တူချယ်က အသေးစိတ်ကျတဲ့ နည်းပြမျိုး ဆိုပြီး ချီးကျူးတဲ့ ကိုင်ဟားဗတ်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရာသီမှာ ကတည်းက ချဲလ်ဆီး ဟာ နည်းပြသစ် သောမတ်စ် တူချယ် လက်အောက်မှာ တဖြည်းဖြည်း အသားကျ လာပြီး ကစားပုံ တိုးတက် လာခဲ့ ပါတယ်။

ပြည်တွင်းမှာ ဆုဖလားတွေ မရခဲ့ ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ကို ရခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း မန်ချက်စတာ စီးတီး အသင်းကို အနိုင်ကစားပြီး ဥရောပ ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်ခဲ့ ပါတယ်။

ဒီနှစ် ဘောလုံး ရာသီ စတင် ခါနီးချိန်မှာတော့ ချဲလ်ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ မန်စီးတီး နဲ့ အပြိုင် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်လာခဲ့ ပါတယ်။

ရာသီသစ် စတင်ချိန် မှာတော့ လူကာကူ ကို ခေါ်ယူ နိုင်မှုနဲ့ အတူ ချဲလ်ဆီး ဟာ အမှတ်ပေး ချန်ပီယံဆု အတွက် မန်စီးတီးကို ကျော်ကာ ရေပန်းစား လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဂျာမနီကြယ်ပွင့် ကိုင်ဟားဗတ်ဇ်ဟာ အသင်းရဲ့ မရှိမဖြစ် ပထမဦးစားပေး ကစားသမားတစ်ယောက် ပါ။

ဂျာမနီတိုက်စစ်ကစားသမားဟာ ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းမှာ အလွန်ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့နေတယ်လို့ ပြောလာပါတယ်။

နည်းပြတူချယ်ရဲ့ အရည်အချင်းတွေကိုလည်း ကိုင်ဟားဗတ်ဇ်က ချီးကျူးပါတယ်။

” တူချယ်ဟာ အလွန်ကို ထူးချွန်ထက်မြက်တဲ့ နည်းပြပါ။

အသင်းတစ်သင်းကို နှစ်တစ်ဝက်တည်းနဲ့ အလုံးစုံ ပြောင်းလဲသွားအောင် သူကိုင်တွယ်စီမံလိုက်တာဟာ လုံးဝကို အထင်ကြီးစရာ ကောင်းလွန်းပါတယ်။

တူချယ်ဟာ ကျွန်တော်တို့ ကစားသမားတွေကို အမြဲတမ်း အခွင့်အလမ်းတွေ၊ ရွေးချယ်ခွင့်တွေ ပေးထားပါတယ်”

” အခြေအနေပေါ်မူတည်ပြီး ဘာလုပ်ရမလဲ ဆိုတာကိုလည်း ကျွန်တော်တို့တွေ ကောင်းကောင်းသိပါတယ်။

ကစားသမားတိုင်းက ကိုယ့်ဘေးမှာ ရှိနေတဲ့သူ ဘာလုပ်နေမလဲဆိုတာ အသေအချာကို သိထားကြတာပါ။

ဒါဟာ ဘောလုံးမှာ စစ်ပွဲတစ်ဝက် အောင်နိုင်ခြင်းပါပဲ။

တူချယ်ဟာ ကျွန်တော်တို့အားလုံးကို ခပ်မြင့်မြင့်ဆီ ဟိုးအဝေးကြီးအထိ ခေါ်ဆောင်သွားပါတယ်”

” အရိုးသားဆုံး ပြောရရင် ဒီလောက်ထိ အသေးစိတ်ကျတာမျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးပါဘူး။”လို့ ကိုင်ဟားဗတ်ဇ်က ပြောပါတယ်။

မနှစ်က ချန်ပီယံလိဂ် ကို တစ်ပွဲတိုး ဗျူဟာတွေ နဲ့ အနိုင်ကစားခဲ့တဲ့ တူချယ် အနေနဲ့ ဒီရာသီ မှာ ဘယ်လိုအကွက်တွေရွှေ့မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တူခ်ယ္က အေသးစိတ္က်တဲ့ နည္းျပမ်ိဳး ဆိုၿပီး ခ်ီးက်ဴးတဲ့ ကိုင္ဟားဗတ္ဇ္

ၿပီးခဲ့တဲ့ ရာသီမွာ ကတည္းက ခ်ဲလ္ဆီး ဟာ နည္းျပသစ္ ေသာမတ္စ္ တူခ်ယ္ လက္ေအာက္မွာ တျဖည္းျဖည္း အသားက် လာၿပီး ကစားပုံ တိုးတက္ လာခဲ့ ပါတယ္ ။ ျပည္တြင္းမွာ ဆုဖလားေတြ မရခဲ့ ေပမယ့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို ရခဲ့သလို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မွာလည္း မန္ခ်က္စတာ စီးတီး အသင္းကို အႏိုင္ကစားၿပီး ဥေရာပ ခ်န္ပီယံ အျဖစ္ ေအာင္ပြဲ ခံႏိုင္ခဲ့ ပါတယ္။

ဒီႏွစ္ ေဘာလုံး ရာသီ စတင္ ခါနီးခ်ိန္မွာေတာ့ ခ်ဲလ္ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ္ မွာ မန္စီးတီး နဲ႔ အၿပိဳင္ ဗိုလ္စြဲဖို႔ ေရပန္း အစားဆုံး အသင္း ျဖစ္လာခဲ့ ပါတယ္ ။ ရာသီသစ္ စတင္ခ်ိန္ မွာေတာ့ လူကာကူ ကို ေခၚယူ ႏိုင္မႈနဲ႔ အတူ ခ်ဲလ္ဆီး ဟာ အမွတ္ေပး ခ်န္ပီယံဆု အတြက္ မန္စီးတီးကို ေက်ာ္ကာ ေရပန္းစား လာခဲ့ ပါတယ္ ။

ခ်ဲလ္ဆီးအသင္းရဲ႕ ဂ်ာမနီၾကယ္ပြင့္ ကိုင္ဟားဗတ္ဇ္ဟာ အသင္းရဲ႕ မရွိမျဖစ္ ပထမဦးစားေပး ကစားသမားတစ္ေယာက္ ပါ။ ဂ်ာမနီတိုက္စစ္ကစားသမားဟာ ဥေရာပခ်န္ပီယံ ခ်ဲလ္ဆီးအသင္းမွာ အလြန္ေပ်ာ္႐ႊင္ေနၿပီး အစစအရာရာ အဆင္ေျပေခ်ာေမြ႕ေနတယ္လို႔ ေျပာလာပါတယ္။ နည္းျပတူခ်ယ္ရဲ႕ အရည္အခ်င္းေတြကိုလည္း ကိုင္ဟားဗတ္ဇ္က ခ်ီးက်ဴးပါတယ္။

” တူခ်ယ္ဟာ အလြန္ကို ထူးခြၽန္ထက္ျမက္တဲ့ နည္းျပပါ။ အသင္းတစ္သင္းကို ႏွစ္တစ္ဝက္တည္းနဲ႔ အလုံးစုံ ေျပာင္းလဲသြားေအာင္ သူကိုင္တြယ္စီမံလိုက္တာဟာ လုံးဝကို အထင္ႀကီးစရာ ေကာင္းလြန္းပါတယ္။ တူခ်ယ္ဟာ ကြၽန္ေတာ္တို႔ ကစားသမားေတြကို အၿမဲတမ္း အခြင့္အလမ္းေတြ၊ ေ႐ြးခ်ယ္ခြင့္ေတြ ေပးထားပါတယ္”

” အေျခအေနေပၚမူတည္ၿပီး ဘာလုပ္ရမလဲ ဆိုတာကိုလည္း ကြၽန္ေတာ္တို႔ေတြ ေကာင္းေကာင္းသိပါတယ္။ ကစားသမားတိုင္းက ကိုယ့္ေဘးမွာ ရွိေနတဲ့သူ ဘာလုပ္ေနမလဲဆိုတာ အေသအခ်ာကို သိထားၾကတာပါ။ ဒါဟာ ေဘာလုံးမွာ စစ္ပြဲတစ္ဝက္ ေအာင္ႏိုင္ျခင္းပါပဲ။ တူခ်ယ္ဟာ ကြၽန္ေတာ္တို႔အားလုံးကို ခပ္ျမင့္ျမင့္ဆီ ဟိုးအေဝးႀကီးအထိ ေခၚေဆာင္သြားပါတယ္”

” အ႐ိုးသားဆုံး ေျပာရရင္ ဒီေလာက္ထိ အေသးစိတ္က်တာမ်ိဳး ကြၽန္ေတာ္တစ္ခါမွ မျမင္ဖူးေသးပါဘူး။”လို႔ ကိုင္ဟားဗတ္ဇ္က ​ေျပာပါတယ္။ မႏွစ္က ခ်န္ပီယံလိဂ္ ကို တစ္ပြဲတိုး ဗ်ဴဟာေတြ နဲ႔ အႏိုင္ကစားခဲ့တဲ့ တူခ်ယ္ အေနနဲ႔ ဒီရာသီ မွာ ဘယ္လိုအကြက္​ေတြ​ေ႐ႊ႕မလဲဆိုတာ ​ေစာင့္ၾကည့္ၾကရ​ေအာင္ပါ။