တီမိုဝါနာပြောတဲ့ လမ်းပတ်ခေတ်က စိုးရိမ်ရတဲ့ အနေအထား

ချဲလ်ဆီးအသင်းဟာ ရလဒ်‌ဆိုးတွေကြောင့် အသင်းရဲ့ကစားသမားကြီး လမ်းပတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနည်းပြဟောင်း တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ချဲလ်ဆီး အသင်းတိုက်စစ်မှူးတီမိုဝါနာက အသင်းကို နည်းပြသစ် တူချယ်လ် မရောက်ခင် လမ်းပတ် လက်အောက်မှာတုန်းက ထိပ်ဆုံး(၄)သင်း ဝင်ရောက်ဖို့ စိုးရိမ်မှုတွေရှိတယ်လို့ ဝန်ခံပြောဆိုထားပါတယ်။

တိုက်စစ်မှူးတီမိုဝါနာက “ကျွန်တော်တို့အသင်းဟာ နည်းပြသစ်မခန့်အပ်ခင် နည်းပြဟောင်းလမ်းပတ်လက်ထက်တုန်းက အမှတ်ပေးဇယား အဆင့် ၄ နေရာနဲ့ ၉မှတ်ကွာ၊ ၁၀မှတ်ကွာတဲ့နေရာမှာရှိနေခဲ့ပါတယ်။ စိုးရိမ်စရာပေါ့။ နောက်ပိုင်း နည်းပြသစ်တူချယ်တာဝန်ယူတဲ့ သုံးလေးပွဲမှာ ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ခဲ့ပါတယ်။”

“လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့်လေးနေရာက လီဗာပူးအသင်းနဲ့ အမှတ်သိပ်မကွာတော့ပါဘူး။ အသင်းခြေစွမ်းက အကောင်းဆုံးပုံစံပြန်ရနေပါတယ်။အသင်းအနေနဲ့ အခြားအသင်းတွေအပေါ် ဖိအားပေးတာတွေ ဆက်ထိန်းထားပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်မှာပါ။ “ လို့ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီက လိုက်ပ်ဇစ်ကနေ ပေါင် ၄၅ သန်း ဝန်းကျင်နဲ့ ရောက်လာခဲ့တဲ့ ဂျာမနီလက်ရွေးစင် ဝါနာဟာ ချဲလ်ဆီးအတွက် နောက်ဆုံး ၁၉ပွဲမှာ ၁ဂိုးပဲ သွင်းယူထားနိုင်ပြီး အဲဒီဂိုးကလည်း လိဂ်-၂ ကလပ် မိုကမ်ဘီဘက်ကို သွင်းယူခဲ့တာပါ။ နည်းပြဟောင်း လမ်းပတ်လက်ထက် နောက်ပိုင်းပွဲတွေမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ်ရှိဝါနာဟာ လက်ရှိနည်းပြ တူချယ်ရဲ့လက်ထက်မှာတော့ ကစားပုံတိုးတက်လာပြီး တော့ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၆)ပွဲမှာ ယူနိုက်တက်၊အဲဗာတန်၊လိ‌ဒ်စ်၊လီဗာပူးလ် တို့လို အသင်းကောင်းတွေနဲ့တွေ့ရမှာဖြစ်တာကြောင့် နည်းပြ တူချယ်လ် အနေနဲ့ ခက်ခဲတဲ့စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Zawgyi

တီမိုဝါနာေျပာတဲ့ လမ္းပတ္ေခတ္က စိုးရိမ္ရတဲ့ အေနအထား

ခ်ဲလ္ဆီးအသင္းဟာ ရလဒ္‌ဆိုးေတြေၾကာင့္ အသင္းရဲ႕ကစားသမားႀကီး လမ္းပတ္ ကို နည္းျပရာထူးကေန ထုတ္ပယ္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းနည္းျပေဟာင္း တူခ်ယ္လ္ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ၿပီး၊ ခ်ဲလ္ဆီး အသင္းတိုက္စစ္မႉးတီမိုဝါနာ က အသင္းကို နည္းျပသစ္ တူခ်ယ္လ္ မေရာက္ခင္ လမ္းပတ္ လက္ေအာက္မွာ တုန္းက ထိပ္ဆုံး(၄)သင္း ဝင္ေရာက္ဖို႔ စိုးရိမ္မႈေတြရွိတယ္လို႔ ဝန္ခံေျပာဆိုထားပါတယ္။

တိုက္စစ္မႉးတီမိုဝါနာက “ကြၽန္ေတာ္တို႔အသင္းဟာနည္းျပသစ္မခန႔္အပ္ခင္နည္းျပေဟာင္းလမ္းပတ္လက္ထက္တုန္းကအမွတ္ေပးဇယားအဆင့္၄ေနရာနဲ႔၉မွတ္ကြာ၊၁၀မွတ္ကြာတဲ့ေနရာမွာရွိေနခဲ့ပါတယ္။စိုးရိမ္စရာ​ေပါ့။ ​ေနာက္ပိုင္း နည္းျပသစ္တူခ်ယ္တာဝန္ယူတဲ့သုံးေလးပြဲမွာရႈံးပြဲမရွိေအာင္ကစားႏိုင္ခဲ့ၿပီးရလဒ္ေကာင္းေတြျပန္ရယူႏိုင္ခဲ့ ပါတယ္။” “လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယား အဆင့္ေလးေနရာက လီဗာပူအသင္းနဲ႔အမွတ္သိပ္မကြာေတာ့ပါဘူး။ အသင္းေျခစြမ္းက အေကာင္းဆုံးပုံစံျပန္ရေနပါတယ္။ အသင္းအေနနဲ႔ အျခားအသင္းေတြအေပၚ ဖိအားေပးတာေတြဆက္ထိန္းထားၿပီး အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္မွာပါ။ “ လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက လိုက္ပ္ဇစ္ကေန ေပါင္ ၄၅ သန္း ဝန္းက်င္နဲ႔ ေရာက္လာခဲ့တဲ့ ဂ်ာမနီလက္ေ႐ြးစင္ ဝါနာဟာ ခ်ဲလ္ဆီးအတြက္ ေနာက္ဆုံး ၁၉ပြဲမွာ ၁ဂိုးပဲ သြင္းယူထားႏိုင္ၿပီး အဲဒီဂိုးကလည္း လိဂ္-၂ ကလပ္ မိုကမ္ဘီဘက္ကို သြင္းယူခဲ့တာပါ။

နည္းျပေဟာင္း လမ္းပတ္လက္ထက္ ေနာက္ပိုင္းပြဲေတြမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိဝါနာဟာ လက္ရွိနည္းျပ တူခ်ယ္ရဲ႕လက္ထက္မွာေတာ့ ကစားပုံတိုးတက္လာၿပီးေတာ့ ေျခစြမ္း​ေကာင္းျပသႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္(၆)ပြဲမွာ ယူႏိုက္တက္၊ အဲဗာတန္၊ လိ‌ဒ္စ္၊ လီဗာပူးလ္ တို႔လို အသင္းေကာင္းေတြနဲ႔​ေတြ႕ရမွာျဖစ္တာေၾကာင့္ နည္းျပ တူခ်ယ္လ္အေနနဲ႔ ခက္ခဲတဲ့စမ္းသပ္မႈေတြနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။