တုိက္စစ္မွဴးအိုင္ကာဒီကို ရာသီႀကိဳေလ့က်င့္ျပင္ဆင္မႈကေန အိမ္ျပန္ပို႔လိုက္တဲ့ အင္တာမီလန္

အင္တာမီလန္အသင္းဟာ အသင္းကေန ထြက္ခြါဖုိ႔ ျပင္ဆင္ေနတဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး အိုင္ကာဒီကုိ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ျဖစ္တဲ့ အာရွခရီးစဥ္ကို မေခၚသြားေတာ့ဘဲ အီတလီကို ျပန္ပို႔လိုက္ပါတယ္။

အင္တာမီလန္အသင္းဟာ လက္ရိွ ဆြစ္ဇာလန္ႏုိင္ငံ လိုဂါႏိုၿမိဳ႕မွာ ေလ့က်င့္ျပင္ဆင္ေနၿပီး ယေန႔ညမွာ ေျခစမ္းပြဲအျဖစ္ ၿမိဳ႕ခံလူဂါႏုိအသင္းနဲ႔ ရင္ဆုိင္ကစားမွာျဖစ္ပါတယ္။ ရာသီႀကိဳအတြက္ျပင္ဆင္ေနတဲ့ အင္တာမီလန္အသင္းမွာ အိုင္ကာဒီမပါ၀င္ေတာ့တဲ့အေၾကာင္းကို အသင္းကလည္း အတည္ျပဳထုတ္ျပန္ေၾကညာထားပါတယ္။

အင္တာမီလန္အသင္းရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ “ အိုင္ကာဒီဟာ လူဂါႏုိက အင္တာမီလန္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကေန မီလန္ကို ျပန္သြားပါၿပီ။ ဒီဆံုးျဖတ္ခ်က္ဟာ ကလပ္နဲ႔ ကစားသမားရဲ႕ ႏွစ္ဘက္သေဘာတူညီခ်က္ေၾကာင့္ျဖစ္ပါတယ္။ အိုင္ကာဒီအေနနဲ႔ မီလန္မွာ ေလ့က်င့္မႈေတြဆက္လက္ျပဳလုပ္ေနမွာျဖစ္ေပမယ့္ အသင္းရဲ႕ အာရွခရီးစဥ္မွာေတာ့ ပါ၀င္မွာမဟုတ္ပါဘူး” လုိ႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ဒါေပမယ့္ အီတလီမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ အုိင္ကာဒီဟာ အင္တာမီလန္အသင္းကေန ထြက္ခြါဖို႔ နီးစပ္ေနၿပီး ဂ်ဴဗင္တပ္အသင္းထံေျပာင္းေရႊ႕ဖို႔အတြက္ အင္တာမီလန္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကေန ျပန္လာခဲ့တာျဖစ္တယ္လို႔ ဆုိပါတယ္။

လက္ရိွဂ်ဴဗင္တပ္အသင္းမွာ တုိက္စစ္ကစားသမားေတြအမ်ားအျပားရိွေနေပမယ့္ ဟီဂူအင္ကို ေရာင္းထုတ္မယ့္အစီအစဥ္ေၾကာင့္ အုိင္ကာဒီကို ေခၚယူဖုိ႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းကလည္း မန္ယူတုိက္စစ္မွဴး လူကာကူကို ေခၚယူဖို႔ ေငြေၾကးလုိအပ္ေနတာေၾကာင့္ အိုင္ကာဒီကို ေရာင္းထုတ္ဖို႔ ဆႏၵရိွေနပါတယ္။

အိုင္ကာဒီဟာ ၿပီးခဲ့တဲ့ရာသီက အသင္းအုပ္ခ်ဳပ္မႈဒါရိုက္တာအဖြဲ႕နဲ႔ အဆင္မေျပမႈေတြရိွခဲ့ၿပီး ေအးဂ်င့္အျဖစ္ေဆာင္ရြက္ေနတဲ့ ဇနီးသည္ ၀မ္ဒါနာရာနဲ႔ အင္တာမီလန္အသင္းတာ၀န္ရိွသူေတြၾကားမွာလည္း စကားစစ္ထုိးပြဲေတြျဖစ္ခဲ့တာေၾကာင့္ ဆန္စီရိုကေန ထြက္ခြါဖုိ႔ျပင္ဆင္ေနတာပဲျဖစ္ပါတယ္။

[Unicode]

တိုက်စစ်မှူးအိုင်ကာဒီကို ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုကနေ အိမ်ပြန်ပို့လိုက်တဲ့ အင်တာမီလန်
==================================

အင်တာမီလန်အသင်းဟာ အသင်းကနေ ထွက်ခွါဖို့ ပြင်ဆင်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အိုင်ကာဒီကို ရာသီကြိုခြေစမ်းပွဲခရီးစဉ်ဖြစ်တဲ့ အာရှခရီးစဉ်ကို မခေါ်သွားတော့ဘဲ အီတလီကို ပြန်ပို့လိုက်ပါတယ်။

အင်တာမီလန်အသင်းဟာ လက်ရှိ ဆွစ်ဇာလန်နိုင်ငံ လိုဂါနိုမြို့မှာ လေ့ကျင့်ပြင်ဆင်နေပြီး ယနေ့ညမှာ ခြေစမ်းပွဲအဖြစ် မြို့ခံလူဂါနိုအသင်းနဲ့ ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။ ရာသီကြိုအတွက်ပြင်ဆင်နေတဲ့ အင်တာမီလန်အသင်းမှာ အိုင်ကာဒီမပါဝင်တော့တဲ့အကြောင်းကို အသင်းကလည်း အတည်ပြုထုတ်ပြန်ကြေညာထားပါတယ်။

အင်တာမီလန်အသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ “ အိုင်ကာဒီဟာ လူဂါနိုက အင်တာမီလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကနေ မီလန်ကို ပြန်သွားပါပြီ။ ဒီဆုံးဖြတ်ချက်ဟာ ကလပ်နဲ့ ကစားသမားရဲ့ နှစ်ဘက်သဘောတူညီချက်ကြောင့်ဖြစ်ပါတယ်။ အိုင်ကာဒီအနေနဲ့ မီလန်မှာ လေ့ကျင့်မှုတွေဆက်လက်ပြုလုပ်နေမှာဖြစ်ပေမယ့် အသင်းရဲ့ အာရှခရီးစဉ်မှာတော့ ပါဝင်မှာမဟုတ်ပါဘူး” လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ အိုင်ကာဒီဟာ အင်တာမီလန်အသင်းကနေ ထွက်ခွါဖို့ နီးစပ်နေပြီး ဂျူဗင်တပ်အသင်းထံပြောင်းရွှေ့ဖို့အတွက် အင်တာမီလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကနေ ပြန်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိဂျူဗင်တပ်အသင်းမှာ တိုက်စစ်ကစားသမားတွေအများအပြားရှိနေပေမယ့် ဟီဂူအင်ကို ရောင်းထုတ်မယ့်အစီအစဉ်ကြောင့် အိုင်ကာဒီကို ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းကလည်း မန်ယူတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ငွေကြေးလိုအပ်နေတာကြောင့် အိုင်ကာဒီကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။

အိုင်ကာဒီဟာ ပြီးခဲ့တဲ့ရာသီက အသင်းအုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နဲ့ အဆင်မပြေမှုတွေရှိခဲ့ပြီး အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ဇနီးသည် ဝမ်ဒါနာရာနဲ့ အင်တာမီလန်အသင်းတာဝန်ရှိသူတွေကြားမှာလည်း စကားစစ်ထိုးပွဲတွေဖြစ်ခဲ့တာကြောင့် ဆန်စီရိုကနေ ထွက်ခွါဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။