“တီမို ဗားနာ ပြုံးတာကို ပြန်မြင်ရဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ် ။” _ တူချယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးနည်းပြသစ် သောမတ်တူချယ်က ပုံစံကောင်း ပျောက်ဆုံးနေတဲ့ တီမို ဗားနာရဲ့ အပြုံးတွေကို ပြန်မြင်ရဖို့ သူ့မှာ တာဝန်ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ( ၈ ) ပွဲမှာ ( ၅ ) ပွဲ ရှုံးနိမ့်ခဲ့ပြီး အဆင့် ( ၁၀ ) နေရာရောက်ရှိလာတဲ့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ဖရန့်လမ်းပတ်ကို နည်းပြရာထူးကနေ ဖယ်ရှားကာ ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်တူချယ်ကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းရဲ့ ရုန်းကန်ရမှုနဲ့အတူ တိုက်စစ်မှူးတွေကလည်း ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဂျာမာန် တိုက်စစ်မှူး တီမို ဗားနာက ပရီးမီးယားလိဂ် ( ၁၁ ) ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့ပါတယ်။ ဘောလုံးပွဲ သုံးသပ်သူအများစုကတော့ လိုက်ဇစ် တိုက်စစ်မှူး‌ေဟာင်းအနေနဲ့ တူချယ်ရဲ့ လက်အောက်မှာ ခြေစွမ်းပြန်လည် တိုးတက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

တူချယ်က ဝုဗ်အသင်းနဲ့ ဂိုးမရရှိ သရေကျခဲ့တဲ့ ပွဲစဥ်မှ ကစားသမား ရေွးချယ်မှုနဲ့ ပတ်သက်ပြီး “ သူရဲ့ ( ဗားနာ ) မျက်နှာက ေပျာ်ရွှင်ေနပုံမရပဲ ဖိအားတေွဝင်နေတဲ့အတွက် ဗုဒ္ဓဟူးနေ့က ပွဲစဥ်မှာ သူ့ကို အသုံးမပြုခဲ့တာပါ” ဟု ပြောဆိုခဲ့ပါတယ်။ “သူက ဝေဖန်သံတွေကို ဂရုစိုက်တဲ့သူပါ ။ တိုက်စစ်မှူးတစ်ယောက်အတွက် ဝေဖန်သံတွေကို ဂရုစိုက်တာက တခါတလေမှာ အထောက်အကူ မဖြစ်စေပါဘူး။ သူက ဂရုစိုက်တတ်တဲ့အတွက် သူရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ မပျော်ရွှင်ပဲ ဖြစ်နေပါတယ် ။”

“လက်ရှိမှာတော့ သူ့အနေနဲ့ ယုံကြည်မှု ပြန်တည်ဆောက်ပြီး သံသယတွေမရှိပဲ ပြုံးပန်းဝေနိုင်ဖို့ အရေးကြီးပါတယ်။ ဒါတွေ ဖြစ်လာအောင် ကူညီ‌ေပးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါ။”

ချဲလ်ဆီးအသင်းဟာ တီမိုဗားနာကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပ အသင်းကြီးတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး ဂျာမာန် ကြယ်ပွင့်ဟာ ယခုနှစ်နွေရာသီမှာ ယူရို ( ၄၇.၅ ) သန်းနဲ့ စတန်းဖို့ဒ်ဘရစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“တီမို ဗားနာ ၿပဳံးတာကို ျပန္ျမင္ရဖို႔ ကြၽန္ေတာ့္မွာ တာဝန္ရွိပါတယ္ ။” _ တူခ်ယ္

ခ်ဲလ္ဆီးနည္းျပသစ္ ေသာမတ္တူခ်ယ္က ပုံစံေကာင္း ေပ်ာက္ဆုံးေနတဲ့ တီမို ဗားနာရဲ႕ အၿပဳံးေတြကို ျပန္ျမင္ရဖို႔ သူ႔မွာ တာဝန္ရွိတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ( ၈ ) ပြဲမွာ ( ၅ ) ပြဲ ရႈံးနိမ့္ခဲ့ၿပီး အဆင့္ ( ၁၀ ) ေနရာေရာက္ရွိလာတဲ့အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဖရန႔္လမ္းပတ္ကို နည္းျပရာထူးကေန ဖယ္ရွားကာ ပီအက္စ္ဂ်ီ နည္းျပေဟာင္း ေသာမတ္တူခ်ယ္ကို အစားထိုးခန႔္အပ္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းရဲ႕ ႐ုန္းကန္ရမႈနဲ႔အတူ တိုက္စစ္မႉးေတြကလည္း ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။ အထူးသျဖင့္ ဂ်ာမာန္ တိုက္စစ္မႉး တီမို ဗားနာက ပရီးမီးယားလိဂ္ ( ၁၁ ) ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ေဘာလုံးပြဲ သုံးသပ္သူအမ်ားစုကေတာ့ လိုက္ဇစ္ တိုက္စစ္မႉး‌ေဟာင္းအေနနဲ႔ တူခ်ယ္ရဲ႕ လက္ေအာက္မွာ ေျခစြမ္းျပန္လည္ တိုးတက္လာမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

တူခ်ယ္က ဝုဗ္အသင္းနဲ႔ ဂိုးမရရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွ ကစားသမား ေရြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီး “ သူရဲ႕ ( ဗားနာ ) မ်က္ႏွာက ေပ်ာ္႐ႊင္ေနပုံမရပဲ ဖိအားေတြဝင္ေနတဲ့အတြက္ ဗုဒၶဟူးေန႔က ပြဲစဥ္မွာ သူ႔ကို အသုံးမျပဳခဲ့တာပါ” ဟု ေျပာဆိုခဲ့ပါတယ္။ “သူက ေဝဖန္သံေတြကို ဂ႐ုစိုက္တဲ့သူပါ။ တိုက္စစ္မႉးတစ္ေယာက္အတြက္ ေဝဖန္သံေတြကို ဂ႐ုစိုက္တာက တခါတေလမွာ အေထာက္အကူ မျဖစ္ေစပါဘူး။ သူက ဂ႐ုစိုက္တတ္တဲ့အတြက္ သူရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္လို႔ မေပ်ာ္႐ႊင္ပဲ ျဖစ္ေနပါတယ္။” “လက္ရွိမွာေတာ့ သူ႔အေနနဲ႔ ယုံၾကည္မႈ ျပန္တည္ေဆာက္ၿပီး သံသယေတြမရွိပဲ ၿပဳံးပန္းေဝႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒါေတြ ျဖစ္လာေအာင္ ကူညီ‌ေပးဖို႔က ကြၽန္ေတာ့္ရဲ႕ တာဝန္ပါ”

ခ်ဲလ္ဆီးအသင္းဟာ တီမိုဗားနာကို ေခၚယူႏိုင္ဖို႔ ဘိုင္ယန္ျမဴးနစ္တို႔လို ဥေရာပ အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ရၿပီး ဂ်ာမာန္ ၾကယ္ပြင့္ဟာ ယခုႏွစ္ေႏြရာသီမွာ ယူ႐ို ( ၄၇.၅ ) သန္းနဲ႔ စတန္းဖို႔ဒ္ဘရစ္ကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။