တိုက်ဆိုင်တာလား၊ ဘုရားသခင်ကဘဲ ခေါ်လိုက်တာလား…မန်ယူဂန္ထဝင်နဲ့ မာရာဒိုနာကွယ်လွန်တဲ့ရက် တစ်ထပ်တည်းကျနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားဂန္ထဝင် ဒီယေဂိုမာရာဒိုနာ ဟာမနေ့တုန်းက သူ့မွေးရပ်အာဂျင်တီးနားမှာ နှလုံးဖောက်ပြီးကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ရက်ဟာ နိုဝင်ဘာ ၂၅ ဖြစ်လို့ မန်ယူဂန္ထဝင်ဖြစ်တဲ့ မြောက်အိုင်ယာလန်နိုင်ငံသား ဂျော့ဘတ်စ် ကွယ်လွန်တဲ့ရက်နဲ့ တစ်ထပ်တည်းကျခဲ့တာ ကိုတိုက်ဆိုင်စွာတွေ့ရှိခဲ့ရပါတယ်။

ဂျော့ဘတ်စ်ဟာ ပြီးခဲ့တဲ့ ၁၅ နှစ်ဖြစ်တဲ့ ၂၀၀၅ နိုဝင်ဘာ ၂၅ မှာအရက်ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့တာပါ။

သူဟာ မန်ယူအသင်းကို ၁၉၆၈ မှာ ဥရောပဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ဂျော့ဘတ်စ်ဟာ ကွယ်လွန်ချိန်မှာ ၅၉ နှစ်ဖြစ်ပြီး မာရာဒိုနာကတော့ ၆၀ နှစ်ပါ။

မာရာဒိုနာဟာ မကွယ်လွန်ခင်နှစ်ပတ်က ဦးနှောက်အတွင်းသွေးခဲမှုကို ခွဲစိတ်ကုသခံခဲ့ရသေးသူဖြစ်ပြီး ဆေးရုံကဆင်းလာပြီးမကြာခင်မှာ နှလုံးဖောက်ကာ ကွယ်လွန်ခဲ့တာပါ။

မာရာဒိုနာဟာ အာဂျင်တီးနားမှာ အင်မတန်နာမည်ကျော်ကြားပြီး သူဘယ်လောက်ဆိုးဆိုး တစ်နိုင်ငံလုံးရဲ့သူရဲကောင်းဖြစ်နေဆဲပါ။

ဒါကြောင့်လည်း အာဂျင်တီးနားသမ္မတ အဲလ်ဘတ်တိုဖာနန်ဒက်ဇ် ကတစ်နိုင်ငံလုံးဝမ်းနည်းကြောင်းအထိမ်းအမှတ် ၃ ရက်သတ်မှတ်ခဲ့ပြီး မာရာဒိုနာရဲ့ရုပ်ကလပ်ကို သမ္မတနန်းတော်ဆီပြောင်းရွှေ့စေခဲ့တာလည်း ဖြစ်ပါတယ်။

မာရာဒိုနာဟာ သူ့အစွမ်းနဲ့ အာဂျင်တီးနားကို ၁၉၈၆ ကမ္ဘာ့ဖလား ရယူပေးခဲ့လို့ တစ်နိုင်ငံလုံးရဲ့သူရဲကောင်းဖြစ်နေတာပါ။

မာရာဒိုနာရော ဂျော့ဘတ်စ်ပါ ကစားသမားကောင်းတွေဖြစ်ပြီး ပရိသတ်အသည်းစွဲတွေလည်းဖြစ်ကြပါတယ်။

ဘောလုံးစွမ်းရည်မှာ မာရာဒိုနာကသူမတူအောင်ထူးချွန်လို့ ဂျော့ဘတ်စ်ထက်သာပေမယ့် သူတို့ဆီမှာ အခြားတူညီတဲ့အချက်တွေရှိကြပါတယ်။

ဒါကတော့ နှစ်ဦးစလုံးဟာ ကွင်းပြင်ပမှာဆိုးကြတာဖြစ်ပြီး ရုပ်ရည်ချောမောတဲ့ ဂျော့ဘတ်စ်ဟာ playboy lifestyle နဲ့နေထိုင်ခဲ့သူဖြစ်ပြီး မိန်းမတွေအသည်းစွဲဖြစ်သလို သူကိုယ်တိုင်ကလည်း အရက်နဲ့ မိန်းမအရမ်းကြိုက်ခဲ့တာပါ။

မာရာဒိုနာကလည်း ကိုကင်း၊ အရက်၊ မိန်းမ အားလုံးကိုစွဲလန်းခဲ့ပါတယ်။ ဒါပေမယ့် မာရာဒိုနာ ကကွင်းပြင်ပမှာ အမှုအခင်းများပြီးပြဿနာပေါင်းစုံနဲ့ဖြစ်ပါတယ်။

ကွင်းထဲမှာ ဘောလုံးစွမ်းရည်ကောင်းသလောက် ကွင်းပြင်ပစရိုက်တွေ အတော်များများတူညီကြတဲ့ သူနှစ်ဦးကွယ်လွန်တဲ့ရက် တစ်ထပ်တည်းကျခဲ့တာဟာ တိုက်ဆိုင်လို့လား ဒါမှမဟုတ် ဘုရားသခင်ကဘဲ နိုဝင်ဘာ ၂၅ မှာတမင်ခေါ်လိုက်တာလားဆိုတာကတော့……..။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တိုက္ဆိုင္တာလား၊ ဘုရားသခင္ကဘဲ ေခၚလိုက္တာလား…မန္ယူဂႏၴဝင္နဲ႔ မာရာဒိုနာကြယ္လြန္တဲ့ရက္ တစ္ထပ္တည္းက်ေန

အာဂ်င္တီးနားဂႏၴဝင္ ဒီေယဂိုမာရာဒိုနာ ဟာမေန႔တုန္းက သူ႔ေမြးရပ္အာဂ်င္တီးနားမွာ ႏွလုံးေဖာက္ၿပီးကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။

သူကြယ္လြန္တဲ့ရက္ဟာ ႏိုဝင္ဘာ ၂၅ ျဖစ္လို႔ မန္ယူဂႏၴဝင္ျဖစ္တဲ့ ေျမာက္အိုင္ယာလန္ႏိုင္ငံသား ေဂ်ာ့ဘတ္စ္ ကြယ္လြန္တဲ့ရက္နဲ႔ တစ္ထပ္တည္းက်ခဲ့တာ ကိုတိုက္ဆိုင္စြာေတြ႕ရွိခဲ့ရပါတယ္။

ေဂ်ာ့ဘတ္စ္ဟာ ၿပီးခဲ့တဲ့ ၁၅ ႏွစ္ျဖစ္တဲ့ ၂၀၀၅ ႏိုဝင္ဘာ ၂၅ မွာအရက္ေၾကာင့္ျဖစ္တဲ့ေနာက္ဆက္တြဲေရာဂါေတြနဲ႔ ကြယ္လြန္သြားခဲ့တာပါ။ သူဟာ မန္ယူအသင္းကို ၁၉၆၈ မွာ ဥေရာပဖလားရေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။

ေဂ်ာ့ဘတ္စ္ဟာ ကြယ္လြန္ခ်ိန္မွာ ၅၉ ႏွစ္ျဖစ္ၿပီး မာရာဒိုနာကေတာ့ ၆၀ ႏွစ္ပါ။

မာရာဒိုနာဟာ မကြယ္လြန္ခင္ႏွစ္ပတ္က ဦးေႏွာက္အတြင္းေသြးခဲမႈကို ခြဲစိတ္ကုသခံခဲ့ရေသးသူျဖစ္ၿပီး ေဆး႐ုံကဆင္းလာၿပီးမၾကာခင္မွာ ႏွလုံးေဖာက္ကာ ကြယ္လြန္ခဲ့တာပါ။

မာရာဒိုနာဟာ အာဂ်င္တီးနားမွာ အင္မတန္နာမည္ေက်ာ္ၾကားၿပီး သူဘယ္ေလာက္ဆိုးဆိုး တစ္ႏိုင္ငံလုံးရဲ႕သူရဲေကာင္းျဖစ္ေနဆဲပါ။

ဒါေၾကာင့္လည္း အာဂ်င္တီးနားသမၼတ အဲလ္ဘတ္တိုဖာနန္ဒက္ဇ္ ကတစ္ႏိုင္ငံလုံးဝမ္းနည္းေၾကာင္းအထိမ္းအမွတ္ ၃ ရက္သတ္မွတ္ခဲ့ၿပီး မာရာဒိုနာရဲ႕႐ုပ္ကလပ္ကို သမၼတနန္းေတာ္ဆီေျပာင္းေ႐ႊ႕ေစခဲ့တာလည္း ျဖစ္ပါတယ္။

မာရာဒိုနာဟာ သူ႔အစြမ္းနဲ႔ အာဂ်င္တီးနားကို ၁၉၈၆ ကမာၻ႔ဖလား ရယူေပးခဲ့လို႔ တစ္ႏိုင္ငံလုံးရဲ႕သူရဲေကာင္းျဖစ္ေနတာပါ။

မာရာဒိုနာေရာ ေဂ်ာ့ဘတ္စ္ပါ ကစားသမားေကာင္းေတြျဖစ္ၿပီး ပရိသတ္အသည္းစြဲေတြလည္းျဖစ္ၾကပါတယ္။ ေဘာလုံးစြမ္းရည္မွာ မာရာဒိုနာကသူမတူေအာင္ထူးခြၽန္လို႔ ေဂ်ာ့ဘတ္စ္ထက္သာေပမယ့္ သူတို႔ဆီမွာ အျခားတူညီတဲ့အခ်က္ေတြရွိၾကပါတယ္။ ဒါကေတာ့ ႏွစ္ဦးစလုံးဟာ ကြင္းျပင္ပမွာဆိုးၾကတာျဖစ္ၿပီး ႐ုပ္ရည္ေခ်ာေမာတဲ့ ေဂ်ာ့ဘတ္စ္ဟာ playboy lifestyle နဲ႔ေနထိုင္ခဲ့သူျဖစ္ၿပီး မိန္းမေတြအသည္းစြဲျဖစ္သလို သူကိုယ္တိုင္ကလည္း အရက္နဲ႔ မိန္းမအရမ္းႀကိဳက္ခဲ့တာပါ။

မာရာဒိုနာကလည္း ကိုကင္း၊ အရက္၊ မိန္းမ အားလုံးကိုစြဲလန္းခဲ့ပါတယ္။ ဒါေပမယ့္ မာရာဒိုနာ ကကြင္းျပင္ပမွာ အမႈအခင္းမ်ားၿပီးျပႆနာေပါင္းစုံနဲ႔ျဖစ္ပါတယ္။

ကြင္းထဲမွာ ေဘာလုံးစြမ္းရည္ေကာင္းသေလာက္ ကြင္းျပင္ပစ႐ိုက္ေတြ အေတာ္မ်ားမ်ားတူညီၾကတဲ့ သူႏွစ္ဦးကြယ္လြန္တဲ့ရက္ တစ္ထပ္တည္းက်ခဲ့တာဟာ တိုက္ဆိုင္လို႔လား ဒါမွမဟုတ္ ဘုရားသခင္ကဘဲ ႏိုဝင္ဘာ ၂၅ မွာတမင္ေခၚလိုက္တာလားဆိုတာကေတာ့……..။