တီကုိပြဲဦးထြက္မွာ ကိုက္ ၈၀ ေျပးၿပီး ၿပိဳင္ဘက္ ၃ ေယာက္ေက်္ျဖတ္ကာ ပင္နယ္တီယူေပးခဲ့တဲ့ဂ်ာအိုဖိလစ္

photo-gettyimages

photo-marca

၁-၀ ရလဒ္နဲ႔ လာလီဂါတာထြက္ေကာင္းခဲ့တဲ့ ဂီတာေဖးနဲ႔အိမ္ကြင္းပြဲစဥ္မွာ နည္းျပဆီျမြန္နီဟာ ကစားသမားသစ္ေတြက တိုက္စစ္မႈးဂ်ာအိုဖိလစ္နဲ႔ေနာက္ခံလူထရစ္ပီယာတု႔ိကို အသင္းအတြက္ ၿပိဳင္ပဲြအသြင္းပထမဆုံးပြဲအျဖစ္ ပြဲထြက္ေစခဲ့ပါတယ္။ အဲဒီမွာ စပါးက ေျပာင္းလာတဲ့ထရစ္ပီယာဟာ ပြဲခ်ိန္ ၂၃ မိနစ္အေရာက္ အက္သလက္တီကိုအတြက္ တစ္လုံးတည္းေသာဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အဲဒီအဂၤလန္ညာေနာက္ခံလူဟာ ခ်ဲလ္ဆီးတိုက္စစ္မႈးေဟာင္းမိုရာတာ ေခါင္းတိုက္ဂိုးသြင္းႏိုင္ဖို႔ သိပ္ေကာင္းတဲ့ျဖတ္တင္ေပးပို႔မႈကို ျပဳလုပ္ႏိုင္ခဲ့တာပါ။

photo-gettyimages

ဒီလုိပဲ ေနာက္ကစားသမားသစ္တစ္ေယာက္ျဖစ္တဲ့အသင္းစံခ်ိန္တင္ေၾကးရွင္ဂ်ာအိုဖိလစ္ကလည္း အဲဒီပြဲရဲ႕ဒုတိယပိုင္းမွာ အက္သလက္တီကိုအတြက္ သူဘာလုပ္ေပးႏိုင္တယ္ဆိုတာကို ျပသခဲ့ပါတယ္။ သူ႔ရဲ႕ေျပာငး္ေရႊ႕ေၾကးေၾကာင့္လည္း အဲဒီေပၚတူဂီသားေလးအေပၚ အေတာ္ေလးေမွ်ာ္လင့္ထားၾကတာပါ။ သူဟာ ေျပာင္းေရႊ႕ေၾကးယူရို ၁၂၆ သန္းနဲ႔ ဂရစ္ဇ္မန္းေနရာအစား၀င္မယ့္သူအျဖစ္ ေခၚယူျခင္းခံခဲ့ရတာပါ။ ၿပီးခဲ့တဲ့ရာသီဘင္ဖီကာမွာ နာမည္တစ္လုံးတည္ေဆာက္ႏိုင္ခဲ့တဲ့ဂ်ာအိုဖိလစ္ဟာ အက္သလက္တီကိုနဲ႔လာလီဂါပြဲဦးထြက္က ဒုတိယပိုင္းမွာလည္း ရင္သပ္ရႈေမာရတဲ့တစ္ကိုယ္ေတာ္အစြမ္းကို ျပသႏိုင္ခဲ့တာပါ။

photo-gettyimages

၁၉ ႏွစ္အရြယ္ ဂ်ာအိုဖိလစ္ဟာ အက္သလက္တီကိုကြင္းဘက္အျခမ္းကေန ဂီတာေဖးဂိုးဘက္ကို ေဘာလံုးဆြဲယူလာခဲ့တာျဖစ္ၿပီး ပထမေနာက္ခံလူတစ္ေယာက္ကို ေပါင္ျခားထဲေဘာလုံးထည့္ၿပီး ေက်ာ္ျဖတ္လာခဲ့ပါတယ္။ ၿပိဳင္ဘက္ရဲ႕ဒုတိယေနာက္ခံလူကိုလည္း အလွည့္အပတ္နဲ႔ခ်န္ထားႏိုင္ခဲ့ၿပီး တတိယေနာက္ခံလူကိုေတာ့ သူ႔ရဲ႕ေျပးအားနဲ႔ အခက္ေတြ႕ေစခဲ့ကာ ပင္နယ္တီဧရိယာထဲေရာက္မွ လူခ်ခံခဲ့ရတာပါ။ ဂ်ာအိုဖိလစ္လုပ္ေပးလို႔ အက္သလက္တီကိုပင္နယ္တီရသြားခဲ့ေပမယ့္ ပထမဂိုးသြင္းခဲ့တဲ့မိုရာတာရဲ႕ကန္သြင္းမႈကို ဂီတာေဖးဂိုးသမားက ကာကြယ္လုိက္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဂ်ာအိုဖိလစ္တစ္ကိုယ္ေတာ္အစြမ္းနဲ႔လုပ္ေပးခဲ့တာက အလဟသျဖစ္သြားခဲ့ပါတယ္။ ဖိလစ္ဟာ ဒုတိယပိုင္းမွာပဲ ဒဏ္ရာရၿပီး လူစားလဲခံလုိက္ရပါတယ္။ ဒါေပမဲ့ သူ႔အတြက္ေတာ့ အေတာ္ေလးကိုအလားအလာေကာငး္တဲ့ လာလီဂါပြဲဦးထြက္ျဖစ္ခဲ့တာပါ။

[Unicode]

၁-၀ ရလဒ်နဲ့ လာလီဂါတာထွက်ကောင်းခဲ့တဲ့ ဂီတာဖေးနဲ့အိမ်ကွင်းပွဲစဉ်မှာ နည်းပြဆီမြွန်နီဟာ ကစားသမားသစ်တွေက တိုက်စစ်မှုးဂျာအိုဖိလစ်နဲ့နောက်ခံလူထရစ်ပီယာတု့ိကို အသင်းအတွက် ပြိုင်ပွဲအသွင်းပထမဆုံးပွဲအဖြစ် ပွဲထွက်စေခဲ့ပါတယ်။ အဲဒီမှာ စပါးက ပြောင်းလာတဲ့ထရစ်ပီယာဟာ ပွဲချိန် ၂၃ မိနစ်အရောက် အက်သလက်တီကိုအတွက် တစ်လုံးတည်းသောဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီအင်္ဂလန်ညာနောက်ခံလူဟာ ချဲလ်ဆီးတိုက်စစ်မှုးဟောင်းမိုရာတာ ခေါင်းတိုက်ဂိုးသွင်းနိုင်ဖို့ သိပ်ကောင်းတဲ့ဖြတ်တင်ပေးပို့မှုကို ပြုလုပ်နိုင်ခဲ့တာပါ။

ဒီလိုပဲ နောက်ကစားသမားသစ်တစ်ယောက်ဖြစ်တဲ့အသင်းစံချိန်တင်ကြေးရှင်ဂျာအိုဖိလစ်ကလည်း အဲဒီပွဲရဲ့ဒုတိယပိုင်းမှာ အက်သလက်တီကိုအတွက် သူဘာလုပ်ပေးနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးကြောင့်လည်း အဲဒီပေါ်တူဂီသားလေးအပေါ် အတော်လေးမျှော်လင့်ထားကြတာပါ။ သူဟာ ပြောင်းရွှေ့ကြေးယူရို ၁၂၆ သန်းနဲ့ ဂရစ်ဇ်မန်းနေရာအစားဝင်မယ့်သူအဖြစ် ခေါ်ယူခြင်းခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ရာသီဘင်ဖီကာမှာ နာမည်တစ်လုံးတည်ဆောက်နိုင်ခဲ့တဲ့ဂျာအိုဖိလစ်ဟာ အက်သလက်တီကိုနဲ့လာလီဂါပွဲဦးထွက်က ဒုတိယပိုင်းမှာလည်း ရင်သပ်ရှုမောရတဲ့တစ်ကိုယ်တော်အစွမ်းကို ပြသနိုင်ခဲ့တာပါ။

၁၉ နှစ်အရွယ် ဂျာအိုဖိလစ်ဟာ အက်သလက်တီကိုကွင်းဘက်အခြမ်းကနေ ဂီတာဖေးဂိုးဘက်ကို ဘောလုံးဆွဲယူလာခဲ့တာဖြစ်ပြီး ပထမနောက်ခံလူတစ်ယောက်ကို ပေါင်ခြားထဲဘောလုံးထည့်ပြီး ကျော်ဖြတ်လာခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ဒုတိယနောက်ခံလူကိုလည်း အလှည့်အပတ်နဲ့ချန်ထားနိုင်ခဲ့ပြီး တတိယနောက်ခံလူကိုတော့ သူ့ရဲ့ပြေးအားနဲ့ အခက်တွေ့စေခဲ့ကာ ပင်နယ်တီဧရိယာထဲရောက်မှ လူချခံခဲ့ရတာပါ။ ဂျာအိုဖိလစ်လုပ်ပေးလို့ အက်သလက်တီကိုပင်နယ်တီရသွားခဲ့ပေမယ့် ပထမဂိုးသွင်းခဲ့တဲ့မိုရာတာရဲ့ကန်သွင်းမှုကို ဂီတာဖေးဂိုးသမားက ကာကွယ်လိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျာအိုဖိလစ်တစ်ကိုယ်တော်အစွမ်းနဲ့လုပ်ပေးခဲ့တာက အလဟသဖြစ်သွားခဲ့ပါတယ်။ ဖိလစ်ဟာ ဒုတိယပိုင်းမှာပဲ ဒဏ်ရာရပြီး လူစားလဲခံလိုက်ရပါတယ်။ ဒါပေမဲ့ သူ့အတွက်တော့ အတော်လေးကိုအလားအလာကောင်းတဲ့ လာလီဂါပွဲဦးထွက်ဖြစ်ခဲ့တာပါ။