ရွေးစင်ကစားဖော်ဟောင်း လမ်းပတ်ကို အားပေးခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ သူတို့လိုချင်တဲ့အနေအထားမျိုး မရဘူးဆိုရင် နည်းပြအပြောင်းအလဲလုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “နည်းပြတွေ မကြာခဏအပြောင်းအလဲလုပ်တာက ချယ်လ်ဆီးအသင်းအတွက် မထူးဆန်းပါဘူး။ သူတို့ လိုချင်တဲ့ အောင်မြင်မှုမျိုး မရရင် နည်းပြတစ်ယောက်ဟာ (၁၂)ကနေ (၁၈)လအတွင်း ရာထူးက အထုတ်ခံရဖို့သေချာတယ်ဆိုတာ လမ်းပတ်က ဥပမာပြသွားပါပြီ။ ရာထူးက အထုတ်ခံရလို့ လမ်းပတ်ရဲ့အနာဂတ်အတွက် ကျွန်တော် မစိုးရိမ်မိပါဘူး။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရတဲ့အချိန်က တိုတောင်းသလို၊ ကစားသမားသစ်တွေနဲ့ အထိုင်ကျအောင် ကြိုးစားခဲ့ရတာပါ။ ချယ်လ်ဆီးအသင်းရဲ့ ထုံးစံက ကစားသမားသစ်တွေခေါ်ယူဖို့ ငွေသုံးပြီဆိုရင် အောင်မြင်မှုရဖို့အတွက် နည်းပြတွေအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားလေ့ရှိတာပါပဲ။ လမ်းပတ်မှမဟုတ်ပါဘူး၊ အရင်နည်းပြတွေတုန်းကလည်း အဲဒီလိုဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြရာထူးကို လက်ခံလိုက်တာနဲ့ ဒီလိုအနေအထား ရင်ဆိုင်ရမယ်ဆိုတာ လမ်းပတ်ကိုယ်တိုင် နားလည်ထားပြီးသားပါ။ အဓိကအချက်ကတော့ ရလဒ်တွေ ဆိုးရွားတာနဲ့ အသင်းရဲ့ စွမ်းဆောင်ရည် မတည်ငြိမ်တာက လမ်းပတ်ရဲ့ ချယ်လ်ဆီးနည်းပြဘဝကို အဆုံးအဖြတ်ပေးခဲ့တာပဲဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တူဟယ္လည္း လမ္းပတ္လမ္းစဥ္လိုက္ရဖို႔ မ်ားတယ္လို႔ ဂယ္ရီနဗီးလ္ ခန႔္မွန္း

ေဘာလုံးပြဲ သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ ေနာက္ခံလူ ဂယ္ရီနဗီးလ္က ခ်ယ္လ္ဆီးနည္းျပသစ္ျဖစ္လာဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ တူဟယ္လ္အေနနဲ႔ အသင္းအတြက္ ေအာင္ျမင္မႈ မယူေပးႏိုင္ရင္ လမ္းပတ္လိုပဲ ႏွစ္ရာသီအတြင္းမွာပဲ ရာထူးကအထုတ္ခံဖို႔ရွိတယ္လို႔ သုံးသပ္လိုက္ပါတယ္။ လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ၿပီး (၁၈)လအၾကာမွာ နည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရတာျဖစ္သလို အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္လက္ထက္ ရာထူးကအထုတ္ခံရတဲ့ (၁၀)ေယာက္ေျမာက္နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ၿဗိတိန္မီဒီယာေတြကေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ေဒ့ါမြန္နဲ႔ PSG နည္းျပေဟာင္း တူဟယ္လ္ကို နည္းျပသစ္ခန႔္ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီး တူဟယ္လ္ဟာ အခုဗုဒၶဟူးေန႔မွာ ဝုလ္ဗ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲကို ခ်ယ္လ္ဆီးနည္းျပသစ္အျဖစ္ စတင္ကိုင္တြယ္သြားဖို႔ရွိတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

အသက္(၄၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တူဟယ္လ္ဟာ ေဒ့ါမြန္အသင္းနဲ႔ ဂ်ာမန္ဖလား၊ PSG အသင္းနဲ႔အတူ အမွတ္ေပးဖလားအပါအဝင္ ျပည္တြင္းဆုဖလားေတြ ရယူႏိုင္ခဲ့ၿပီး သူဟာ ေအဘရာမိုဗစ္ခ်္လက္ထက္ ခ်ယ္လ္ဆီးနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ (၁၅)ဦးေျမာက္ နည္းျပျဖစ္လာမွာပါ။ ခ်ယ္လ္ဆီးအသင္းဟာ အခုေလာေလာဆယ္ အမွတ္ေပးဇယားထိပ္ဆုံးက ယူႏိုက္တက္အသင္းနဲ႔ (၁၁)မွတ္အကြာ အဆင့္(၉)ေနရာမွာ ရပ္တည္ေနၿပီး တူဟယ္လ္အေနနဲ႔ ခ်ယ္လ္ဆီးအသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံဆုေျပးလမ္းေၾကာင္းေပၚေရာက္ေအာင္ အဓိက စြမ္းေဆာင္ဖို႔ လိုတယ္လို႔ ၿဗိတိန္မီဒီယာေတြက သုံးသပ္ေနၾကပါတယ္။ ဒါေပမဲ့ ဂယ္ရီနဗီးလ္ကေတာ့ သူ႔ရဲ႕ လက္ေ႐ြးစင္ကစားေဖာ္ေဟာင္း လမ္းပတ္ကို အားေပးခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းဟာ သူတို႔လိုခ်င္တဲ့အေနအထားမ်ိဳး မရဘူးဆိုရင္ နည္းျပအေျပာင္းအလဲလုပ္ဖို႔ ဝန္ေလးမွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီနဗီးလ္က “နည္းျပေတြ မၾကာခဏအေျပာင္းအလဲလုပ္တာက ခ်ယ္လ္ဆီးအသင္းအတြက္ မထူးဆန္းပါဘူး။ သူတို႔ လိုခ်င္တဲ့ ေအာင္ျမင္မႈမ်ိဳး မရရင္ နည္းျပတစ္ေယာက္ဟာ (၁၂)ကေန (၁၈)လအတြင္း ရာထူးက အထုတ္ခံရဖို႔ေသခ်ာတယ္ဆိုတာ လမ္းပတ္က ဥပမာျပသြားပါၿပီ။ ရာထူးက အထုတ္ခံရလို႔ လမ္းပတ္ရဲ႕အနာဂတ္အတြက္ ကြၽန္ေတာ္ မစိုးရိမ္မိပါဘူး။ လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ရတဲ့အခ်ိန္က တိုေတာင္းသလို၊ ကစားသမားသစ္ေတြနဲ႔ အထိုင္က်ေအာင္ ႀကိဳးစားခဲ့ရတာပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ ထုံးစံက ကစားသမားသစ္ေတြေခၚယူဖို႔ ေငြသုံးၿပီဆိုရင္ ေအာင္ျမင္မႈရဖို႔အတြက္ နည္းျပေတြအေပၚ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားထားေလ့ရွိတာပါပဲ။ လမ္းပတ္မွမဟုတ္ပါဘူး၊ အရင္နည္းျပေတြတုန္းကလည္း အဲဒီလိုျဖစ္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးနည္းျပရာထူးကို လက္ခံလိုက္တာနဲ႔ ဒီလိုအေနအထား ရင္ဆိုင္ရမယ္ဆိုတာ လမ္းပတ္ကိုယ္တိုင္ နားလည္ထားၿပီးသားပါ။ အဓိကအခ်က္ကေတာ့ ရလဒ္ေတြ ဆိုး႐ြားတာနဲ႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ မတည္ၿငိမ္တာက လမ္းပတ္ရဲ႕ ခ်ယ္လ္ဆီးနည္းျပဘဝကို အဆုံးအျဖတ္ေပးခဲ့တာပဲျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။