တိုရီနိုနဲ့ပွဲမှာ ရလဒ်မကောင်းရင် ဂျူဗီနည်းပြရာထူးက ပီယာလိုအထုတ်ခံရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီမှာ ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုဟာ နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားမယ့် တိုရီနိုနဲ့တူရင်ဒါဘီပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် ရာထူးကအထုတ်ခံရဖို့ရှိနေတယ်လို့ အီတလီမီဒီယာတွေကဖော်ပြနေကြပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပီယာလိုဟာ ဒီရာသီမှာ သူ့နည်းပြဘဝပထမဆုံးအသင်းအဖြစ် ကစားသမားဘဝတုန်းက အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ဖိအားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေါ်တိုအသင်းကို မထင်မှတ်ဘဲအရေးနိမ့်ခဲ့တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်ကနေထွက်ခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက စီးရီးအေမှာတန်းမဆင်းရအောင်ရုန်းကန်နေရတဲ့ ဘန်နီဗန်တိုအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့လို့ ထိပ်ဆုံးက အင်တာမီလန်အသင်းနဲ့ (၁၀)မှတ်အထိကွာဟသွားပါပြီ။

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေချန်ပီယံဆုကို (၉)ရာသီဆက်ဆွတ်ခူးခဲ့ပြီး သူတို့ရဲ့လက်ရှိချန်ပီယံဘွဲ့ကာကွယ်နိုင်ရေးမျှော်လင့်ချက် မဆုံးရှုံးရစေဖို့ မတ်လ (၃)ရက်မှာကစားမယ့် တိုရီနိုနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ရင် ပီယာလိုကို ရာထူးကထုတ်ပယ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

အီတလီနာမည်ကျော်အားကစားသတင်းစာ Tuttosport က”ပီယာလိုနဲ့ တိုရီနို၊ နည်းပြရာထူးကို အဆုံးအဖြတ်ပေးမယ့် ဒါဘီပွဲ”ဆိုတဲ့ စာသားနဲ့ မျက်နှာဖုံးမှာဖော်ပြခဲ့သလို Corriere dello Sport ကလည်း “စီရော်နယ်လ်ဒိုနဲ့ ဂျူဗီကစားသမားတွေဟာ ဘန်နီဗန်တိုနဲ့ပွဲအပြီးမှာ စီးရီးအေချန်ပီယံမျှော်လင့်ချက်ကို လက်လွှတ်လိုက်ကြပြီ”လို့ ဖော်ပြခဲ့တဲ့အပြင် Gazzetta dello Sport ကတော့ “ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေချန်ပီယံဖြစ်ဖို့ အိပ်မက်ကို Goodbye ဆိုပြီး နှုတ်ဆက်နိုင်ပါပြီ”လို့ လှောင်ပြောင်ရေးသားခဲ့ပါတယ်။

စီးရီးအေရာသီကုန်ဆုံးဖို့ (၁၁)ပွဲသာလိုတော့ချိန်မှာ ဂျူဗင်တပ်စ်အသင်းအနေနဲ့ အမှတ်တွေထပ်မံဆုံးရှုံးလို့မရတော့ဘဲ အဆင့်(၄)နေရာက အတ္တလန်တာနဲ့ (၅၅)မှတ်တူ၊ အဆင့်(၅)မှာရပ်တည်နေတဲ့ နာပိုလီနဲ့ (၂)မှတ်သာကွာတော့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် စိတ်ချလို့မရသေးတဲ့အခြေအနေပါပဲ။

ဘန်နီဗန်တိုနဲ့ပွဲအပြီးမှာ ပီယာလိုက အသင်းရဲ့ကစားပုံက ဆိုးရွားခဲ့ပေမယ့် ဖိအားတွေများနေကြောင့် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ပါရာတီစီကတော့ ပီယာလိုအပေါ် အားပေးထောက်ခံနေဆဲလို့ လူသိရှင်ကြားပြောဆိုခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ ပီယာလိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂတ်စ်ပါရီနီ၊ ဆီမြွန်နီအင်ဇာဂီ၊ စပယ်လက်တီတို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တိုရီႏိုနဲ႔ပြဲမွာ ရလဒ္မေကာင္းရင္ ဂ်ဴဗီနည္းျပရာထူးက ပီယာလိုအထုတ္ခံရဖို႔ရွိေန

ဒီရာသီမွာ ႐ုန္းကန္ေနရတဲ့ ဂ်ဴဗင္တပ္စ္အသင္းနည္းျပ ပီယာလိုဟာ ႏိုင္ငံတကာပြဲေတြအၿပီး ျပန္ကစားမယ့္ တိုရီႏိုနဲ႔တူရင္ဒါဘီပြဲမွာသာ ရလဒ္မေကာင္းခဲ့ရင္ ရာထူးကအထုတ္ခံရဖို႔ရွိေနတယ္လို႔ အီတလီမီဒီယာေတြကေဖာ္ျပေနၾကပါတယ္။ အသက္(၄၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ပီယာလိုဟာ ဒီရာသီမွာ သူ႔နည္းျပဘဝပထမဆုံးအသင္းအျဖစ္ ကစားသမားဘဝတုန္းက ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းကို ကိုင္တြယ္ခြင့္ရခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဖိအားေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေပၚတိုအသင္းကို မထင္မွတ္ဘဲအေရးနိမ့္ခဲ့တာေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္ကေနထြက္ခဲ့ရၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက စီးရီးေအမွာတန္းမဆင္းရေအာင္႐ုန္းကန္ေနရတဲ့ ဘန္နီဗန္တိုအသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့လို႔ ထိပ္ဆုံးက အင္တာမီလန္အသင္းနဲ႔ (၁၀)မွတ္အထိကြာဟသြားပါၿပီ။

ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအခ်န္ပီယံဆုကို (၉)ရာသီဆက္ဆြတ္ခူးခဲ့ၿပီး သူတို႔ရဲ႕လက္ရွိခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္ေရးေမွ်ာ္လင့္ခ်က္ မဆုံးရႈံးရေစဖို႔ မတ္လ(၃)ရက္မွာကစားမယ့္ တိုရီႏိုနဲ႔ပြဲမွာ ရလဒ္မေကာင္းခဲ့ရင္ ပီယာလိုကို ရာထူးကထုတ္ပယ္သြားဖို႔ရွိေနတာျဖစ္ပါတယ္။ အီတလီနာမည္ေက်ာ္အားကစားသတင္းစာ Tuttosport က”ပီယာလိုနဲ႔ တိုရီႏို၊ နည္းျပရာထူးကို အဆုံးအျဖတ္ေပးမယ့္ ဒါဘီပြဲ”ဆိုတဲ့ စာသားနဲ႔ မ်က္ႏွာဖုံးမွာေဖာ္ျပခဲ့သလို Corriere dello Sport ကလည္း “စီေရာ္နယ္လ္ဒိုနဲ႔ဂ်ဴဗီကစားသမားေတြဟာ ဘန္နီဗန္တိုနဲ႔ပြဲအၿပီးမွာ စီးရီးေအခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို လက္လႊတ္လိုက္ၾကၿပီ”လို႔ ေဖာ္ျပခဲ့တဲ့အျပင္ Gazzetta dello Sport ကေတာ့ “ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအခ်န္ပီယံျဖစ္ဖို႔ အိပ္မက္ကို Goodbye ဆိုၿပီး ႏႈတ္ဆက္ႏိုင္ပါၿပီ”လို႔ ေလွာင္ေျပာင္ေရးသားခဲ့ပါတယ္။ စီးရီးေအရာသီကုန္ဆုံးဖို႔ (၁၁)ပြဲသာလိုေတာ့ခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ အမွတ္ေတြထပ္မံဆုံးရႈံးလို႔မရေတာ့ဘဲ အဆင့္(၄)ေနရာက အတၱလန္တာနဲ႔ (၅၅)မွတ္တူ၊ အဆင့္(၅)မွာရပ္တည္ေနတဲ့ နာပိုလီနဲ႔ (၂)မွတ္သာကြာေတာ့လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေတာင္ စိတ္ခ်လို႔မရေသးတဲ့အေျခအေနပါပဲ။

ဘန္နီဗန္တိုနဲ႔ပြဲအၿပီးမွာ ပီယာလိုက အသင္းရဲ႕ကစားပုံက ဆိုး႐ြားခဲ့ေပမယ့္ ဖိအားေတြမ်ားေနေၾကာင့္ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအားကစားဒါ႐ိုက္တာ ပါရာတီစီကေတာ့ ပီယာလိုအေပၚ အားေပးေထာက္ခံေနဆဲလို႔ လူသိရွင္ၾကားေျပာဆိုခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းဟာ ပီယာလိုရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဂတ္စ္ပါရီနီ၊ ဆီႁမြန္နီအင္ဇာဂီ၊ စပယ္လက္တီတို႔ကို ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြထြက္ေပၚေနၿပီျဖစ္ပါတယ္။