

တူရင်ဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက်တိုရီနိုကို အနိုင်ရပေမယ့် လိုချင်တဲ့ပုံစံအတိုင်း မဖန်တီးနိုင်ခဲ့ဘူးလို့ ဂျူဗင်တပ်နည်းပြဆာရီက ဖွင့်ဟလိုက်ပါတယ်။ဂျူဗင်တပ်ဟာ တိုရီနိုရဲ့အိမ်ကွင်းမှာကစားတဲ့ အဲဒီပွဲစဉ်မှာ နောက်ခံလူဒီလစ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။

“ သိပ်ကိုခက်ခဲတဲ့ပွဲစဉ်ဖြစ်ပါတယ်။ တိုရီနိုဟာပွဲအစမှာကတည်းက ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ ကျွန်တော်တို့ကိုရင်ဆိုင်ခဲ့ပါတယ်။ ပွဲချိန်ကြာလာတဲ့နောက်ပိုင်းမှသာ ကျွန်တော်တို့ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေအပြင် ခပ်ကြမ်းကြမ်းကစားခဲ့ရတဲ့အခုလိုပွဲက အရမ်းကိုခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့စရိုက်အရ အဲ့ဒီလိုကစားချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် အဆင်ပြေတဲ့နည်းလမ်းအတိုင်း လိုက်ကစားခဲ့ရပါတယ်။ ဒီလိုပွဲမျိုးကိုလှပအောင် ဖန်တီးလို့မရပါဘူး။ ပြိုင်ဘက်ရဲ့စရိုက်အပြင် သူတို့ရဲ့အိမ်ကွင်းမှာ ဖိအားပေးတောင်းဆိုလာတဲ့အပြုအမူတွေအရ အနိုင်ရဖို့ဘယ်လိုလုပ်ရမလဲဆိုတာကို အဓိကထားခဲ့ရပါတယ်” လို့ ဆာရီကပြောဆိုသွားကြောင်း Football Italia က ဖေါ်ပြလိုက်ပါတယ်။

ဒါ့အပြင် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်ရှိနေတာကြောင့် အလှည့်ကျစနစ်နဲ့ပွဲထုတ်ခဲ့ရကြောင်း၊ ဘောလုံးပေးပို့မှုကောင်းတဲ့ရမ်ဆေးထက် ဘာနာဒက်ချီကို ဦးစားပေးခဲ့ရတာကလည်း ပေါက်ကွဲအားပိုမိုပြင်းထန်သူဖြစ်တာကြောင့်ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပါတယ်။အနိုင်ဂိုးရှင် ဒီလစ်မှာလည်း အသက် ၁၉နှစ်သာရှိသေးပေမယ့် မတူညီတဲ့အတွေ့အကြုံများကြောင့် ကစားသမားဘဝပိုမိုတိုးတက်လာလိမ့်မယ်လို့ ဆာရီကပြောဆိုသွားခဲ့ပါတယ်။
(zawgyi)
တူရင္ဒါဘီပြဲစဥ္မွာ ၿမိဳ႔ခံၿပိဳင္ဘက္တိုရီႏိုကို အႏိုင္ရေပမယ့္ လိုခ်င္တဲ့ပံုစံအတိုင္း မဖန္တီးႏိုင္ခဲ့ဘူးလို႔ ဂ်ဴဗင္တပ္နည္းျပဆာရီက ဖြင့္ဟလိုက္ပါတယ္။ဂ်ဴဗင္တပ္ဟာ တိုရီႏိုရဲ႕အိမ္ကြင္းမွာကစားတဲ့ အဲဒီပြဲစဥ္မွာ ေနာက္ခံလူဒီလစ္ရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။“ သိပ္ကို္ခက္ခဲတဲ့ပြဲစဥ္ျဖစ္ပါတယ္။ တိုရီႏိုဟာပြဲအစမွာကတည္းက ခိုင္မာတဲ့ဆံုးျဖတ္ခ်က္တစ္ခုနဲ႔ ကၽြန္ေတာ္တို႔ကိုရင္ဆိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ၾကာလာတဲ့ေနာက္ပိုင္းမွသာ ကၽြန္ေတာ္တို႔ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။ ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာေတြအျပင္ ခပ္ၾကမ္းၾကမ္းကစားခဲ့ရတဲ့အခုလိုပြဲက အရမ္းကိုခက္ခဲပါတယ္။ ကၽြန္ေတာ္တို႔ရဲ႔စရိုက္အရ အဲ့ဒီလိုကစားခ်င္တာမဟုတ္ပါဘူး။ ဒါေပမယ့္ အဆင္ေျပတဲ့နည္းလမ္းအတိုင္း လိုက္ကစားခဲ့ရပါတယ္။ ဒီလိုပြဲမ်ိဳးကိုလွပေအာင္ ဖန္တီးလို႔မရပါဘူး။ ျပိဳင္ဘက္ရဲ႔စရိုက္အျပင္ သူတို႔ရဲ႔အိမ္ကြင္းမွာ ဖိအားေပးေတာင္းဆိုလာတဲ့အျပဳအမူေတြအရ အႏိုင္ရဖို႔ဘယ္လိုလုပ္ရမလဲဆိုတာကို အဓိကထားခဲ့ရပါတယ္” လို႔ ဆာရီကေျပာဆိုသြားေၾကာင္း Football Italia က ေဖၚျပလိုက္ပါတယ္။ဒါ့အျပင္ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္ရွိေနတာေၾကာင့္ အလွည့္က်စနစ္နဲ႔ပြဲထုတ္ခဲ့ရေၾကာင္း၊ ေဘာလံုးေပးပို႔မႈေကာင္းတဲ့ရမ္ေဆးထက္ ဘာနာဒက္ခ်ီကို ဦးစားေပးခဲ့ရတာကလည္း ေပါက္ကြဲအားပိုမိုျပင္းထန္သူျဖစ္တာေၾကာင့္ျဖစ္ေၾကာင္း ရွင္းလင္းသြားခဲ့ပါတယ္။အႏိုင္ဂိုးရွင္ ဒီလစ္မွာလည္း အသက္ ၁၉ႏွစ္သာရွိေသးေပမယ့္ မတူညီတဲ့အေတြ႔အႀကံဳမ်ားေၾကာင့္ ကစားသမားဘ၀ပိုမိုတိုးတက္လာလိမ့္မယ္လို႔ ဆာရီကေျပာဆိုသြားခဲ့ပါတယ္။