တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ လူးဝစ်ဆွာရက်ဇ်ကို စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ

Photo Credit

Photo Credit

ဘာစီလိုနာအသင်းဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အဓိကတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ လျင်မြန်စွာ အစားထိုးဖို့ လိုအပ်နေပြီး အခုတော့ နောက်ထပ်လူးဝစ်ဆွာရက်ဇ်ကို အစားထိုးခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit

စပိန်ရေဒီယိုပရိုဂရမ်တစ်ခုဖြစ်တဲ့ El Larguero ရဲ့ အားကစားဂျာနယ်လစ် ဆန်တီအိုဗယ်လီက ဘာစီလိုနာအသင်းဟာ အရေးပေါ်တိုက်စစ်အစားထိုးမှုအဖြစ် ဥရုဂွေးလက်ရွေးစင် ဆွာရက်ဇ်ရဲ့နာမည်တူ နောက်ထပ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ဆွာရက်ဇ်က ဒူးဒဏ်ရာကြောင့် အနားယူနေရချိန်မှာ နောက်ထပ်တိုက်စစ်မှူး ဒမ်ဘီလီကလည်း လပေါင်းများစွာအနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit

နောက်ထပ် လူးဝစ်ဆွာရက်ဇ်က အသက် ၂၂နှစ်သာရှိသေးပြီး ကိုလံဘီယာနိုင်ငံသားဖြစ်ပါတယ်။ သူဟာ ဂရန်နာဒါအသင်းမှာ ကစားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က ဝက်ဖို့ဒ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိအချိန်မှာတော့ ဒုတိယတန်းကလပ် ဇာရာဂိုဇာအသင်းမှာ အငှားကစားနေပြီး ယခုရာသီ ၂၄ ပွဲကစားပြီးချိန်မှာ ၁၄ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။

Photo Credit

ဘာစီလိုနာအသင်းဟာ ကစားသမားဆီ ဆက်သွယ်ထားပြီး အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် ဇန်နဝါရီဈေးကွက် ပိတ်သွားပြီဖြစ်ပေမယ့် အင်အားဖြည့်တင်းခွင့်ရဖွယ်ရှိနေပါတယ်။ ဒီသတင်းက လူမှုမီဒီယာမှာ လူပြောများနေပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ထင်မြင်ချက်တွေကို အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

”လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ လူးဝစ်ဆွာရက်ဇ်ကို ခေါ်လိုက်ပါ။ ဒါဆို ချန်ပီယံလိဂ်အသင်းလူစာရင်းမှာလည်း အေးဆေးထည့်လို့ရသွားလိမ့်မယ်။ ဟုတ်တယ်လေ။ အသင်းရဲ့လူစာရင်းမှာ လူးဝစ်ဆွာရက်ဇ်ကို အစောကြီးကတည်းက စာရင်းသွင်းထားတာဆိုတော့ ဘာပြဿနာမှမရှိနိုင်ဘူးပေါ့”။ လူးဝစ်ဇ်ဆွာရက်ဇ်ရဲ့နေရာမှာ လူးဝစ်ဆွာရက်ဇ်နဲ့ အစားထိုးမယ်ပေါ့”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

တုိက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔ လူး၀စ္ဆြာရက္ဇ္ကို စိတ္၀င္စားလာတဲ့ ဘာစီလုိနာ

ဘာစီလုိနာအသင္းဟာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ အဓိကတုိက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္ရဲ႕ေနရာမွာ လ်င္ျမန္စြာ အစားထိုးဖို႔ လုိအပ္ေနၿပီး အခုေတာ့ ေနာက္ထပ္လူး၀စ္ဆြာရက္ဇ္ကို အစားထိုးေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
စပိန္ေရဒီယိုပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ El Larguero ရဲ႕ အားကစားဂ်ာနယ္လစ္ ဆန္တီအုိဗယ္လီက ဘာစီလုိနာအသင္းဟာ အေရးေပၚတုိက္စစ္အစားထိုးမႈအျဖစ္ ဥ႐ုေဂြးလက္ေရြးစင္ ဆြာရက္ဇ္ရဲ႕နာမည္တူ ေနာက္ထပ္တုိက္စစ္မွဴးကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရၿပီး ဆြာရက္ဇ္က ဒူးဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ ေနာက္ထပ္တုိက္စစ္မွဴး ဒမ္ဘီလီကလည္း လေပါင္းမ်ားစြာအနားယူရမယ့္အေရးနဲ႔ ရင္ဆုိင္ေနရပါတယ္။
ေနာက္ထပ္ လူး၀စ္ဆြာရက္ဇ္က အသက္ ၂၂ႏွစ္သာရွိေသးၿပီး ကိုလံဘီယာႏိုင္ငံသားျဖစ္ပါတယ္။ သူဟာ ဂရန္နာဒါအသင္းမွာ ကစားခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္က ၀က္ဖုိ႔ဒ္အသင္းကို ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။ သူဟာ လက္ရွိအခ်ိန္မွာေတာ့ ဒုတိယတန္းကလပ္ ဇာရာဂိုဇာအသင္းမွာ အငွားကစားေနၿပီး ယခုရာသီ ၂၄ ပြဲကစားၿပီးခ်ိန္မွာ ၁၄ဂိုးသြင္းယူကာ ေျခစြမ္းျပေနပါတယ္။
ဘာစီလုိနာအသင္းဟာ ကစားသမားဆီ ဆက္သြယ္ထားၿပီး အသင္းရဲ႕ဒဏ္ရာျပႆနာေတြေၾကာင့္ ဇန္န၀ါရီေစ်းကြက္ ပိတ္သြားၿပီျဖစ္ေပမယ့္ အင္အားျဖည့္တင္းခြင့္ရဖြယ္ရွိေနပါတယ္။ ဒီသတင္းက လူမႈမီဒီယာမွာ လူေျပာမ်ားေနၿပီး ပရိသတ္ေတြကလည္း သူတို႔ရဲ႕ထင္ျမင္ခ်က္ေတြကို အသီးသီးေရးသားခဲ့ပါတယ္။
”လူး၀စ္ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထုိးဖို႔ လူး၀စ္ဆြာရက္ဇ္ကို ေခၚလုိက္ပါ။ ဒါဆို ခ်န္ပီယံလိဂ္အသင္းလူစာရင္းမွာလည္း ေအးေဆးထည့္လုိ႔ရသြားလိမ့္မယ္။ ဟုတ္တယ္ေလ။ အသင္းရဲ႕လူစာရင္းမွာ လူး၀စ္ဆြာရက္ဇ္ကို အေစာႀကီးကတည္းက စာရင္းသြင္းထားတာဆုိေတာ့ ဘာျပႆနာမွမရွိႏိုင္ဘူးေပါ့”။ လူး၀စ္ဇ္ဆြာရက္ဇ္ရဲ႕ေနရာမွာ လူး၀စ္ဆြာရက္ဇ္နဲ႔ အစားထိုးမယ္ေပါ့”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။