
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချန်ပီယံလိ၈်ရယူအပြီး ရက်ပိုင်းအတွင်းမှာပဲ စာချုပ်သက်တမ်းပြည့်နေတဲ့ တိုက်စစ်မှုး ဂီရော့ဒ်ကို ၁နှစ် စာချုပ်သက်တမ်းတိုးခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဒေါ့မန်တိုက်စစ်မှုး ဟာလန်းကိုလည်း တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ပြီး နွေရာသီဈေးကွက်ရဲ့ အရှိန်ကို မြှင့်လိုက်ပါတယ်။
ဟာလန်းအတွက် ချဲလ်ဆီးဘက်က ဒေါ့မွန်ကို တရားဝင်ဆက်သွယ်မှုတွေပြုလုပ်သွားခဲ့တာဖြစ်ပြီး တူချယ်ရဲ့ အသင်း လူအင်အားဖြည့်တင်းရေးစီမံကိန်းက ဟာလန်းကိုကြိုးစားမှုနဲ့ စတင် အသက်ဝင်လာခဲ့ပြီဖြစ်ပါတယ်။
အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နောက် တူချယ်အတွက် ချဲလ်ဆီးက အပြောင်းအရွှေ့စရိတ်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။
တူချယ်က ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို အလိုရှိနေပြီး ဒေါ့မွန်အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ခြေစွမ်းပြခဲ့တဲ့ ဟာလန်းကို စိတ်ဝင်စားနေတာကြောင့် ခေါ်ယူပေးဖို့အတွက် အသင်းကို တောင်းဆိုထားခဲ့တယ်လို့လည်း သိရပါတယ်။
ဟာလန်းရဲ့ တန်ကြေးဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အနည်းဆုံးပေါင်သန်း ၁၀၀ ရှိနေပါတယ်။
ဒေါ့မွန်ဘက်က ဒီပမာဏထက်တောင် တိုးမြှင့်တောင်းဆိုဖွယ်ရှိနေပြီး ချဲလ်ဆီးအနေနဲ့ ခေါ်ယူဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိနေပါတယ်။
ဒါ့အပြင် ကစားသမားကိုလည်း တစ်ပတ်လုပ်ခ ပေါင်၃သိန်းအထိ လုပ်ခလစာ ပေးချေရနိုင်တယ်လို့ သိရပြီး ငွေမက်တဲ့ အေးဂျင့်ရွိုင်အိုလာရဲ့ ကစားသမားဖြစ်နေလို့ ငွေပုံအောသုံးစွဲမယ်နိုင်မယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရာလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လိဂါမှာ လီဝန်ဒေါစကီးနဲ့ အကြိတ်အနယ် ခြေစွမ်းပြခဲ့တဲ့ ဟာလန်းကို လက်ရှိမှာ ဥရောပထိပ်သီးအသင်းအများအပြားက စိတ်ဝင်စားနေပြီး ရီးရဲလ်၊ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတွေကလည်း စောင့်ကြည့်နေတာပါ။
ချဲလ်ဆီးအသင်း တိုက်စစ်မှာ တီမိုဝါနာ၊ အေဘရာဟမ်၊ ဂီရော့ဒ်တို့ရှိနေပေမယ့် တူချယ်က စိတ်တိုင်းကျမှုမရှိဘဲ နောက်ထပ် တိုက်စစ်မှူးအသစ်တစ်ဦး အလိုရှိနေခဲ့တာကြောင့်လည်း ဟာလန်းကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တီမိုဝါနာ ရွိေနသလို ၈ီေရာ့ဒ္ကိုလည္း ဆက္ထိန္းထားၿပီး ဟာလန္းကိုပါ တရားဝင္ ကမ္းလွမ္းလိုက္တဲ့ ခ်ဲလ္ဆီး
ခ်န္ပီယံလိ၈္ရယူအၿပီး ရက္ပိုင္းအတြင္းမွာပဲ စာခ်ဳပ္သက္တမ္းျပည့္ေနတဲ့ တိုက္စစ္မႈး ဂီေရာ့ဒ္ကို ၁ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ေဒါ့မန္တိုက္စစ္မႈး ဟာလန္းကိုလည္း တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္ၿပီး ေႏြရာသီေဈးကြက္ရဲ႕ အရွိန္ကို ျမႇင့္လိုက္ပါတယ္။ ဟာလန္းအတြက္ ခ်ဲလ္ဆီးဘက္က ေဒါ့မြန္ကို တရားဝင္ဆက္သြယ္မႈေတြျပဳလုပ္သြားခဲ့တာျဖစ္ၿပီး တူခ်ယ္ရဲ႕ အသင္း လူအင္အားျဖည့္တင္းေရးစီမံကိန္းက ဟာလန္းကိုႀကိဳးစားမႈနဲ႔ စတင္ အသက္ဝင္လာခဲ့ၿပီျဖစ္ပါတယ္။
အသင္းကို ခ်န္ပီယံလိဂ္ဖလား ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ေနာက္ တူခ်ယ္အတြက္ ခ်ဲလ္ဆီးက အေျပာင္းအေ႐ႊ႕စရိတ္ထုတ္ေပးဖို႔ အသင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။ တူခ်ယ္က ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကို အလိုရွိေနၿပီး ေဒါ့မြန္အတြက္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ေျခစြမ္းျပခဲ့တဲ့ ဟာလန္းကို စိတ္ဝင္စားေနတာေၾကာင့္ ေခၚယူေပးဖို႔အတြက္ အသင္းကို ေတာင္းဆိုထားခဲ့တယ္လို႔လည္း သိရပါတယ္။
ဟာလန္းရဲ႕ တန္ေၾကးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အနည္းဆုံးေပါင္သန္း ၁၀၀ ရွိေနပါတယ္။ ေဒါ့မြန္ဘက္က ဒီပမာဏထက္ေတာင္ တိုးျမႇင့္ေတာင္းဆိုဖြယ္ရွိေနၿပီး ခ်ဲလ္ဆီးအေနနဲ႔ ေခၚယူဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ ကစားသမားကိုလည္း တစ္ပတ္လုပ္ခ ေပါင္၃သိန္းအထိ လုပ္ခလစာ ေပးေခ်ရႏိုင္တယ္လို႔ သိရၿပီး ေငြမက္တဲ့ ေအးဂ်င့္႐ြိဳင္အိုလာရဲ႕ ကစားသမားျဖစ္ေနလို႔ ေငြပုံေအာသုံးစြဲမယ္ႏိုင္မယ္ဆိုရင္ ေခၚယူႏိုင္ဖြယ္ရာလည္း ရွိေနပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဘြန္ဒက္စ္လိဂါမွာ လီဝန္ေဒါစကီးနဲ႔ အႀကိတ္အနယ္ ေျခစြမ္းျပခဲ့တဲ့ ဟာလန္းကို လက္ရွိမွာ ဥေရာပထိပ္သီးအသင္းအမ်ားအျပားက စိတ္ဝင္စားေနၿပီး ရီးရဲလ္၊ ပီအက္စ္ဂ်ီနဲ႔ ယူႏိုက္တက္အသင္းေတြကလည္း ေစာင့္ၾကည့္ေနတာပါ။ ခ်ဲလ္ဆီးအသင္း တိုက္စစ္မွာ တီမိုဝါနာ၊ ေအဘရာဟမ္၊ ဂီေရာ့ဒ္တို႔ရွိေနေပမယ့္ တူခ်ယ္က စိတ္တိုင္းက်မႈမရွိဘဲ ေနာက္ထပ္ တိုက္စစ္မႉးအသစ္တစ္ဦး အလိုရွိေနခဲ့တာေၾကာင့္လည္း ဟာလန္းကို ေခၚယူဖို႔ ဆက္သြယ္ခဲ့တာျဖစ္ပါတယ္။