တိုနီခရူးစ်ကိုခေါ်ယူဖို့ ကြံစည်နေတာလား ဂွာဒီယိုလာ

Photo- Internet
Photo- Internet

မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ မန်စီးတီးနည်းပြဂွာဒီယိုလာဟာ ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်နဲ့ သီးသန့်စကားပြောခဲ့တာကြောင့် သူနဲ့လက်တွဲခဲ့ဘူးတဲ့ ခရူးကိုပြန်ခေါ်မလားဆိုပြီး မီဒီယာတွေက ခန့်မှန်းနေကြောင်းသိရပါတယ်။ ဒီပွဲမှာ မန်စီးတီးဟာအဝေးကွင်းကစားခဲ့ရပေမယ့် ဒီဘရူနီရဲ့ခြေစွမ်းပြမှုနဲ့အတူ ရီးရဲလ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ တိုနီခရူးစ်ဟာအရန်အဖြစ်သာနေခဲ့ရပြီး လူစားဝင်ကစားရခြင်းလည်းမရှိလို့ မီဒီယာတွေရဲ့အာရုံစိုက်စရာဖြစ်ခဲ့ရပြီး ခရူးချန်ထားခံရတာဟာ အံအားသင့်စရာဖြစ်တယ်လို့ စပိန်သတင်းစာတွေကလည်းဖော်ပြပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ခရူးစ်ချန်လှပ်ခံရတာဟာ နည်းစနစ်ပိုင်းကြောင့်သာဖြစ်ပြီး အခြားကိစ္စမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo- Internet

ဒါပေမယ့် ပွဲအပြီးမှာ တိုနီခရူးစ်ဟာ ဂွာဒီယိုလာနဲ့စကားပြောနေခဲ့တာကြောင့် သူတို့နှစ်ဦးပြန်လည်ပေါင်းစည်းမလားဆိုတဲ့ ခန့်မှန်းမှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကိုကိုင်တွယ်တုန်းက ခရူးစ်နဲ့ တစ်ရာသီကြာလက်တွဲခဲ့ပေမယ့် ၂၀၁၄ မှာ ရီးရဲလ်မက်ဒရစ်ဆီရောင်းချခဲ့လို့ အဲဒီတုန်းက ဂျာမန်မီဒီယာတွေက ဂွာဒီယိုလာကိုဝေဖန်ခဲ့ကြပါသေးတယ်။

Photo- Internet

ခရူးစ်က”ဂွာဒီယိုလာက ကျွန်တော့်ကိုစာချုပ်သစ်ချုပ်ခြင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်သာနေမယ့် နည်းပြအောက်မှာ ၅ နှစ်စာချုပ်လက်မှတ်ထိုးလည်း ဘာမှမထူးပါဘူး။ နောက် ၂ နှစ်ကြာတော့ သူမန်စီးတီးကိုပြောင်းသွားတာဘဲ မဟုတ်လား။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဆက်အဆံရှိနေဆဲပါ။ သူနဲ့တစ်နှစ်သာလက်တွဲခဲ့ပေမယ့် သူ့ဆီကသင်ယူခဲ့ရတာတွေကြောင့် ဘယ်တော့မှမမေ့ပါဘူး” လို့ပြောသွားပါတယ်။

Photo- Internet

မန်စီးတီးအသင်းပရိသတ်တွေကတော့ ဒီပုံကိုကြည့်ပြီး ခရူးကိုခေါ်ယူပေးဖို့ ဂွာဒီယိုလာကိုအွန်လိုင်းပေါ်ကနေတောင်းဆိုနေကြပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ခရူးစ်ဟာလာမယ့်နွေရာသီမှာ ရီးရဲလ်နဲလမ်းခွဲဖို့ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Photo- Internet

Zawgyi

တိုနီခရူးစ္ကိုေခၚယူဖို႔ ႀကံစည္ေနတာလား ဂြာဒီယိုလာ

မန္စီးတီးက ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရခဲ့တဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ မန္စီးတီးနည္းျပဂြာဒီယိုလာဟာ ရီးရဲလ္ကြင္းလယ္လူ တိုနီခရူးစ္နဲ႔ သီးသန္႔စကားေျပာခဲ့တာေၾကာင့္ သူနဲ႔လက္တြဲခဲ့ဘူးတဲ႔ ခရူးကိုျပန္ေခၚမလားဆိုၿပီး မီဒီယာေတြက ခန္႔မွန္းေနေၾကာင္းသိရပါတယ္။ ဒီပြဲမွာ မန္စီးတီးဟာအေ၀းကြင္းကစားခဲ့ရေပမယ္႔ ဒီဘရူနီရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ရီးရဲလ္ကို ၂-၁ နဲ႔အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲမွာ တိုနီခရူးစ္ဟာအရန္အျဖစ္သာေနခဲ့ရၿပီး လူစား၀င္ကစားရျခင္းလည္းမရွိလို႔ မီဒီယာေတြရဲ႕အာရုံစုိက္စရာျဖစ္ခဲ့ရၿပီး ခရူးခ်န္ထားခံရတာဟာ အံအားသင့္စရာျဖစ္တယ္လို႔ စပိန္သတင္းစာေတြကလည္းေဖာ္ျပပါတယ္။ ရီးရဲလ္နည္းျပ ဇီဒန္းကေတာ႔ ခရူးစ္ခ်န္လွပ္ခံရတာဟာ နည္းစနစ္ပိုင္းေၾကာင့္သာျဖစ္ၿပီး အျခားကိစၥမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ္႔ ပြဲအၿပီးမွာ တိုနီခရူးစ္ဟာ ဂြာဒီယိုလာနဲ႔စကားေျပာေနခဲ့တာေၾကာင့္ သူတို႔ႏွစ္ဦးျပန္လည္ေပါင္းစည္းမလားဆိုတဲ႔ ခန္႔မွန္းမႈေတြလည္းထြက္ေပၚလာခဲ့ပါတယ္။ ဂြာဒီိယိုလာဟာ ဘိုင္ယန္ျမဴးနစ္ကိုကိုင္တြယ္တုန္းက ခရူးစ္နဲ႔ တစ္ရာသီၾကာလက္တြဲခဲ့ေပမယ္႔ ၂၀၁၄ မွာ ရီးရဲလ္မက္ဒရစ္ဆီေရာင္းခ်ခဲ့လို႔ အဲဒီတုန္းက ဂ်ာမန္မီဒီယာေတြက ဂြာဒီယိုလာကိုေ၀ဖန္ခဲ့ၾကပါေသးတယ္။

ခရူးစ္က”ဂြာဒီိယိုလာက က်ြန္ေတာ္႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ျခင္ခဲ့ပါတယ္။ ဒါေပမယ္႔ ႏွစ္အနည္းငယ္သာေနမယ္႔ နည္းျပေအာက္မွာ ၅ ႏွစ္စာခ်ဳပ္လက္မွတ္ထိုးလည္း ဘာမွမထူးပါဘူး။ ေနာက္ ၂ ႏွစ္ၾကာေတာ႔ သူမန္စီးတီးကိုေျပာင္းသြားတာဘဲ မဟုတ္လား။ ဒါေပမယ္႔ က်ြန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ အဆက္အဆံရွိေနဆဲပါ။ သူနဲ႔တစ္ႏွစ္သာလက္တြဲခဲ့ေပမယ္႔ သူ႔ဆီကသင္ယူခဲ့ရတာေတြေၾကာင့္ ဘယ္ေတာ႔မွမေမ႔ပါဘူး” လို႔ေျပာသြားပါတယ္။

မန္စီးတီးအသင္းပရိသတ္ေတြကေတာ႔ ဒီပုံကိုၾကည့္ၿပီး ခရူးကိုေခၚယူေပးဖို႔ ဂြာဒီယိုလာကိုအြန္လိုင္းေပၚကေနေတာင္းဆိုေနၾကပါတယ္။ အသက္ ၃၀ ရွိၿပီျဖစ္တဲ႔ ခရူးစ္ဟာလာမယ္႔ေႏြရာသီမွာ ရီးရဲလ္နဲလမ္းခြဲဖို႔ရွိေနတယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။