တီကိုရဲ့မက်ဆီလို့ ဂိုးသမားအိုဘလက်ကို နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ ဆီမြွန်နီ

photo-daily mail

photo-atletico twitter

ချန်ပီယံလိဂ်မှာ လက်ရှိချန်ပီယံလီဗာပူးကို နောက်ကောက်ချနိုင်ခဲ့ပြီးနောက် အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ စွမ်းစွမ်းတမံလက်စွမ်းပြခဲ့တဲ့အသင်းဂိုးသမားအိုဘလက်ကို ဘာစီလိုနာစူပါစတားမက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးလိုက်ပါတယ်။ အဲဒီပွဲမှာ ဆလိုဗေးနီးယားသားအိုလလက်ဟာ အက်သလက်တီကိုအတွက် အရေးပါတဲ့ကာကွယ်မှုတွေကို ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့ Man of the Match ကိုလည်း ရရှိခဲ့ပါတယ်။

photo-atletico twitter

အိုဘလက်အနေနဲ့ တစ်ပွဲလုံးမှာ ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်တောင် ပြုလုပ်ခဲ့ရတာပါ။ သာမန်ပွဲချိန်မိနစ် ၉၀ အပြင် အချိန်ပိုမိနစ် ၃၀ မှာလည်း အိမ်ရှင်လီဗာပူးဟာ အက်သလက်တီကိုကို ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းချက်ချည်း ၃၄ ကြိမ်တောင် ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အိုလလက်ကို မကျော်နိုင်မှုနဲ့အတူ အချိန်ပိုမှာ အက်သလက်တီကိုကို ၃ ဂိုးပေးခဲ့ရပါတယ်။ အိုဘလက်ဟာ အစကတည်းက လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာပါ။

photo-gettyimages

”ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ဂိုးသမားတစ်ယောက် ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒါဟာ သံသယဖြစ်စရာမလိုပါဘူး။ အဲဒါကို ကျွန်တော်ပြောနေခဲ့တာ အရင်ကတည်းကပါ။ အဲဒါက မက်ဆီရှိတဲ့ဘာစီလိုနာလိုပါပဲ။ မက်ဆီက သူ့ရဲ့တိုက်စစ်ကစားပုံနဲ့ ပွဲတွေကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိပါတယ်။ အိုဘလက်ကလည်း သူ့ရဲ့ကာကွယ်မှုတွေနဲ့ ပွဲတွေကို ဆုံးဖြတ်ပေးနေတာပါ”လို့ ပွဲအပြီးမှာ ဆီမြွန်နီက ပြောကြားခဲ့တာပါ။

[Zawgyi]

တီကိုရဲ႕မက္ဆီိလို႔ ဂိုးသမားအိုဘလက္ကို ႏႈိင္းယွဥ္ခ်ီးက်ဴးလိုက္တဲ့ ဆီျမြန္နီ

ခ်န္ပီယံလိဂ္မွာ လက္ရွိခ်န္ပီယံလီဗာပူးကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ၿပီးေနာက္ အက္သလက္တီကိုနည္းျပဆီျမြန္နီဟာ စြမ္းစြမ္းတမံလက္စြမ္းျပခဲ့တဲ့အသင္းဂိုးသမားအိုဘလက္ကို ဘာစီလုိနာစူပါစတားမက္ဆီနဲ႔ ႏိႈင္းယွဥ္ခ်ီးက်ဴးလိုက္ပါတယ္။ အဲဒီပြဲမွာ ဆလိုေဗးနီးယားသားအိုလလက္ဟာ အက္သလက္တီကိုအတြက္ အေရးပါတဲ့ကာကြယ္မႈေတြကို ျပဳလုပ္ေပးႏိုင္ခဲ့တာေၾကာင့္ ပြဲစဥ္ရဲ႕ Man of the Match ကိုလည္း ရရွိခဲ့ပါတယ္။

အိုဘလက္အေနနဲ႔ တစ္ပြဲလုံးမွာ ဂိုးေပါက္ကာကြယ္မႈ ၉ ႀကိမ္ေတာင္ ျပဳလုပ္ခဲ့ရတာပါ။ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အျပင္ အခ်ိန္ပုိမိနစ္ ၃၀ မွာလည္း အိမ္ရွင္လီဗာပူးဟာ အက္သလက္တီကိုကို ဖိကစားႏိုင္ခဲ့ၿပီး ဂိုးကန္သြင္းခ်က္ခ်ည္း ၃၄ ႀကိမ္ေတာင္ ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အိုလလက္ကို မေက်ာ္ႏုိင္မႈနဲ႔အတူ အခ်ိန္ပိုမွာ အက္သလက္တီကိုကို ၃ ဂိုးေပးခဲ့ရပါတယ္။ အိုဘလက္ဟာ အစကတည္းက လက္ရွိကမာၻ႔အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတာပါ။

”ကမာၻေပၚမွာ အေကာင္းဆုံးျဖစ္တဲ့ဂိုးသမားတစ္ေယာက္ ကၽြန္ေတာ္တို႔မွာ ရွိပါတယ္။ အဲဒါဟာ သံသယျဖစ္စရာမလုိပါဘူး။ အဲဒါကို ကၽြန္ေတာ္ေျပာေနခဲ့တာ အရင္ကတည္းကပါ။ အဲဒါက မက္ဆီရွိတဲ့ဘာစီလိုနာလိုပါပဲ။ မက္ဆီက သူ႔ရဲ႕တိုက္စစ္ကစားပုံနဲ႔ ပြဲေတြကို ဆုံးျဖတ္ေပးႏိုင္စြမ္းရွိပါတယ္။ အိုဘလက္ကလည္း သူ႔ရဲ႕ကာကြယ္မႈေတြနဲ႔ ပြဲေတြကို ဆုံးျဖတ္ေပးေနတာပါ”လုိ႔ ပြဲအၿပီးမွာ ဆီျမြန္နီက ေျပာၾကားခဲ့တာပါ။