
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ အက်စ်တိုးနီးယားကို ငါးဂိုး-နှစ်ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ပွဲအစကနေ ၇၄ မိနစ်အထိ ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူအနေနဲ့ နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို
ခြေစစ်ပွဲတစ်လျှောက် ၃ ပွဲမှာ ၄ ဂိုးသွင်းယူထားခဲ့ပြီး ဘီလာရုစ်ကို ရှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မပါဝင်ခဲ့လို့သာ ဒီလောက်နဲ့ ကျေနပ်နေရတာလည်းဖြစ်ပါတယ်။
ပွဲချိန် ၂ မိနစ်မှာ ဆယ်လီမိတ်ကာစ်ရဲ့ အမှားကနေ အက်စ်တိုးနီးယားတို့ အဖွင့်ဂိုးသွင်းကာ၊ ပွဲချိန် ၂၁ မိနစ်မှာ ဗာနာကင်က ခေါင်းတိုက်ချေပခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာတော့
တစ်ဖက်နောက်ခံလူတွေ ရှင်းထုတ်ပုံ မသေသပ်ရာကနေ ထွက်လာတဲ့ ဘောလုံးကို လူကာကူက တစ်ပတ်လှည့်ကန်ပြီး ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့တာပါ။
ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာလည်း လူကာကူကပဲ ဗာနာကင် ပေးတဲ့ ဘောလုံးကို တစ်ဖက်ခံစစ်တန်းရှေ့မှာ ကျောပေးရယူပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ အာဆင်နယ်လူငယ်ဂိုးသမား ကားလ်ဟိန်း မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
လက်ချင်စတိန်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဂျာမနီအသင်းဟာ အဝေးကွင်းတွင် ဝ-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။
ကိုင်ဟာဗက်၊ တီမိုဝါနာ တို့ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး နောက်ခံလူ ရူဒီဂါဟာ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။
ဝါနာဟာ ပွဲချိန်ပြည့် ပါဝင်ခဲ့ပြီး အဖွင့်ဂိုးကို ၄၁ မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး ကိုင်ဟာဗက်ဟာ မိနစ် ၆၀ တွင် လူစားလဲခံခဲ့ရပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်အတွက်တော့ လူကာကူရောက်လာမှုနဲ့အတူ ဝါနာပါ ဂိုးပေါက် ပြန်ရှာတွေခဲ့တာက အားတက်စရာ ဖြစ်လာခဲ့ပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
တူခ်ယ္ အားတက္ေအာင္ ႏိုင္ငံပြဲေတြမွာ ေျခစြမ္းျပေနတဲ့ လူကာကူနဲ႔ တီမို၀ါနာ
ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ အက္စ္တိုးနီးယားကို ငါးဂိုး-ႏွစ္ဂိုးနဲ႔ အေဝးကြင္းမွာ အႏိုင္ယူခဲ့တဲ့ ပြဲစဥ္မွာ ပြဲအစကေန ၇၄ မိနစ္အထိ ပါဝင္ခဲ့တဲ့ တိုက္စစ္မႉး လူကာကူအေနနဲ႔ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့သလို ေျခစစ္ပြဲတစ္ေလွ်ာက္ ၃ ပြဲမွာ ၄ ဂိုးသြင္းယူထားခဲ့ၿပီး ဘီလာ႐ုစ္ကို ရွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရတဲ့ပြဲမွာ မပါဝင္ခဲ့လို႔သာ ဒီေလာက္နဲ႔ ေက်နပ္ေနရတာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ ၂ မိနစ္မွာ ဆယ္လီမိတ္ကာစ္ရဲ႕ အမွားကေန အက္စ္တိုးနီးယားတို႔ အဖြင့္ဂိုးသြင္းကာ၊ ပြဲခ်ိန္ ၂၁ မိနစ္မွာ ဗာနာကင္က ေခါင္းတိုက္ေခ်ပခဲ့ၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ တစ္ဖက္ေနာက္ခံလူေတြ ရွင္းထုတ္ပုံ မေသသပ္ရာကေန ထြက္လာတဲ့ ေဘာလုံးကို လူကာကူက တစ္ပတ္လွည့္ကန္ၿပီး ဦးေဆာင္ဂိုးစတင္သြင္းယူေပးခဲ့တာပါ။
ဒုတိယပိုင္း ပြဲခ်ိန္ ၅၂ မိနစ္မွာလည္း လူကာကူကပဲ ဗာနာကင္ ေပးတဲ့ ေဘာလုံးကို တစ္ဖက္ခံစစ္တန္းေရွ႕မွာ ေက်ာေပးရယူၿပီး ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ အာဆင္နယ္လူငယ္ဂိုးသမား ကားလ္ဟိန္း မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။
လက္ခ်င္စတိန္းနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲတြင္ ဂ်ာမနီအသင္းဟာ အေဝးကြင္းတြင္ ၀-၂ ျဖင့္ အႏိုင္ရခဲ့ပါတယ္။ ကိုင္ဟာဗက္၊ တီမို၀ါနာ တို႔ ပြဲထြက္ကစားခြင့္ ရရွိခဲ့ၿပီး ေနာက္ခံလူ ႐ူဒီဂါဟာ အရန္ခုံမွာသာ ထိုင္ခဲ့ရပါတယ္။ ၀ါနာဟာ ပြဲခ်ိန္ျပည့္ ပါဝင္ခဲ့ၿပီး အဖြင့္ဂိုးကို ၄၁ မိနစ္တြင္ သြင္းယူႏိုင္ခဲ့ၿပီး ကိုင္ဟာဗက္ဟာ မိနစ္ ၆၀ တြင္ လူစားလဲခံခဲ့ရပါတယ္။
ခ်ဲလ္ဆီးနည္းျပ တူခ်ယ္အတြက္ေတာ့ လူကာကူေရာက္လာမႈနဲ႔အတူ ၀ါနာပါ ဂိုးေပါက္ ျပန္ရွာေတြခဲ့တာက အားတက္စရာ ျဖစ္လာခဲ့ပါၿပီ။