တူချယ်နဲ့ ဓာတ်တည့်သူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းက နယူးကားဆယ် ယူနိုက်တက်ကို ( ၂ – ၀ ) ရလာဒ်နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့တယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှု အဆုံးသတ်ခဲ့ပြီး ယုံကြည်မှု ပြန်လည်ရရှိလာပါတယ်။ တီမိုဝါနာက ခြေစွမ်းပြ သွင်းဂိုးရယူနိုင်ခဲ့သလို ကီပါ အာရီဇာဘလက်ဂါကလည်း သောမတ် တူချယ်ရဲ့ ယုံကြည်မှုရရှိလာပြီး အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။

နယူးကာဆယ်က တိုက်စစ်ဆင်မှု အားနည်းခဲ့ပြီး ချဲလ်ဆီးအတွက် ပြီးပြည့်စုံတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ဒါေပမယ့် တိုက်စစ်မှူး ေအဗရာဟမ်က ပထမပိုင်းမှာ ဒဏ်ရာရသွားပြီး အဖွင့်ဂိုးသွင်းယူေပးခဲ့တဲ့ အိုလီဗီယာ ဂျီရူးနဲ့ လူစားလှဲခဲ့ရပါတယ်။ အဲ့ဒီေနာက် တီမို ဝါနာက ဒုတိယဦးေဆာင်ဂိုး သွင်းယူေပးခဲ့ပါတယ်။ ဒါ့ေကြာင့် တူချယ်က ( ၆ ) ပွဲဆက် ရှံုးပွဲမရှိ ရပ်တည်ထားနိုင်သလို တိုက်စစ်မှူးေတွကလည်း နည်းပြသစ်လက်ေအာက်မှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် သွင်းဂိုးေတွရယူနိုင်ခဲ့ကြပါတယ်။

ဝါနာက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ “ နောက်ဆုံးမှာ သွင်းဂိုး ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ရာသီမကုန်ခင် ပွဲစဥ်တွေများစွာ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အမြဲတမ်း သွင်းဂိုးရရှိချင်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းရဲ့ ကမ္ဘာ့ပြောင်းရွေ့ကြေး အမြင့်မားဆုံး ဂိုးသမား ကီပါကလည်း ဆောက်သမ်တန်အသင်းကို သုံးဂိုး ခွင့်ပြုခဲ့ရတဲ့ ‌ေအာက်တိုဘာလ ( ၁၇ ) ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ ်ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။ ကီပါအနေနဲ့ ပုံမှန် ပွဲထွက်ခွင့်တစ်နေရာကို မန်ဒီထံ လွဲပြောင်းပေးခဲ့ရပြီးနောက် ပွဲကစားခွင့်ပျောက်ရှုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ဘန်လေနဲ့ အက်ဖ်အေဖလား ပွဲစဥ်မှာ လက်စွမ်းပြခဲ့ပြီး ကစားသမားတွေကို ဒုတိယ အခွင့်အရေးပေးလေ့ ရှိတဲ့ တူချယ်ရဲ့ မူဝါဒအရ စပိန် လက်ရွေးစင်အနေနဲ့ ယခုလို ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်ပွဲမှာတော့ တူချယ်က မန်ဒီဟာ ချဲလ်ဆီရဲ့ နံပါတ် ( ၁ ) ဂိုးသမား အဖြစ်ရှိနေသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယခုပွဲစဥ် အနိုင်ရလာဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာကို ရောက်ရှိလာပြီး အဆင့် ( ၁ ) နေရာက မန်စီးတီးအသင်းနဲ့ ( ၁၁ ) မှတ်ကွာဟ လျက်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တူခ်ယ္နဲ႔ ဓာတ္တည့္သူမ်ား

ခ်ဲလ္ဆီးအသင္းက နယူးကားဆယ္ ယူႏိုက္တက္ကို ( ၂ – ၀ ) ရလာဒ္နဲ႔ သက္ေသာင့္သက္သာ အႏိုင္ရရွိခဲ့တယ္။ ဒါ့အျပင္ ကစားသမားေတြရဲ႕ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈ အဆုံးသတ္ခဲ့ၿပီး ယုံၾကည္မႈ ျပန္လည္ရရွိလာပါတယ္။ တီမိုဝါနာက ေျခစြမ္းျပ သြင္းဂိုးရယူႏိုင္ခဲ့သလို ကီပါ အာရီဇာဘလက္ဂါကလည္း ေသာမတ္ တူခ်ယ္ရဲ႕ ယုံၾကည္မႈရရွိလာၿပီး ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ ပြဲထြက္ ကစားခြင့္ရရွိခဲ့ပါတယ္။

နယူးကာဆယ္က တိုက္စစ္ဆင္မႈ အားနည္းခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ ၿပီးျပည့္စုံတဲ့ ညတစ္ည ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ တိုက္စစ္မႉး ေအဗရာဟမ္က ပထမပိုင္းမွာ ဒဏ္ရာရသြားၿပီး အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ အိုလီဗီယာ ဂ်ီ႐ူးနဲ႔ လူစားလွဲခဲ့ရပါတယ္။ အဲ့ဒီေနာက္ တီမို ဝါနာက ဒုတိယဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ တူခ်ယ္က ( ၆ ) ပြဲဆက္ ရွံုးပြဲမရွိ ရပ္တည္ထားႏိုင္သလို တိုက္စစ္မႉးေတြကလည္း နည္းျပသစ္လက္ေအာက္မွာ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ သြင္းဂိုးေတြရယူႏိုင္ခဲ့ၾကပါတယ္။

ဝါနာက ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ “ ေနာက္ဆုံးမွာ သြင္းဂိုး ရယူႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ ရာသီမကုန္ခင္ ပြဲစဥ္ေတြမ်ားစြာ ကစားဖို႔ က်န္ရွိေနပါေသးတယ္။ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ အၿမဲတမ္း သြင္းဂိုးရရွိခ်င္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းရဲ႕ ကမာၻ႔ေျပာင္းေ႐ြ႕ေၾကး အျမင့္မားဆုံး ဂိုးသမား ကီပါကလည္း ေဆာက္သမ္တန္အသင္းကို သုံးဂိုး ခြင့္ျပဳခဲ့ရတဲ့ ‌ေအာက္တိုဘာလ ( ၁၇ ) ရက္ေန႔ေနာက္ပိုင္း ပထမဆုံးအႀကိမ ္ပရီးမီးယားလိဂ္မွာ ပြဲထြက္ ကစားခြင့္ရခဲ့ပါတယ္။ ကီပါအေနနဲ႔ ပုံမွန္ ပြဲထြက္ခြင့္တစ္ေနရာကို မန္ဒီထံ လြဲေျပာင္းေပးခဲ့ရၿပီးေနာက္ ပြဲကစားခြင့္ေပ်ာက္ရႈံးေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ အပတ္က ဘန္ေလနဲ႔ အက္ဖ္ေအဖလား ပြဲစဥ္မွာ လက္စြမ္းျပခဲ့ၿပီး ကစားသမားေတြကို ဒုတိယ အခြင့္အေရးေပးေလ့ ရွိတဲ့ တူခ်ယ္ရဲ႕ မူဝါဒအရ စပိန္ လက္ေ႐ြးစင္အေနနဲ႔ ယခုလို ပြဲထြက္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ပြဲၿပီးသတင္းစာရွင္းလင္ပြဲမွာေတာ့ တူခ်ယ္က မန္ဒီဟာ ခ်ဲလ္ဆီရဲ႕ နံပါတ္ ( ၁ ) ဂိုးသမား အျဖစ္ရွိေနေသးေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ယခုပြဲစဥ္ အႏိုင္ရလာဒ္ေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာကို ေရာက္ရွိလာၿပီး အဆင့္ ( ၁ ) ေနရာက မန္စီးတီးအသင္းနဲ႔ ( ၁၁ ) မွတ္ကြာဟ လ်က္ရွိပါတယ္။