တီမိုဝါနာကို ရီးရဲလ်ဆီ အန်ဆယ်လော့တီ ခေါ်ဆောင်နိုင်မှာလား?

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ချဲလ်ဆီး

တိုက်စစ်မှူးတီမိုဝါနာအားခေါ်ယူရန်ပစ်မှတ်ထားကြောင်းသိရပါတယ်။

ရီးရဲလ်အသင်းကို တစ်ကြော့ပြန် ပြန်လည်ကိုင်တွယ်ခွင့် ရရှိခဲ့တဲ့ နည်းပြကြီး အန်ဆယ်လော့တီဟာ

အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်သွားဖို့အတွက်

ဂျာမနီတိုက်စစ်ကစားသမားကို ခေါ်ယူချင်တာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိ တီမိုဝါနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးအသင်းဆီကို

ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ ပထမရာသီမှာပဲ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို

အခွင့်အရေးတချို့ကိုလည်း ကောင်းကောင်းအသုံးမချနိုင်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေနဲ့ပါ ကြုံတွေ့ထားခဲ့ရပါတယ်။

ဝါနာဟာနည်းပြဖရန့်လမ်းပတ်လက်ထက်ပရီးမီးယားလိဂ်အဖွင့်ပွဲ၆ပွဲမှာ၂ဂိုးတည်းသာသွင်းယူနိုင်ခဲ့ပြီ

းရုန်းကန်ခဲ့ရပါတယ်။ဒါပေမယ့်သူဟာရန်းနက်စ်၊ခရက်စ်နော်ဒါ၊ရီးရဲလ်ကမ်ဒရစ်တို့နှင့်ချန်ပီယံလိဂ်ပွဲစဉ်များတွင်

ဂိုးသွင်းနိုင်ခဲ့ကာချန်ပီယံလိဂ်ဖလားရရှိအောင်ကူညီနိုင်ခဲ့ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်အသင်းဟာ အိမ်ကွင်းဘာနေဗျူးကို ပြုပြင်မွမ်းမံနေရသလို

ငဗစ်ကြောင့် အသင်းရဲ့ဝင်ငွေပိုင်း ကျဆင်းခဲ့မှုတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ

ကစားသမား ခေါ်ယူမှုကို မပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်နွေမှာတော့ ကစားသမားများစွာကို ခေါ်ယူဖွယ်ရှိနေပါတယ်။

နည်းပြအန်ဆယ်လော့တီဟာလာမယ့်ရာသီတွင်ဂါရတ်ဘေးလ်ကိုလည်းပြန်ခေါ်ရန်စီစဉ်ထားတဲ့အပြင်

လိုင်ယွန်မှအူအာကိုလည်းခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာတဲ့

သြစတြီးယားနောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါတယ်။
ချဲလ်ဆီးအသင်းဟာ တီမိုဝါနာကိုပေါင်၄၇.၅သန်းအောက်လျှော့နည်းတဲ့ပမာဏနှင့်ခေါ်ယူနိုင်ဖို့တော့ရှိပါတယ်။

Zawgyi Version

တီမို၀ါနာကို ရီးရဲလ္ဆီ အန္ဆယ္ေလာ့တီ ေခၚေဆာင္ႏိုင္မွာလား?

ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီဟာယခုေႏြ

ရာသီအေျပာင္းအေရႊ႕ေဈးကြက္တြင္ခ်ဲလ္ဆီးတိုက္စစ္မွူးတီမိုဝါနာအားေခၚယူရန္ပစ္မွတ္ထားေၾကာင္း

သိရပါတယ္။

ရီးရဲလ္အသင္းကို တစ္ေၾကာ့ျပန္ ျပန္လည္ကိုင္တြယ္ခြင့္ ရရွိခဲ့တဲ့ နည္းျပႀကီး

အန္ဆယ္ေလာ့တီဟာ အသင္းရဲ့တိုက္စစ္ပိုင္းကို ပိုမိုေတာင့္တင္းေအာင္ လုပ္ေဆာင္သြားဖို့အတြက္

ဂ်ာမနီတိုက္စစ္ကစားသမားကို ေခၚယူခ်င္တာျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ရွိ တီမို၀ါနာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ

လိုက္ပ္ဇစ္ကေန ခ်ဲလ္ဆီးအသင္းဆီကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး သူ႔ရဲ့

ခ်ဲလ္ဆီးကစားသမားဘဝ ပထမရာသီမွာပဲ ခက္ခဲမွုေတြနဲ႔ ရင္ဆိုင္ခဲ့ရသလို အခြင့္အေရးတခ်ိဳ႕ကိုလည္း

ေကာင္းေကာင္းအသုံးမခ်နိုင္ခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္မွုေတြနဲ႔ပါ ၾကဳံေတြ႕ထားခဲ့ရပါတယ္။

၀ါနာဟာနည္းျပဖရန႔္လမ္းပတ္လက္ထက္ပရီးမီးယားလိဂ္အဖြင့္ပြဲ၆ပြဲမွာ၂ဂိုးတည္းသာသြင္းယူနိုင္ခဲ့ၿပီး႐ုန္းကန္ခဲ့ရပါတယ္။

ဒါေပမယ့္သူဟာရန္းနက္စ္၊ခရက္စ္ေနာ္ဒါ၊ရီးရဲလ္ကမ္ဒရစ္တို့ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မ်ားတြင္ဂိုးသြင္းနိုင္ခဲ့ကာခ်န္ပီယံလိဂ္ဖလား

ရရွိေအာင္ကူညီနိုင္ခဲ့ပါတယ္။

နည္းျပ အန္ဆယ္ေလာ့တီရဲ့ ရီးရဲလ္အသင္းဟာ အိမ္ကြင္းဘာေနဗ်ဴးကို ျပဳျပင္မြမ္းမံေနရသလို

ငဗစ္ေၾကာင့္ အသင္းရဲ့ဝင္ေငြပိုင္း က်ဆင္းခဲ့မွုေတြေၾကာင့္ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ

ကစားသမား ေခၚယူမွုကို မျပဳလုပ္နိုင္ခဲ့ေပမယ့္ ဒီႏွစ္ေႏြမွာေတာ့ ကစားသမားမ်ားစြာကို

ေခၚယူဖြယ္ရွိေနပါတယ္။

နည္းျပအန္ဆယ္ေလာ့တီဟာလာမယ့္ရာသီတြင္ဂါရတ္ေဘးလ္ကိုလည္းျပန္ေခၚရန္စီစဥ္ထားတဲ့

အျပင္လိုင္ယြန္မွအူအာကိုလည္းေခၚယူရန္ပစ္မွတ္ထားေနပါတယ္။

လက္ရွိမွာေတာ့ ရီးရဲလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကေန ထြက္ခြာလာတဲ့ ၾသစႀတီးယားေနာက္ခံလူ

ေဒးဗစ္အလာဘာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ တီမိုဝါနာကိုေပါင္၄၇.၅သန္းေအာက္ေလၽွာ့နည္းတဲ့

ပမာဏႏွင့္ေခၚယူနိုင္ဖို့ေတာ့ရွိပါတယ္။