တီမိုဝါနာဂိုးပေါက်ပြန်တွေ့ပြီး ၂နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်တဲ့ တူချယ်နဲ့ All English Final

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးနဲ့ရီးရဲလ်တို့ရဲ့ ချန်ပီယံလိ၈်ဆီမီးဖိုင်နယ် ဒုတိယအကျော့ အားပြိုင်ပွဲမှာတော့ ချဲလ်ဆီးက ၂-၀ နဲ့ အနိုင်ယူပြီး

၂၀၁၂ခုနှစ် နောက်ပိုင်း ၉နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။

ချဲလ်ဆီးနည်းပြ တူချယ်ဟာ အသင်းကို စတင်ကိုင်တွယ်ပြီး ၉၉ရက် အကြာမှာ အသင်းအတွက် အက်ဖ်အေဖလား ဗိုလ်လုပွဲပြီးတော့ နောက်ထပ် ဖိုင်နယ်တစ်ခုကို ပို့ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တူချယ်အတွက် ချန်ပီယံလိ၈် ဗိုလ်လုပွဲကို ၂နှစ်ဆက်တိုက် တက်နိုင်ခဲ့တာဖြစ်သလို All English ဖိုင်နယ်လည်း ဖြစ်စေခဲ့တာပါ။

ရီးရဲလ်က ၃-၄-၁-၂ ကစားကွက်မှာ ဘယ်နောက်ခံလူ မာဆယ်လိုကလွဲပြီး ရာမို့စ်၊ ဘင်ဇီမား၊ မိုဒရစ်၊ ဟာဇက်၊ တိုနီခရူးစ် တို့နဲ့ ထွက်လာခဲ့ပြီး

ချဲလ်ဆီးက ၃-၁-၄-၂ ပုံစံမှာ တီမိုဝါနာနဲ့ ဟာဗက်ဇ် ဂျာမန်အတွဲကို ရှေ့တန်းမှာ ပွဲထုတ်ခဲ့တာပါ။

တကယ်တော့ ချဲလ်ဆီးဟာ ၅-၃-၂ ပုံစံ အထိုင်ထားခဲ့တာဖြစ်ပြီး နော်ကတန်း ဘယ်ညာတောင်ပံ ၂ဖက်က ချီဝဲလ်နဲ့ အက်စ်ပီကျူတာတို့ တိုက်စစ်လိုက်ပါကစားတဲ့အချိန်မှာ

နောက်တန်း ၃ယောက် အထိုင်အဖြစ် တီယာဂိုဆေးဗးလ်၊ ခရစ္စတန်ဆန်နဲ့ ရူဒီဂါတို့က ရီးရဲကောင်တာ မမိအောင် ချန်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ၂သင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ကော်တွိုက်စ်နဲ့ မန်ဒီတို့ ဟာ လက်စွမ်းတွေ အသီးသီပြနိုင်ခဲ့ကြပါတယ်။

၂၈မိနစ်မှာ ဟာဗက်ဇ်သွင်းတာ ဂိုးဘားတန်းထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို အလွဲတွေများလို့ ဝေဖန်ခံနေရတဲ့ တီမိုဝါနာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

တီမိုဝါနာ ခေါင်းတိုက်ရတဲ့နေရာက ရီးရဲလ်ဂိုးပေါက်မှာ လူတစ်ယောက်မှမရှိသလို ဂိုးပေါက်နဲ့ ၆ပေတောင်မကွာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ဝါနာအတွက် ဒီဂိုးဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိ၈် ပထမဆုံးသွင်းဂိုး ရခဲ့တာဖြစ်ပြီး သူဟာ ၂၀၁၉ စက်တင်ဘာတုန်းက လိုက်ဇစ်အတွက် ကစားရင်း ဘင်ဖီကာကို ချန်ပီယံလိဂ် နောက်ဆုံးဂိုး သွင်းနိုင်ခဲ့တာပါ။

ချဲလ်ဆီးဂိုးသမား မန်ဒီဟာ ဘင်ဇီမာရဲ့ ကန်သွင်းချက် တစ်လုံးနဲ့ ခေါင်းတိုက်ချက်တစ်လုံးတို့ကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာလည်း ချီးကျူးစရာပါပဲ။

ပွဲသိမ်းဂိုးကိုတော့ ပွဲပြီးခါနီး ၈၅မိနစ်မှာ ပူလီဆစ်ပေးတာကို မေဆန်မောင့်က သွင်းယူပြီး ချဲလ်ဆီးကို ၂ကျော့ပေါင်း ရလဒ် (၃-၁) နဲ့ ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးနည်းပြ တူချယ်ဟာ နာမည်ကြီးနည်းပြတွေဖြစ်တဲ့ ဂွာဒီယိုလာ၊ အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ ကလော့ပ် တို့ကို အနိုင်ယူနိုင်ခဲ့ပြီး အခုနောက်ဆုံး ဇီဒန်းကိုပါ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တီမိုဝါနာဂိုးေပါက္ျပန္ေတြ႕ၿပီး ၂ႏွစ္ဆက္တိုက္ ဗိုလ္လုပြဲတက္တဲ့ တူခ်ယ္နဲ႔ All English Final

ခ်ဲလ္ဆီးနဲ႔ရီးရဲလ္တို႔ရဲ႕ ခ်န္ပီယံလိ၈္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ အားၿပိဳင္ပြဲမွာေတာ့ ခ်ဲလ္ဆီးက ၂-၀ နဲ႔ အႏိုင္ယူၿပီး

၂၀၁၂ခုႏွစ္ ေနာက္ပိုင္း ၉ႏွစ္ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ပါၿပီ။

ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ အသင္းကို စတင္ကိုင္တြယ္ၿပီး ၉၉ရက္ အၾကာမွာ အသင္းအတြက္ အက္ဖ္ေအဖလား ဗိုလ္လုပြဲၿပီးေတာ့ ေနာက္ထပ္ ဖိုင္နယ္တစ္ခုကို ပို႔ေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တူခ်ယ္အတြက္ ခ်န္ပီယံလိ၈္ ဗိုလ္လုပြဲကို ၂ႏွစ္ဆက္တိုက္ တက္ႏိုင္ခဲ့တာျဖစ္သလို All English ဖိုင္နယ္လည္း ျဖစ္ေစခဲ့တာပါ။

ရီးရဲလ္က ၃-၄-၁-၂ ကစားကြက္မွာ ဘယ္ေနာက္ခံလူ မာဆယ္လိုကလြဲၿပီး ရာမို႔စ္၊ ဘင္ဇီမား၊ မိုဒရစ္၊ ဟာဇက္၊ တိုနီခ႐ူးစ္ တို႔နဲ႔ ထြက္လာခဲ့ၿပီး

ခ်ဲလ္ဆီးက ၃-၁-၄-၂ ပုံစံမွာ တီမိုဝါနာနဲ႔ ဟာဗက္ဇ္ ဂ်ာမန္အတြဲကို ေရွ႕တန္းမွာ ပြဲထုတ္ခဲ့တာပါ။

တကယ္ေတာ့ ခ်ဲလ္ဆီးဟာ ၅-၃-၂ ပုံစံ အထိုင္ထားခဲ့တာျဖစ္ၿပီး ေနာ္ကတန္း ဘယ္ညာေတာင္ပံ ၂ဖက္က ခ်ီဝဲလ္နဲ႔ အက္စ္ပီက်ဴတာတို႔ တိုက္စစ္လိုက္ပါကစားတဲ့အခ်ိန္မွာ ေနာက္တန္း ၃ေယာက္ အထိုင္အျဖစ္

တီယာဂိုေဆးဗးလ္၊ ခရစၥတန္ဆန္နဲ႔ ႐ူဒီဂါတို႔က ရီးရဲေကာင္တာ မမိေအာင္ ခ်န္ခဲ့တာပါ။

ဒီေန႔ပြဲမွာ ၂သင္းရဲ႕ ဂိုးသမားေတြျဖစ္တဲ့ ေကာ္တြိဳက္စ္နဲ႔ မန္ဒီတို႔ ဟာ လက္စြမ္းေတြ အသီးသီျပႏိုင္ခဲ့ၾကပါတယ္။

၂၈မိနစ္မွာ ဟာဗက္ဇ္သြင္းတာ ဂိုးဘားတန္းထိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို အလြဲေတြမ်ားလို႔ ေဝဖန္ခံေနရတဲ့ တီမိုဝါနာက ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

တီမိုဝါနာ ေခါင္းတိုက္ရတဲ့ေနရာက ရီးရဲလ္ဂိုးေပါက္မွာ လူတစ္ေယာက္မွမရွိသလို ဂိုးေပါက္နဲ႔ ၆ေပေတာင္မကြာတဲ့ အေနအထားလည္း ျဖစ္ပါတယ္။

ဝါနာအတြက္ ဒီဂိုးဟာ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိ၈္ ပထမဆုံးသြင္းဂိုး ရခဲ့တာျဖစ္ၿပီး သူဟာ ၂၀၁၉ စက္တင္ဘာတုန္းက လိုက္ဇစ္အတြက္ ကစားရင္း ဘင္ဖီကာကို ခ်န္ပီယံလိဂ္ ေနာက္ဆုံးဂိုး သြင္းႏိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးဂိုးသမား မန္ဒီဟာ ဘင္ဇီမာရဲ႕ ကန္သြင္းခ်က္ တစ္လုံးနဲ႔ ေခါင္းတိုက္ခ်က္တစ္လုံးတို႔ကို လက္စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့တာလည္း ခ်ီးက်ဴးစရာပါပဲ။

ပြဲသိမ္းဂိုးကိုေတာ့ ပြဲၿပီးခါနီး ၈၅မိနစ္မွာ ပူလီဆစ္ေပးတာကို ေမဆန္ေမာင့္က သြင္းယူၿပီး ခ်ဲလ္ဆီးကို ၂ေက်ာ့ေပါင္း ရလဒ္ (၃-၁) နဲ႔ ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ နာမည္ႀကီးနည္းျပေတြျဖစ္တဲ့ ဂြာဒီယိုလာ၊ အန္ဆယ္ေလာ့တီ၊ ေမာ္ရင္ဟို၊ ကေလာ့ပ္ တို႔ကို အႏိုင္ယူႏိုင္ခဲ့ၿပီး အခုေနာက္ဆုံး ဇီဒန္းကိုပါ အႏိုင္ယူ ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။