ရော်နယ်ဒို ဂိုးမသွင်းနိုင်လု့ိလည်း ဂျူဗီတို့ အမှတ်လျော့မလို ဖြစ်ခဲ့ရတဲ့ တူရင်ဒါဘီ (ဂျူဗင်တပ်စ် ၂ – ၁ တိုရီနို) ပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းဟာ မနေ့ညက စီးရီးအေ ပွဲစဉ်မှာ တိုရီနိုရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမဲ့ ပွဲပြီးခါနီး ၁၃မိနစ်အတွင်း ၂ဂိုးပြတ်သွင်းကာ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

တိုရီနိုက ပွဲအစ ၉မိနစ်မှာတင် အန်ကိုလူက ဦးဆောင်ဂိုး သွင်းခဲ့ပြီး ပွဲပြီးခါနီး ၁၃မိနစ်အလိုမှာ မက္ကင်နီနဲ့ ဘိုနူချီတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့လို့ ဂျူဗင်တပ်စ်တို့ နိုင်ပွဲတစ်ပွဲ ရှာဖွေ နိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်အတွင်း ပြောစရာ ဖြစ်ခဲ့တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၅.clean sheet မရခဲ့ပြန်တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ယခုနှစ်ရာသီ စီးရီးအေပွဲစဉ် ၁၀ပွဲမှာ ၈ဂိုးအထိ ပေးထာရပြီး အဆိုးဆုံး ခံစစ်စွမ်းရည် ပိုင်ဆိုင်ထားခဲ့ပေမဲ့ clean sheet ရတဲ့ ပွဲက အနည်းငယ်သာ ရခဲ့ပါတယ်။  ဂျူဗင်တပ်စ်ဟာ စက်တင်ဘာလက စီးရီးအေ ပွဲစဉ်တွေကို ပြန်လည် ကစားခဲ့ပေမဲ့ ကက်ဂလီယာရီကို ၂-ဝနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ clean sheet ရခဲ့ပါတယ်။


ရာသီအစတုန်းက အဓိက ခံစစ် ကစားသမားတွေ မပါလို့ ခုလို ဂိုးတွေ ပေးခဲ့ရတယ်လို့ ဆိုခဲ့ပေမဲ့ တိုရီနိုနဲ့ ပွဲမှာတော့ အကောင်းဆုံး ခံစစ်မှူး ၂ဦး ပါဝင်လာခဲ့ပေမဲ့ တိုရီနိုကာ ဦးစွာ ဂိုးပေးခဲ့ရပါတယ်။ ကွာဒရာဒိုက ရှေ့တက် ကစားတတ်သူ ဖြစ်တာကြောင့် ဂျူဗီအနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ ညာနောက်ခံနေရာ ရှာဖွေဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

၄.ယခင်ကထက် အမှတ်တွေ ပိုလျော့တော့မလို ဖြစ်နေတဲ့ ဂျူဗီ

ဂျူဗင်တပ်စ်အသင်းဟာ တိုရီနိုနဲ့ ပွဲမှာ ဂိုးသွင်းဖို့ ယုံကြည်ချက်မရှိဘဲ ဖြစ်နေပြီး ပထမပိုင်းအတွင်း ဂိုးပေါက်တည့်မှု ၁ကြိမ်သာ ရှိခဲ့ပါတယ်။ တိုက်စစ်က ဒီနှစ်ရာသီ အသင်းရဲ့ သွင်းဂိုး ၅၀%ကို သွင်းယူပေးထားတဲ့ ရော်နယ်ဒိုအပေါ် အလွန် မှီခိုလွန်းတယ်လို့ ဝေဖန်ရမှာပါ။


ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအတွက် သွင်းဂိုး ၇၅၀ ပြည့်ခဲ့ပေမဲ့ တိုရီနိုနဲ့ ပွဲမှာတော့ ဂိုးမရခဲ့ဘဲ သူ ဂိုးမသွင်းနိုင်လု့ိလည်း ဂျူဗီတို့ အမှတ်လျော့မလို ဖြစ်ခဲ့ပါတယ်။

၃.လုံ့လဝီရိယာကြောင့် ဒုတိယပိုင်းမှာ ပြန်နိုင်ခဲ့တဲ့ ဂျူဗီ

ဂျူဗင်တပ်စ်အသင်းဟာ ပွဲတစ်ပွဲလုံး ဘောလုံးကိုင်ထားနိုင်ခဲ့ပြီး နောက်ဆုံးမှာ နောက်ကျအနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဆိုးရွားတဲ့ ပထမပိုင်းအပြီး ဂျူဗီတို့ ဦးဆောင်ဂိုး ပေးလိုက်ရပြီး ဒုတိယပိုင်းမှာတော့ ဘောလုံးကိုင်နိုင်ခဲ့ကာ ထောင့်ကန်ဘော ၁၃ကြိမ်အထိ ရခဲ့ပါတယ်။

၂.man of the match စွမ်းဆောင်ရည်နဲ့ ကွာဒရာဒို

ရော်နယ်ဒဒို မပါခြင်းကြောင့် ပြီးခဲ့တဲ့အပတ်က ဘီနီဗန်တိုကို သရေကျခဲ့ပေမဲ့ တိုရီနိုနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တာ ၃၅နစ်သား မဟုတ်ခဲ့ပါဘူး။ ခြေစွမ်းပြခဲ့တာကတော့ ညာနောက်ခံလူ ကွာဒရာဒို ဖြစ်ပြီး သူ့ရဲ့ ကန်သွင်းချက် တစ်ကြိမ်ကို VARက ငြင်းပယ်ခဲ့ပြီး သွင်းဂိုး ၂ဂိုးစလုံးကိုလည်း ဖြတ်တင်ဘောတွေနဲ့ ဖန်တီးပေးခဲ့ပါတယ်။

၁.ဂျူဗင်တပ်စ်နည်းပြဘ၀ အစ စွမ်းဆောင်ရည် သာမန်သာ ရှိခဲ့ပေမဲ့ စီးရီးအေ စံချိန်သစ်တစ်ခု ရရှိခဲ့တဲ့ ပီယာလို

ပီယာလိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ရာသီအစ ၉ပွဲမှာ ၅ပွဲ သရေကျပြီး ဆိုရွားတဲ့ စီးရီးအေ စွမ်းဆောင်ရည်အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဘီနီဗန်တို၊ ဗီရိုနာ၊ ခရိုတိုနီတို့လို အသင်းလေးတွေနဲ့ ပွဲစဉ်တွေမှာ အမှတ်လျော့ခဲ့ပါတယ်။


ဒါပေမဲ့ တူရင် ဒါဘီပွဲအပြီးမှာတော့ ပီယာလိုဟာ ၁၉၉၄-၉၅ရာသီနောက်ပိုင်း စီးရီးအေ ရာသီအစ ၁၀ပွဲကို ရှုံးပွဲမရှိဘဲ ကျော်ဖြတ်နိုင်တဲ့ ပထမဆုံး နည်းပြအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒို ဂိုးမသြင္းႏိုင္လု႔ိလည္း ဂ်ဴဗီတို႔ အမွတ္ေလ်ာ့မလို ျဖစ္ခဲ့ရတဲ့ တူရင္ဒါဘီ (ဂ်ဴဗင္တပ္စ္ ၂ – ၁ တိုရီႏို) ပြဲစဥ္မွာ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္

ဂ်ဴဗင္တပ္စ္အသင္းဟာ မေန႔ညက စီးရီးေအ ပြဲစဥ္မွာ တုိရီႏိုရဲ႕ ဦးေဆာင္ျခင္း ခံခဲ့ရေပမဲ့ ပဲြျပီးခါနီး ၁၃မိနစ္အတြင္း ၂ဂိုးျပတ္သြင္းကာ ႏိုင္ပဲြ ရယူသြားႏုိင္ခဲ့ပါတယ္။ တုိရီႏိုက ပြဲအစ ၉မိနစ္မွာတင္ အန္ကိုလူက ဦးေဆာင္ဂိုး သြင္းခဲ့ျပီး ပဲြျပီးခါနီး ၁၃မိနစ္အလိုမွာ မကၠင္နီနဲ႔ ဘုိႏူခ်ီတုိ႔က ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ ျပန္သြင္းႏိုင္ခဲ့လို႔ ဂ်ဴဗင္တပ္စ္တုိ႔ ႏို္င္ပဲြတစ္ပြဲ ရွာေဖြ ႏို္င္ခဲ့ပါတယ္။ အဆိုပါ ပဲြစဥ္အတြင္း ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ (၅) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၅.clean sheet မရခဲ့ျပန္တဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ ယခုႏွစ္ရာသီ စီးရီးေအပြဲစဥ္ ၁၀ပြဲမွာ ၈ဂိုးအထိ ေပးထာရျပီး အဆုိးဆံုး ခံစစ္စြမ္းရည္ ပုိင္ဆိုင္ထားခဲ့ေပမဲ့ clean sheet ရတဲ့ ပဲြက အနည္းငယ္သာ ရခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ စက္တင္ဘာလက စီးရီးေအ ပဲြစဥ္ေတြကို ျပန္လည္ ကစားခဲ့ေပမဲ့ ကက္ဂလီယာရီကို ၂-၀နဲ႔ အႏုိင္ရခဲ့တဲ့ ပြဲစဥ္တစ္ပဲြသာ clean sheet ရခဲ့ပါတယ္။ ရာသီအစတုန္းက အဓိက ခံစစ္ ကစားသမားေတြ မပါလို႔ ခုလို ဂိုးေတြ ေပးခဲ့ရတယ္လို႔ ဆုိခဲ့ေပမဲ့ တုိရီႏိုနဲ႔ ပဲြမွာေတာ့ အေကာင္းဆံုး ခံစစ္မွဴး ၂ဦး ပါ၀င္လာခဲ့ေပမဲ့ တုိရီႏိုကာ ဦးစြာ ဂိုးေပးခဲ့ရပါတယ္။ ကြာဒရာဒိုက ေရွ႕တက္ ကစားတတ္သူ ျဖစ္တာေၾကာင့္ ဂ်ဴဗီအေနနဲ႔ လာမယ့္ အေျပာင္းအေရႊ႕မွာ ညာေနာက္ခံေနရာ ရွာေဖြဖုိ႔ လိုအပ္ေနျပီ ျဖစ္ပါတယ္။

၄.ယခင္ကထက္ အမွတ္ေတြ ပုိေလ်ာ့ေတာ့မလို ျဖစ္ေနတဲ့ ဂ်ဴဗီ

ဂ်ဴဗင္တပ္စ္အသင္းဟာ တုိရီႏိုနဲ႔ ပြဲမွာ ဂိုးသြင္းဖို႔ ယံုၾကည္ခ်က္မရွိဘဲ ျဖစ္ေနျပီး ပထမပုိင္းအတြင္း ဂိုးေပါက္တည့္မႈ ၁ၾကိမ္သာ ရွိခဲ့ပါတယ္။ တိုက္စစ္က ဒီႏွစ္ရာသီ အသင္းရဲ႕ သြင္းဂိုး ၅၀%ကို သြင္းယူေပးထားတဲ့ ေရာ္နယ္ဒိုအေပၚ အလြန္ မွီခိုလြန္းတယ္လို႔ ေ၀ဖန္ရမွာပါ။ ေရာ္နယ္ဒိုဟာ ကလပ္နဲ႔ ႏိုင္ငံအတြက္ သြင္းဂိုး ၇၅၀ ျပည့္ခဲ့ေပမဲ့ တိုရီႏိုနဲ႔ ပြဲမွာေတာ့ ဂိုးမရခဲ့ဘဲ သူ ဂိုးမသြင္းႏုိင္လု႔ိလည္း ဂ်ဴဗီတုိ႔ အမွတ္ေလ်ာ့မလို ျဖစ္ခဲ့ပါတယ္။

၃.လံု႔လ၀ီရိယာေၾကာင့္ ဒုတိယပုိင္းမွာ ျပန္ႏုိင္ခဲ့တဲ့ ဂ်ဴဗီ

ဂ်ဴဗင္တပ္စ္အသင္းဟာ ပဲြတစ္ပဲြလံုး ေဘာလံုးကိုင္ထားႏိုင္ခဲ့ျပီး ေနာက္ဆံုးမွာ ေနာက္က်အႏိုင္ဂိုး ရရွိခဲ့ပါတယ္။ ဆိုးရြားတဲ့ ပထမပုိင္းအျပီး ဂ်ဴဗီတို႔ ဦးေဆာင္ဂိုး ေပးလိုက္ရျပီး ဒုတိယပုိင္းမွာေတာ့ ေဘာလံုးကိုင္ႏုိင္ခဲ့ကာ ေထာင့္ကန္ေဘာ ၁၃ၾကိမ္အထိ ရခဲ့ပါတယ္။

၂.man of the match စြမ္းေဆာင္ရည္နဲ႔ ကြာဒရာဒို

ေရာ္နယ္ဒဒို မပါျခင္းေၾကာင့္ ျပီးခဲ့တဲ့အပတ္က ဘီနီဗန္တုိကို သေရက်ခဲ့ေပမဲ့ တုိရီႏိုနဲ႔ ပဲြမွာ ေျခစြမ္းျပခဲ့တာ ၃၅ႏစ္သား မဟုတ္ခဲ့ပါဘူး။ ေျခစြမ္းျပခဲ့တာကေတာ့ ညာေနာက္ခံလူ ကြာဒရာဒို ျဖစ္ျပီး သူ႕ရဲ႕ ကန္သြင္းခ်က္ တစ္ၾကိမ္ကို VARက ျငင္းပယ္ခဲ့ျပီး သြင္းဂိုး ၂ဂိုးစလံုးကိုလည္း ျဖတ္တင္ေဘာေတြနဲ႔ ဖန္တီးေပးခဲ့ပါတယ္္။

၁.ဂ်ဴဗင္တပ္စ္နည္းျပဘ၀ အစ စြမ္းေဆာင္ရည္ သာမန္သာ ရွိခဲ့ေပမဲ့ စီးရီးေအ စံခ်ိန္သစ္တစ္ခု ရရွိခဲ့တဲ့ ပီယာလို

ပီယာလိုဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ရာသီအစ ၉ပြဲမွာ ၅ပဲြ သေရက်ျပီး ဆုိရြားတဲ့ စီးရီးေအ စြမ္းေဆာင္ရည္အတြက္ ေ၀ဖန္ခံခဲ့ရပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဘီနီဗန္တုိ၊ ဗီရိုနာ၊ ခရိုတိုနီတုိ႔လို အသင္းေလးေတြနဲ႔ ပြဲစဥ္ေတြမွာ အမွတ္ေလ်ာ့ခဲ့ပါတယ္။ ဒါေပမဲ့ တူရင္ ဒါဘီပဲြအျပီးမွာေတာ့ ပီယာလိုဟာ ၁၉၉၄-၉၅ရာသီေနာက္ပုိင္း စီးရီးေအ ရာသီအစ ၁၀ပဲြကို ရႈံးပဲြမရွိဘဲ ေက်ာ္ျဖတ္ႏိုင္တဲ့ ပထမဆံုး နည္းျပအျဖစ္ မွတ္တမ္း ၀င္သြားခဲ့ပါတယ္။