တူရကီဘောလုံးသမိုင်းတစ်လျှောက် အမြန်ဆုံးအနီကတ်ပြသခံရသူဖြစ်လာတဲ့ ကွန်ယာစပေါဂိုးသမား

Photo Credit

Photo Credit

ကွန်ယာစပေါအသင်းဂိုးသမား ဆာကန်ကီရင်တီလီကတော့ ပြီးခဲ့တဲ့တနင်္လာနေ့ညမှာ တူရကီဘောလုံးသမိုင်းတစ်လျှောက် အနီကတ်အမြန်ဆုံးပြသခံရသူအဖြစ် စံချိန်တင်သွားပြီး တူရကီဘောလုံးသမိုင်းထဲ မပါချင်တဲ့နေရာကနေ ပါဝင်သွားခဲ့ရပါတယ်။ အသက် ၃၄နှစ်အရွယ်ရှိ ကီရင်တီလီဟာ မာလာယာစပေါအသင်းနဲ့ကစားခဲ့တဲ့တူရကီစူပါလိဂ်ပွဲစဉ်မှာ ၁၈ကိုက်ပင်နယ်တီဧရိယာအပြင်ဘက်မှာ လက်နဲ့ဖမ်းမိခဲ့လို့ စောစောစီးစီးအနီကတ်ပြသခံခဲ့ရတာပါ။

Photo Credit

တူရကီလက်ရွေးစင်အသင်းအတွက် ၃ပွဲကစားပေးခဲ့ဖူးတဲ့ ကီရင်တီလီဟာ သူ့အပြစ် သူသိလို့ ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြမထုတ်ပယ်ခင်မှာပဲ လက်အိတ်တွေချွတ်ကာ ကွင်းထဲကနေ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အသင်းဖော်တွေကလည်း အံ့အားသင့်သွားကြပြီး အတွေ့အကြုံရင့်ကစားသမားတစ်ဦးအနေနဲ့ မမှားသင့်တဲ့အမှားမျိုး ကျူးလွန်မိခဲ့တာပါ။

https://twitter.com/0smanlisporFK/status/1186365178507644928

Video Credit

သူလည်း ကွင်းထဲကနေ ခပ်ဖြည်းဖြည်းထွက်သွားပြီး ဒိုင်လူကြီးကို ဘာမှအယူခံမဝင်ခဲ့သလို ကွင်းထဲကအထွက်မှာ မျက်နှာကို သူ့ဂျာစီနဲ့အုပ်ကာ မချိတင်ကဲဖြစ်သွားရပါတယ်။ အဲဒီနောက် မာလာယာစပေါအသင်းက ထိုက်တန်တဲ့နိုင်ပွဲအဖြစ် ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပေမယ့် အဲဒီပွဲနဲ့ပတ်သက်လို့ ကွန်ယာစပေါအသင်းဂိုးသမားရဲ့ဖြစ်ရပ်က ခေါင်းကြီးပိုင်းသတင်းဖြစ်သွားခဲ့ပါတယ်။

Photo Credit

ပွဲပြီးချိန်မှာလည်း ကီရင်တီလီက သူ့အပြစ်နဲ့ပတ်သက်လို့ ပရိသတ်တွေကို ပြန်လည်တောင်းပန်သွားပါတယ်။ ယခုနှစ်အစောပိုင်းကလည်း စိတ်ဆိုးရခက်၊ ဒေါသထွက်ရခက်တဲ့ဖြစ်ရပ်အဖြစ် အနီကတ်ပြထုတ်ပယ်ခံရတဲ့ကစားသမားတစ်ဦးက မီးမောင်းတွေ မတော်တဆပိတ်မိခဲ့လို့ ပွဲလည်း ခဏရပ်သွားခဲ့ရပါတယ်။

Photo Credit

Hellenic League Division One West ပွဲစဉ်အဖြစ် Kidlington Development အသင်းနဲ့ Cheltenham Saracens တို့ပွဲစဉ်မှာ Kidlington Development ကစားသမား ဂျူးလီးယပ်စ်မာရူဂါဟာ ပွဲချိန် ၇၃ မိနစ်မှာ ထုတ်ပယ်ခံခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ အဝတ်လဲခန်းထဲဝင်သွားကာ တစ်ခါတည်း ရေချိုးခဲ့ပါတယ်။

Photo Credit

ရေချိုးခန်းထဲမှာ မာရူဂါလည်း မီးခလုတ်တွေ ပိတ်လိုက်တာက ကွင်းဘေးမှာရှိတဲ့မီးမောင်းတွေ အဖွင့်အပိတ်လုပ်တဲ့ခလုတ်ဖြစ်နေလို့ ကွင်းလည်း မှောင်မည်းသွားပြီး ပွဲက ၅ မိနစ်လောက်ရပ်သွားပါတယ်။ ဒါကလည်း ငိုအားထက်ရယ်အားသန်ဖြစ်ရပ်တစ်ခုပါပဲ။

Photo Credit

Zawgyi

တူရကီေဘာလုံးသမိုင္းတစ္ေလွ်ာက္ အျမန္ဆုံးအနီကတ္ျပသခံရသူျဖစ္လာတဲ့ ကြန္ယာစေပါဂိုးသမား

ကြန္ယာစေပါအသင္းဂိုးသမား ဆာကန္ကီရင္တီလီကေတာ့ ၿပီးခဲ့တဲ့တနလၤာေန႔ညမွာ တူရကီေဘာလုံးသမိုင္းတစ္ေလွ်ာက္ အနီကတ္အျမန္ဆုံးျပသခံရသူအျဖစ္ စံခ်ိန္တင္သြားၿပီး တူရကီေဘာလုံးသမိုင္းထဲ မပါခ်င္တဲ့ေနရာကေန ပါဝင္သြားခဲ့ရပါတယ္။ အသက္ ၃၄ႏွစ္အ႐ြယ္ရွိ ကီရင္တီလီဟာ မာလာယာစေပါအသင္းနဲ႔ကစားခဲ့တဲ့တူရကီစူပါလိဂ္ပြဲစဥ္မွာ ၁၈ကိုက္ပင္နယ္တီဧရိယာအျပင္ဘက္မွာ လက္နဲ႔ဖမ္းမိခဲ့လို႔ ေစာေစာစီးစီးအနီကတ္ျပသခံခဲ့ရတာပါ။
တူရကီလက္ေ႐ြးစင္အသင္းအတြက္ ၃ပြဲကစားေပးခဲ့ဖူးတဲ့ ကီရင္တီလီဟာ သူ႔အျပစ္ သူသိလို႔ ဒိုင္လူႀကီးက တိုက္႐ိုက္အနီကတ္ျပမထုတ္ပယ္ခင္မွာပဲ လက္အိတ္ေတြခြၽတ္ကာ ကြင္းထဲကေန လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။ အသင္းေဖာ္ေတြကလည္း အံ့အားသင့္သြားၾကၿပီး အေတြ႕အႀကဳံရင့္ကစားသမားတစ္ဦးအေနနဲ႔ မမွားသင့္တဲ့အမွားမ်ိဳး က်ဴးလြန္မိခဲ့တာပါ။
သူလည္း ကြင္းထဲကေန ခပ္ျဖည္းျဖည္းထြက္သြားၿပီး ဒိုင္လူႀကီးကို ဘာမွအယူခံမဝင္ခဲ့သလို ကြင္းထဲကအထြက္မွာ မ်က္ႏွာကို သူ႔ဂ်ာစီနဲ႔အုပ္ကာ မခ်ိတင္ကဲျဖစ္သြားရပါတယ္။ အဲဒီေနာက္ မာလာယာစေပါအသင္းက ထိုက္တန္တဲ့ႏိုင္ပြဲအျဖစ္ ၂-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ေပမယ့္ အဲဒီပြဲနဲ႔ပတ္သက္လို႔ ကြန္ယာစေပါအသင္းဂိုးသမားရဲ႕ျဖစ္ရပ္က ေခါင္းႀကီးပိုင္းသတင္းျဖစ္သြားခဲ့ပါတယ္။
ပြဲၿပီးခ်ိန္မွာလည္း ကီရင္တီလီက သူ႔အျပစ္နဲ႔ပတ္သက္လို႔ ပရိသတ္ေတြကို ျပန္လည္ေတာင္းပန္သြားပါတယ္။ ယခုႏွစ္အေစာပိုင္းကလည္း စိတ္ဆိုးရခက္၊ ေဒါသထြက္ရခက္တဲ့ျဖစ္ရပ္အျဖစ္ အနီကတ္ျပထုတ္ပယ္ခံရတဲ့ကစားသမားတစ္ဦးက မီးေမာင္းေတြ မေတာ္တဆပိတ္မိခဲ့လို႔ ပြဲလည္း ခဏရပ္သြားခဲ့ရပါတယ္။
Hellenic League Division One West ပြဲစဥ္အျဖစ္ Kidlington Development အသင္းနဲ႔ Cheltenham Saracens တို႔ပြဲစဥ္မွာ Kidlington Development ကစားသမား ဂ်ဴးလီးယပ္စ္မာ႐ူဂါဟာ ပြဲခ်ိန္ ၇၃ မိနစ္မွာ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ စိတ္ပ်က္လက္ပ်က္နဲ႔ အဝတ္လဲခန္းထဲဝင္သြားကာ တစ္ခါတည္း ေရခ်ိဳးခဲ့ပါတယ္။
ေရခ်ိဳးခန္းထဲမွာ မာ႐ူဂါလည္း မီးခလုတ္ေတြ ပိတ္လိုက္တာက ကြင္းေဘးမွာရွိတဲ့မီးေမာင္းေတြ အဖြင့္အပိတ္လုပ္တဲ့ခလုတ္ျဖစ္ေနလို႔ ကြင္းလည္း ေမွာင္မည္းသြားၿပီး ပြဲက ၅ မိနစ္ေလာက္ရပ္သြားပါတယ္။ ဒါကလည္း ငိုအားထက္ရယ္အားသန္ျဖစ္ရပ္တစ္ခုပါပဲ။