တူခ်ယ္ရဲ႕ ကစားကြက္ ပုံစံ ေျပာင္းလဲမႈက အလုပ္ျဖစ္မွာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တူချယ်ဟာ ချယ်လ်ဆီးအသင်း နည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် တစ်ရက်အကြာ ယမန်နေ့မှာပဲ ဝုလ်ဗ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ကစားခဲ့ရပြီးအဲဒီပွဲဟာ တူချယ်အတွက် ချဲလ်ဆီးနည်းပြဘဝအဖွင့်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲဟာဂိုးမရှိသရေရလဒ်ကလွဲရင် ၊ အဖက်ဖက် ကတိုးတက်မှု ၊ အပေါင်း လက္ခဏာဆောင်မှု များစွာ တွေ့ခဲ့ရပါတယ်။ နည်းပြ အပြောင်းအလဲကြောင့် ကစားသမားတွေရဲ့ သဘောထား ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။

နည်းပြဟောင်း လမ်းပတ် အသုံးပြုခဲ့တဲ့ ၄ – ၃ – ၃ အထိုင်ကို ဖျက်ပြီး (3-4-2-1) ဆန်ဆန် ကစားကွက် ကို တူချယ် တစ်ယောက် ချယ်လ်ဆီး အသင်းသားတွေဆီ စတင် မိတ်ဆက်ခဲ့ပါတယ်။ တစ်ရက်လောက်ပဲ လေ့ကျင့်ထားတယ် ဆိုပေမယ့် ၊ အပြောင်းအလဲတစ်ခုမှာ နေရာ ကိုယ်စီ ပြန်ရချင်တဲ့ ကစားသမား တွေဟာ အဲဒီပွဲမှာ အတော်ကို ရုန်းကန် ကစားခဲ့ကြပါတယ်။

တူချယ်ရဲ့ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၇၉) ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု (၁၄) ကြိမ်နဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ တူချယ်ဟာ ကစားကွက် အခင်းအကျင်း သာမက ၊ ပွဲထွက် ကစားသမား ရွေးချယ်ရာမှာလည်း လမ်းပတ် သိပ်အသုံးပြုလေ့မရှိတဲ့ စီနီယာ ကစားသမား အများစု ကိုသာ ထုတ်သုံးသွားခဲ့ပါတယ်။ နည်းပြဟောင်း လမ်းပတ် လက်အောက်မှာ လုံးဝ ခြေစွမ်းမပြခဲ့တဲ့ ကိုင်ဟာဗက်ဇ် ဟာလည်း အဲဒီပွဲမှာ ပြောစရာ မရှိအောင် ကြိုးစားသွားခဲ့ပါတယ်။

ဟာဗက်ဇ်ရဲ့ ပါဝင်မှု အနေအထားကတော့ တိုးတက်မှုတွေ အများကြီးမြင်ခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း အားထုတ်မှုတွေ အများကြီးလုပ်ခဲ့သလို ယုံကြည်မှုလည်း ပြန်ရလာတဲ့ပုံပါပဲ။ အရင် လေဗာကူဆင်က ဟာဗက်ဇ် ကို ပြန်မရသေးပေမယ့် ရာသီအစမှာအဆင်မပြေဖြစ်နေတဲ့ ဟာဗက်ဇ်ထက်တော့ ပိုသာလာတာ အမှန်ပါပဲ။

တစ်ဖက်မှာတော့ တူချယ်လက်ထက်မှာ အားလုံးစိတ်ပူနေရတာကတော့ မေဆန်မောင့်ရဲ့ အနာဂတ်ပါ။နည်းပြဟောင်း လမ်းပတ်ရဲ့ နောက်ဆုံးပွဲမှာ ကပ္ပတိန် အဖြစ် နေရာရခဲ့တဲ့ မောင့် ဟာ တူချယ်ရဲ့ ပွဲဦးထွက်မှာ (၇) မိနစ်ပဲ ကစားခဲ့ရပါတယ်။ ဒါပေမယ့် မောင့်ဟာ သူဝင်ကစားရတဲ့ မိနစ်ပိုင်းလေးမှာ ဇီယက်ချ် နဲ့ မတူတဲ့ နောက်တစ်နည်းနဲ့ အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။

လေ့ကျင်ခန်းတစ်ကြိမ်သာဆင်းရသေးတဲ့ အသင်းကို ပုံစံအသစ်ကြီး နဲ့ မြန်မြန်ကစားစေနိုင်တာ ကြောင့် တူချယ်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရပါမယ်။ ဒါပေမယ့် တူချယ်ဟာ ပုံစံတစ်ခုတည်းကို ပဲအမြဲသုံးမှာ မဟုတ်ပါဘူး။ တူချယ်တစ်ယောက် တစ်ပွဲလောက်နဲ့ စာမေးပွဲမအောင်သေးပါဘူး။ ဖိအားတွေ၊ အခက်အခဲတွေက ရှေ့မှာ စောင့်ကြိုနေပါတယ်။တူချယ် (3-4-2-1) အကွက်အပြင် ဘာတွေနဲ့ ကစားမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တူခ်ယ္ရဲ႕ ကစားကြက္ ပုံစံ ေျပာင္းလဲမႈက အလုပ္ျဖစ္မွာလား

တူခ်ယ္ဟာ ခ်ယ္လ္ဆီးအသင္း နည္းျပအျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ တစ္ရက္အၾကာ ယမန္ေန႔မွာပဲ ဝုလ္ဗ္အသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ကစားခဲ့ရၿပီးအဲဒီပြဲဟာ တူခ်ယ္အတြက္ ခ်ဲလ္ဆီးနည္းျပဘဝအဖြင့္ပြဲ ျဖစ္ခဲ့ပါတယ္။အဲဒီပြဲဟာဂိုးမရွိသေရရလဒ္ကလြဲရင္၊ အဖက္ဖက္ ကတိုးတက္မႈ၊ အေပါင္း လကၡဏာေဆာင္မႈ မ်ားစြာ ေတြ႕ခဲ့ရပါတယ္။ နည္းျပ အေျပာင္းအလဲေၾကာင့္ ကစားသမား ေတြရဲ႕ သေဘာထား ေျပာင္းလဲသြားတာလည္း ျဖစ္ႏိုင္ပါတယ္။

နည္းျပေဟာင္း လမ္းပတ္ အသုံးျပဳခဲ့တဲ့ ၄ – ၃ – ၃ အထိုင္ကို ဖ်က္ၿပီး (3-4-2-1) ဆန္ဆန္ ကစားကြက္ ကို တူခ်ယ္ တစ္ေယာက္ ခ်ယ္လ္ဆီး အသင္းသားေတြဆီ စတင္ မိတ္ဆက္ခဲ့ပါတယ္။ တစ္ရက္ေလာက္ပဲ ေလ့က်င့္ထားတယ္ ဆိုေပမယ့္ ၊ အေျပာင္းအလဲတစ္ခုမွာ ေနရာ ကိုယ္စီ ျပန္ရခ်င္တဲ့ ကစားသမား ေတြဟာ အဲဒီပြဲမွာ အေတာ္ကို ႐ုန္းကန္ ကစားခဲ့ၾကပါတယ္။ တူခ်ယ္ရဲ႕ အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈ (၇၉) ရာခိုင္ႏႈန္း၊ ဂိုးကန္သြင္းမႈ (၁၄) ႀကိမ္နဲ႔ ဖိအားေပးႏိုင္ခဲ့ပါတယ္။

တူခ်ယ္ဟာ ကစားကြက္ အခင္းအက်င္း သာမက ၊ ပြဲထြက္ ကစားသမား ေ႐ြးခ်ယ္ရာမွာလည္း လမ္းပတ္ သိပ္အသုံးျပဳေလ့မရွိတဲ့ စီနီယာ ကစားသမား အမ်ားစုကိုသာ ထုတ္သုံးသြားခဲ့ပါတယ္။ နည္းျပေဟာင္း လမ္းပတ္လက္ေအာက္မွာ လုံးဝ ေျခစြမ္းမျပခဲ့တဲ့ ကိုင္ဟာဗက္ဇ္ ဟာလည္း အဲဒီပြဲမွာ ေျပာစရာ မရွိေအာင္ ႀကိဳးစားသြားခဲ့ပါတယ္။ ဟာဗက္ဇ္ရဲ႕ ပါ၀င္မႈ အ​ေနအထားကေတာ့ တိုးတက္မႈေတြ အမ်ားႀကီးျမင္ခဲ့ရပါတယ္။ သူကိုယ္တိုင္လည္း အားထုတ္မႈေတြ အမ်ားႀကီးလုပ္ခဲ့သလို ယုံၾကည္မႈလည္း ျပန္ရလာတဲ့ပုံပါပဲ။ အရင္ ေလဗာကူဆင္က ဟာဗက္ဇ္ကို ျပန္မရေသးေပမယ့္ ရာသီအစမွာအဆင္မ​ေျပျဖစ္ေနတဲ့ ဟာဗက္ဇ္ထက္ေတာ့ ပိုသာလာတာ အမွန္ပါပဲ။

တစ္ဖက္မွာ​ေတာ့ တူခ်ယ္လက္ထက္မွာ အားလုံးစိတ္ပူေနရတာကေတာ့ ​ေမဆန္ေမာင့္ရဲ႕ အနာဂတ္ပါ။ နည္းျပ​ေဟာင္း လမ္းပတ္ရဲ႕ ေနာက္ဆုံးပြဲမွာ ကပၸတိန္ အျဖစ္ ေနရာရခဲ့တဲ့ ေမာင့္ ဟာ တူခ်ယ္ရဲ႕ ပြဲဦးထြက္မွာ (၇) မိနစ္ပဲ ကစားခဲ့ရပါတယ္။ ဒါေပမယ့္ ေမာင့္ဟာ သူဝင္ကစားရတဲ့ မိနစ္ပိုင္းေလးမွာ ဇီယက္ခ်္ နဲ႔ မတူတဲ့ ေနာက္တစ္နည္းနဲ႔ အသင္းကို ကူညီေပးႏိုင္ခဲ့ပါတယ္။ ေလ့က်င္ခန္းတစ္ႀကိမ္သာဆင္းရေသးတဲ့ အသင္းကို ပုံစံအသစ္ႀကီး နဲ႔ ျမန္ျမန္ကစား​ေစႏိုင္တာ ​ေၾကာင့္ တူခ်ယ္ရဲ႕ ႀကိဳးစားမႈကို အသိအမွတ္ျပဳရပါမယ္။ ဒါေပမယ့္ တူခ်ယ္ဟာ ပုံစံတစ္ခုတည္းကို ပဲအၿမဲသုံးမွာ မဟုတ္ပါဘူး။ တူခ်ယ္တစ္​ေယာက္ တစ္ပြဲ​ေလာက္နဲ႔ စာေမးပြဲ​မ​ေအာင္​ေသးပါဘူး။ ဖိအားေတြ၊ အခက္အခဲ​ေတြက ​ေရွ႕မွာ ​ေစာင့္ႀကိဳ​ေနပါတယ္။တူခ်ယ္ (3-4-2-1) အကြက္အျပင္ ဘာ​ေတြနဲ႔ ကစားမလဲဆိုတာ ​ေစာင့္ၾကည့္ရ​ေအာင္ပါ။