တူရကီကြီး ၃ကြီးရဲ့စိုးမိုးမှုကိုအဆုံးသတ်ကာ အမှတ်ပေးချန်ပီယံဆု ပထမဆုံးအကြိမ်ဆွတ်ခူးသွားတဲ့ ဘက်စ်ကီးရှီးယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

တူရကီကလပ် အစ္စတန်ဘူလ်ဘက်စ်ကီးရှီးယားဟာ အစ္စတန်ဘူလ်မြို့ရဲ့ ကြီး ၃ကြီးဖြစ်တဲ့ ဘက်ဆစ်တပ်၊ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ရဲ့လွှမ်းမိုးမှုကို အဆုံးသတ်ကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တူရကီစူပါလိဂ်ဖလားရယူသွားနိုင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်ကမှစတင်တည်ထောင်ခဲ့တဲ့ဘက်စ်ကီးရှီးယားဟာ ကေစီရီစပေါကို ၁-၀ ဂိုးနဲ့အနိုင်ရကာ ဒုတိယနေရာက ထရက်ဇွန်စပေါအသင်းက ကွန်ယာစပေါကို ၄-၃ ဂိုးနဲ့အရေးနိမ့်သွားခဲ့လို့ အမှတ်ပေးချန်ပီယံဖြစ်လာတာပါ။

Photo Credit

စူပါလိဂ်စတင်ကျင်းပတဲ့ ၁၉၅၉ ခုနှစ်ကတည်းက ချန်ပီယံဆုရယူနိုင်တဲ့ ၆သင်းမြောက်အသင်းဖြစ်လာတဲ့ ဘက်စ်ကီးရှီးယားအသင်းဟာ ရာသီကုန်ဖို့ ၁ပွဲပဲလိုတော့ချိန်မှာ ဒုတိယနေရာက ထရက်ဇွန်စပေါကို ၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဆီဗက်စပေါအသင်းက တတိယ၊ ဘက်ဆစ်တပ်၊ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတု့ိက အဆင့်၄၊ ၅နဲ့ ၇ နေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။


ကိုဗစ်-၁၉ ကြောင့် ကွင်းအတွင်း ပရိသတ်မပါဘဲ ကစားခဲ့ရတဲ့ပွဲမှာ ဘက်စ်ကီးရှီးယားအသင်းသားတွေဟာ တစ်ဦးနဲ့တစ်ဦး ပွေ့ဖွက်အောင်ပွဲခံခဲ့ကြပါတယ်။ ဒါ့အပြင် ကွင်းအပြင်ဘက်မှာ ပလက်စတစ်ထိုင်ခုံတွေနဲ့ ထိုင်ကာ ရုပ်သံကနေ ကြည့်ရှုခဲ့တဲ့ပရိသတ်တွေကလည်း ထရက်ဇွန်စပေါပွဲအပြီးမှာ အောင်ပွဲခံခဲ့ကြပြီး ဘက်စ်ကီးရှီးယားပွဲကတော့ နောက်မှ ပြီးဆုံးသွားတာဖြစ်ပါတယ်။

Photo Credit

ဖီနာဘာချီ၊ ဂါလာတာစာရေးနဲ့ ဘက်ဆစ်တပ်တို့ ၃သင်းပေါင်း အမှတ်ပေးချန်ပီယံဆု ၅၄ ကြိမ်ရရှိထားတဲ့အထိ တူရကီဘောလုံးလောကို ကြီး ၃ကြီးက လွှမ်းမိုးထားပေမယ့် ဒီနှစ်မှာတော့ ဘက်စ်ကီးရှီးယားက သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

Photo Credit

ဘက်စ်ကီးရှီးယားဟာ ပြီးခဲ့တဲ့နွေရာသီက စီးတီးနဲ့ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ရော်ဘင်ဟိုကို ဆီဗက်စပေါအသင်းကနေ ယူရို ၂သန်းနဲ့ ခေါ်ယူခဲ့သလို ဟော့ဖန်ဟိမ်း၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘာကိုလည်း ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး လီဗာပူးနောက်ခံလူဟောင်း မာတင်စကာတယ်ကိုလည်း အတ္တလန္တာကနေ အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

တူရကီႀကီး ၃ႀကီးရဲ႕စုိးမိုးမႈကိုအဆုံးသတ္ကာ အမွတ္ေပးခ်န္ပီယံဆု ပထမဆုံးအႀကိမ္ဆြတ္ခူးသြားတဲ့ ဘက္စ္ကီးရွီးယား

တူရကီကလပ္ အစၥတန္ဘူလ္ဘက္စ္ကီးရွီးယားဟာ အစၥတန္ဘူလ္ၿမိဳ႕ရဲ႕ ႀကီး ၃ႀကီးျဖစ္တဲ့ ဘက္ဆစ္တပ္၊ ဂါလာတာစာေရးနဲ႔ ဖီနာဘာခ်ီအသင္းတုိ႔ရဲ႕လႊမ္းမိုးမႈကို အဆုံးသတ္ကာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ တူရကီစူပါလိဂ္ဖလားရယူသြားႏိုင္ခဲ့ပါတယ္။ ၁၉၉၀ ခုႏွစ္ကမွစတင္တည္ေထာင္ခဲ့တဲ့ဘက္စ္ကီးရွီးယားဟာ ေကစီရီစေပါကို ၁-၀ ဂိုးနဲ႔အႏိုင္ရကာ ဒုတိယေနရာက ထရက္ဇြန္စေပါအသင္းက ကြန္ယာစေပါကို ၄-၃ ဂိုးနဲ႔အေရးနိမ့္သြားခဲ့လုိ႔ အမွတ္ေပးခ်န္ပီယံျဖစ္လာတာပါ။

စူပါလိဂ္စတင္က်င္းပတဲ့ ၁၉၅၉ ခုႏွစ္ကတည္းက ခ်န္ပီယံဆုရယူႏုိင္တဲ့ ၆သင္းေျမာက္အသင္းျဖစ္လာတဲ့ ဘက္စ္ကီးရွီးယားအသင္းဟာ ရာသီကုန္ဖို႔ ၁ပြဲပဲလုိေတာ့ခ်ိန္မွာ ဒုတိယေနရာက ထရက္ဇြန္စေပါကို ၇ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ပါတယ္။ ဆီဗက္စေပါအသင္းက တတိယ၊ ဘက္ဆစ္တပ္၊ ဂါလာတာစာေရးနဲ႔ ဖီနာဘာခ်ီအသင္းတု႔ိက အဆင့္၄၊ ၅နဲ႔ ၇ ေနရာေတြမွာ အသီးသီးရပ္တည္ေနပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ ကြင္းအတြင္း ပရိသတ္မပါဘဲ ကစားခဲ့ရတဲ့ပြဲမွာ ဘက္စ္ကီးရွီးယားအသင္းသားေတြဟာ တစ္ဦးနဲ႔တစ္ဦး ေပြ႕ဖြက္ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဒါ့အျပင္ ကြင္းအျပင္ဘက္မွာ ပလက္စတစ္ထုိင္ခုံေတြနဲ႔ ထိုင္ကာ ႐ုပ္သံကေန ၾကည့္႐ႈခဲ့တဲ့ပရိသတ္ေတြကလည္း ထရက္ဇြန္စေပါပြဲအၿပီးမွာ ေအာင္ပြဲခံခဲ့ၾကၿပီး ဘက္စ္ကီးရွီးယားပြဲကေတာ့ ေနာက္မွ ၿပီးဆုံးသြားတာျဖစ္ပါတယ္။ ဖီနာဘာခ်ီ၊ ဂါလာတာစာေရးနဲ႔ ဘက္ဆစ္တပ္တုိ႔ ၃သင္းေပါင္း အမွတ္ေပးခ်န္ပီယံဆု ၅၄ ႀကိမ္ရရွိထားတဲ့အထိ တူရကီေဘာလုံးေလာကို ႀကီး ၃ႀကီးက လႊမ္းမုိးထားေပမယ့္ ဒီႏွစ္မွာေတာ့ ဘက္စ္ကီးရွီးယားက သမုိင္းသစ္ေရးထိုးႏုိင္ခဲ့ပါတယ္။

ဘက္စ္ကီးရွီးယားဟာ ၿပီးခဲ့တဲ့ေႏြရာသီက စီးတီးနဲ႔ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း ေရာ္ဘင္ဟိုကို ဆီဗက္စေပါအသင္းကေန ယူ႐ို ၂သန္းနဲ႔ ေခၚယူခဲ့သလုိ ေဟာ့ဖန္ဟိမ္း၊ ၀က္စ္ဟမ္း၊ နယူးကာဆယ္နဲ႔ ခ်ဲလ္ဆီးတုိက္စစ္မွဴးေဟာင္း ဒမ္ဘာဘာကိုလည္း ရွန္ဟုိင္းရွင္ဟြာအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့ၿပီး လီဗာပူးေနာက္ခံလူေဟာင္း မာတင္စကာတယ္ကိုလည္း အတၱလႏၱာကေန အလြတ္နဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။