တီကိုနဲ့အရေးကြီးပွဲအတွက် အစီအစဉ်ကောင်းတစ်ခုကို ချပြလာတဲ့ ဗန်ဒိုက်

Photo Credit

လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်က ချန်ပီယံလိဂ်သရဖူကာကွယ်နိုင်ရေး မျှော်လင့်ချက် ဆက်လက်ရှင်သန်ရေးအတွက် ယမန်နှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာနဲ့အိမ်ကွင်းပွဲစဉ်မျိုးက စိတ်ဓာတ်ကို ပြန်လည်အသက်သွင်းသွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

လီဗာပူးဟာ ယမန်နှစ်က နူးကမ့်ကွင်းမှာ ၃-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရမှုကို ကျော်လွှားခဲ့ရသလောက် အက်သလက်တီကိုနဲ့ပွဲက ပိုမိုခက်ခဲကြမ်းတမ်းဖွယ်မရှိပေမယ့် လွန်ခဲ့တဲ့ ၃ပတ်ကမှ ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ပြိုင်ဘက်ကို ထိုးဖောက်နိုင်ဖို့ အားကုန်ကြိုးစားရဖွယ်ရှိနေပါတယ်။

Photo Credit

အန်ဖီးလ်က ထင်ရှားကျော်ကြားတဲ့ညတချို့ ပိုင်ဆိုင်ခဲ့ပြီး အထူးသဖြင့် ယမန်နှစ်ရာသီက ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ရာမှာ ဘာစီလိုနာအသင်းကို ၄-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက အခုချိန်အထိ အသင်းသားတွေနဲ့ ပရိသတ်တွေကြား လတ်လတ်ဆတ်ဆတ် ရှိနေဆဲဖြစ်ပါတယ်။

Photo Credit

”ဘာစီလိုနာနဲ့ပွဲရော တခြားဘယ်ပွဲပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘာအခွင့်အရေးမှမပေးမိအောင် အမြဲတမ်းကြိုးစားခဲ့ပါတယ်။ စိတ်ပိုင်းဖြတ်မှုတစ်ပုံစံတည်းနဲ့ အမြဲတမ်းကစားနေတာပါ။ ပွဲတွေအနိုင်ရဖို့နဲ့ ကောင်းကောင်းကစားနိုင်ဖို့ မျှော်လင့်ပေမယ့် ပထမဆုံးနဲ့ အရေးကြီးဆုံးက စိတ်ခံစားချက်အပြည့်နဲ့ ပြင်းပြင်းထန်ထန်ကစားဖို့ပါပဲ”

Photo Credit

”ပွဲအစကနေ နောက်ဆုံးစက္ကန့်အထိ အားလုံးတိုက်ပွဲဝင်နေတာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ အရည်အသွေးအပြည့်ရှိတယ်ဆိုတာ သက်သေပြသွားမှာပါ။ အက်သလက်တီကိုက အံ့အားသင့်စရာကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး ဒီညပွဲကလည်း ခက်ခဲလာမှာသေချာပါတယ်။ သူတို့က အားပါပါကစားတတ်ပြီး ကစားသမားကောင်းတွေလည်း အပြည့်ရှိပါတယ်”လို့ ဗန်ဒိုက်က ပြောပါတယ်။

Photo Credit

လီဗာပူးဟာ ချန်ပီယံလိဂ်နောက်ဆုံး နှစ်ရာသီဆက် ဗိုလ်လုပွဲတက်ရောက်ထားပြီး အိမ်ကွင်းအားသာချက်နဲ့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ဗန်ဒိုက်က ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ၄ပွဲမှာ ၃ပွဲရှုံးနိမ့်ခဲ့တဲ့ကာလကနေ အကောင်းဆုံးပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

Zawgyi

တီကိုနဲ႔အေရးႀကီးပြဲအတြက္ အစီအစဥ္ေကာင္းတစ္ခုကို ခ်ျပလာတဲ့ ဗန္ဒိုက္

လီဗာပူးအသင္းေနာက္ခံလူ ဗန္ဒိုက္က ခ်န္ပီယံလိဂ္သရဖူကာကြယ္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္ ဆက္လက္ရွင္သန္ေရးအတြက္ ယမန္ႏွစ္ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဘာစီလုိနာနဲ႔အိမ္ကြင္းပြဲစဥ္မ်ိဳးက စိတ္ဓာတ္ကို ျပန္လည္အသက္သြင္းသြားမွာျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။
လီဗာပူးဟာ ယမန္ႏွစ္က ႏူးကမ့္ကြင္းမွာ ၃-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရမႈကို ေက်ာ္လႊားခ့ဲရသေလာက္ အက္သလက္တီကိုနဲ႔ပဲြက ပိုမိုခက္ခဲၾကမ္းတမ္းဖြယ္မရွိေပမယ့္ လြန္ခဲ့တဲ့ ၃ပတ္ကမွ ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ၿပိဳင္ဘက္ကို ထိုးေဖာက္ႏိုင္ဖို႔ အားကုန္ႀကိဳးစားရဖြယ္ရွိေနပါတယ္။
အန္ဖီးလ္က ထင္ရွားေက်ာ္ၾကားတဲ့ညတခ်ိဳ႕ ပိုင္ဆုိင္ခဲ့ၿပီး အထူးသျဖင့္ ယမန္ႏွစ္ရာသီက ၆ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ရာမွာ ဘာစီလုိနာအသင္းကို ၄-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲက အခုခ်ိန္အထိ အသင္းသားေတြနဲ႔ ပရိသတ္ေတြၾကား လတ္လတ္ဆတ္ဆတ္ ရွိေနဆဲျဖစ္ပါတယ္။
”ဘာစီလုိနာနဲ႔ပြဲေရာ တျခားဘယ္ပဲြပဲျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႔ ဘာအခြင့္အေရးမွမေပးမိေအာင္ အၿမဲတမ္းႀကိဳးစားခဲ့ပါတယ္။ စိတ္ပိုင္းျဖတ္မႈတစ္ပုံစံတည္းနဲ႔ အၿမဲတမ္းကစားေနတာပါ။ ပြဲေတြအႏုိင္ရဖို႔နဲ႔ ေကာင္းေကာင္းကစားႏိုင္ဖုိ႔ ေမွ်ာ္လင့္ေပမယ့္ ပထမဆုံးနဲ႔ အေရးႀကီးဆုံးက စိတ္ခံစားခ်က္အျပည့္နဲ႔ ျပင္းျပင္းထန္ထန္ကစားဖုိ႔ပါပဲ”
”ပြဲအစကေန ေနာက္ဆုံးစကၠန္႔အထိ အားလုံးတုိက္ပြဲ၀င္ေနတာျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ဖို႔ အရည္အေသြးအျပည့္ရွိတယ္ဆုိတာ သက္ေသျပသြားမွာပါ။ အက္သလက္တီကိုက အံ့အားသင့္စရာေကာင္းတဲ့အသင္းတစ္သင္းျဖစ္ၿပီး ဒီညပြဲကလည္း ခက္ခဲလာမွာေသခ်ာပါတယ္။ သူတုိ႔က အားပါပါကစားတတ္ၿပီး ကစားသမားေကာင္းေတြလည္း အျပည့္ရွိပါတယ္”လုိ႔ ဗန္ဒုိက္က ေျပာပါတယ္။
လီဗာပူးဟာ ခ်န္ပီယံလိဂ္ေနာက္ဆုံး ႏွစ္ရာသီဆက္ ဗိုလ္လုပြဲတက္ေရာက္ထားၿပီး အိမ္ကြင္းအားသာခ်က္နဲ႔ ကြာတားဖုိင္နယ္တက္ေရာက္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။ ဗန္ဒုိက္က ဘုန္းေမာက္ကို အႏိုင္ရခဲ့တဲ့ပဲြမတိုင္ခင္ ၄ပဲြမွာ ၃ပဲြ႐ံႈးနိမ့္ခဲ့တဲ့ကာလကေန အေကာင္းဆုံးျပန္လာႏိုင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။