တူရင်မှာ အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးစီးရီးအေနိုင်ပွဲ ရယူသွားတဲ့ အတ္တလန္တာ

Photo Credit

Photo Credit

ဒီရာသီမှာ အထူးခြေစွမ်းပြနေတဲ့ အတ္တလန္တာအသင်းဟာ တိုရီနိုကို အဝေးကွင်းမှာ ဝ-၇ဂိုးနဲ့အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးစီးရီးအေနိုင်ပွဲရယူနိုင်ခဲ့သလို တောင်ပံကစားသမား အီလီဆစ်ကလည်း ဟက်ထရစ်ရှင်အဖြစ် ခံယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဗလန်စီယာနဲ့ကစားရမယ့် အတ္တလန္တာဟာ နောက်ထပ်ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ပိုမိုအားကောင်းလာပါတယ်။

https://twitter.com/AtalantaBGFan/status/1221196664087687171

Video Credit

ကွင်းတစ်ဝက်စည်းနားလောက်ကနေ အံ့အားသင့်ဖွယ်ဖရီးကစ်သွင်းယူနိုင်ခဲ့တဲ့ အီလီဆစ်ကလည်း ၂၀၁၈-၁၉ ရာသီစတင်ပြီးနောက်ပိုင်း စီးရီးအေမှာ ၄ကြိမ်မြောက် ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ခုမှာ အဲဒီကာလအတွင်း သူ့ထက် ဟက်ထရစ်ပိုသွင်းနိုင်တဲ့ကစားသမားဆိုလို့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ (၇ကြိမ်)နဲ့ စီးတီးတိုက်စစ်မှူး အဂွဲရိုး(၆ကြိမ်)တို့ပဲ ရှိပါတယ်။

Photo Credit

အတ္တလန္တာအတွက် အသင်းသမိုင်းတစ်လျှောက် စီးရီးအေအကြီးမားဆုံးနိုင်ပွဲဖြစ်လာချိန်မှာ တိုရီနိုအတွက်လည်း အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲလည်းဖြစ်လာပါတယ်။

Photo Credit

နည်းပြဂက်စ်ပါရီနီဦးဆောင်တဲ့ အတ္တလန္တာအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရနောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄နေရာက ရိုးမားနဲ့ အမှတ်တူအနေအထားဖြစ်လာပြီး ရိုးမားက ဒီညမှာ ခြေစွမ်းထက်နေတဲ့ လာဇီယိုနဲ့အိမ်ကွင်းပွဲကစားရမှာဖြစ်ကာ တိုရီနိုကတော့ အဆင့် ၁၀ နေရာရောက်သွားပါတယ်။

Photo Credit

အတ္တလန္တာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ တတိယနေရာရရှိကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး အုပ်စုအဆင့်မှာ အဖွင့် ၃ပွဲဆက်ရှုံးနိမ့်ခဲ့ပေမယ့် စီးတီးရဲ့နောက် အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်တက်ရောက်ထားနိုင်ပါတယ်။

Photo Credit

Zawgyi

တူရင္မွာ အသင္းသမုိင္းတစ္ေလွ်ာက္ အႀကီးမားဆုံးစီးရီးေအႏိုင္ပြဲ ရယူသြားတဲ့ အတၱလႏၱာ

ဒီရာသီမွာ အထူးေျခစြမ္းျပေနတဲ့ အတၱလႏၱာအသင္းဟာ တိုရီႏိုကို အေ၀းကြင္းမွာ ၀-၇ဂိုးနဲ႔အႏိုင္ယူၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးစီးရီးေအႏိုင္ပြဲရယူႏိုင္ခဲ့သလို ေတာင္ပံကစားသမား အီလီဆစ္ကလည္း ဟက္ထရစ္ရွင္အျဖစ္ ခံယူႏုိင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ ဗလန္စီယာနဲ႔ကစားရမယ့္ အတၱလႏၱာဟာ ေနာက္ထပ္ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ ပိုမိုအားေကာင္းလာပါတယ္။
ကြင္းတစ္၀က္စည္းနားေလာက္ကေန အံ့အားသင့္ဖြယ္ဖရီးကစ္သြင္းယူႏုိင္ခဲ့တဲ့ အီလီဆစ္ကလည္း ၂၀၁၈-၁၉ ရာသီစတင္ၿပီးေနာက္ပိုင္း စီးရီးေအမွာ ၄ႀကိမ္ေျမာက္ ဟက္ထရစ္ရယူႏုိင္ခဲ့တာျဖစ္ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ခုမွာ အဲဒီကာလအတြင္း သူ႕ထက္ ဟက္ထရစ္ပိုသြင္းႏုိင္တဲ့ကစားသမားဆုိလုိ႔ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီ (၇ႀကိမ္)နဲ႔ စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုး(၆ႀကိမ္)တို႔ပဲ ရွိပါတယ္။
အတၱလႏၱာအတြက္ အသင္းသမုိင္းတစ္ေလွ်ာက္ စီးရီးေအအႀကီးမားဆုံးႏိုင္ပြဲျဖစ္လာခ်ိန္မွာ တိုရီႏိုအတြက္လည္း အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆုံးအိမ္ကြင္း႐ႈံးပြဲလည္းျဖစ္လာပါတယ္။
နည္းျပဂက္စ္ပါရီနီဦးေဆာင္တဲ့ အတၱလႏၱာအသင္းဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ရေနာက္ဆံုးေနရာျဖစ္တဲ့ အဆင့္ ၄ေနရာက ႐ိုးမားနဲ႔ အမွတ္တူအေနအထားျဖစ္လာၿပီး ႐ိုးမားက ဒီညမွာ ေျခစြမ္းထက္ေနတဲ့ လာဇီယိုနဲ႔အိမ္ကြင္းပြဲကစားရမွာျဖစ္ကာ တုိရီႏိုကေတာ့ အဆင့္ ၁၀ ေနရာေရာက္သြားပါတယ္။
အတၱလႏၱာအသင္းဟာ ၿပီးခဲ့တဲ့ရာသီက စီးရီးေအမွာ တတိယေနရာရရွိကာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့ၿပီး အုပ္စုအဆင့္မွာ အဖြင့္ ၃ပြဲဆက္႐ံႈးနိမ့္ခဲ့ေပမယ့္ စီးတီးရဲ႕ေနာက္ အုပ္စုဒုတိယနဲ႔ ႐ံႈးထြက္အဆင့္တက္ေရာက္ထားႏိုင္ပါတယ္။