တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုဟာ အတ္တလန်တာနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်

နာမည်ကျော်တိုက်စစ်မှူးဟောင်းနစ္စတယ်ရွိုင်းရဲ့ ချန်ပီယံလိဂ်(၄)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့စံချိန်မှတ်တမ်းကို အမီလိုက်နိုင်ခဲ့ပါပြီ။

စီရော်နယ်လ်ဒိုဟာ ပထမပိုင်းပြီးခါနီးမှာ ဘရူနိုဖာနန်ဒက်စ် ပါးပါးနပ်နပ်နဲ့ပြန်ချပေးလိုက်တဲ့ ဘောလုံးကို အပိုင်ပိတ်သွင်းပြီး

ယူနိုက်တက်အသင်းအတွက်ချေပဂိုးသွင်းယူခဲ့သလို ပွဲပြီးခါနီးမှာလည်း လှပတဲ့ Volley ကန်ချက်နဲ့

ဒုတိယချေပဂိုးသွင်းယူခဲ့ပြီး အဖိုးတန်သရေတစ်မှတ်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုဆိုရင် ဒီရာသီချန်ပီယံလိဂ်မှာ စီရော်နယ်လ်ဒိုက (၄)ပွဲကစား(၅)ဂိုးအထိသွင်းယူခဲ့ပြီး

ယန်းဘွိုင်းစ်၊ ဗီလာရီးယဲလ်၊ အတ္တလန်တာ(အိမ်ကွင်း၊ အဝေးကွင်း)ပွဲတွေမှာ (၄)ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့တာကြောင့်

၂၀၀၃၊ ဧပြီလတုန်းက ယူနိုက်တက်တိုက်စစ်မှူးနစ္စတယ်ရွိုင်းနောက်ပိုင်း

အသင်းအတွက် ချန်ပီယံလိဂ်(၄)ပွဲဆက်ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

အတ္တလန်တာနဲ့ပွဲမှာ စီရော်နယ်လ်ဒိုသွင်းယူခဲ့တဲ့ ပထမချေပဂိုးက ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံ(၃၀၃)ပွဲကစားပြီးချိန်မှာ

(၁၂၆)ဂိုးမြောက်သွင်းယူခဲ့တာဖြစ်ပြီး ဒါက နည်းပြဆိုးလ်ရှား ယူနိုက်တက်ကစားသမားဘဝတုန်းက သွင်းယူခဲ့တဲ့သွင်းဂိုးအရေအတွက်နဲ့တူညီခဲ့တာဖြစ်သလို

စီရော်နယ်လ်ဒိုက ဆိုးလ်ရှားထက် (၆၃)ပွဲပိုနည်းခဲ့ပါတယ်။

ဒ့ါအပြင် စီရော်နယ်လ်ဒိုရဲ့အသက်က (၃၆)နှစ်၊ (၂၇၀)ရက်ရှိပြီဖြစ်တာကြောင့် ဥရောပပြိုင်ပွဲတစ်ခုရဲ့ပွဲတစ်ပွဲမှာ

ယူနိုက်တက်အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်အသင်းဆီတစ်ကျော့ပြန်ပြောင်းရွှေ့လာချိန်ကစလို့ ဂိုးတွေဆက်တိုက်သွင်းယူနေတဲ့ စီရော်နယ်လ်ဒိုဟာ

အခုဆိုရင် ပြိုင်ပွဲစုံ(၁၁)ပွဲကစား၊ (၉)ဂိုးအထိသွင်းယူထားပြီး ယူနိုက်တက်အသင်းအတွက် သူ့ရဲ့စုစုပေါင်းသွင်းဂိုးအရေအတွက်က (၁၂၇)ဂိုးအထိ

ရှိလာပြီဖြစ်တဲ့အတွက် အသင်းနာမည်ကျော်ကစားသမားဟောင်း ဘရိုင်ယန်မက်ကလဲနဲ့အတူ

သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးစာရင်းမှာ အဆင့်(၁၄)နေရာပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တိုက္စစ္မႉးေဟာင္း နစၥတယ္႐ြိဳင္းရဲ႕စံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ အတၱလန္တာနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္

နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းနစၥတယ္႐ြိဳင္းရဲ႕ ခ်န္ပီယံလိဂ္(၄)ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့စံခ်ိန္မွတ္တမ္းကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။

စီေရာ္နယ္လ္ဒိုဟာ ပထမပိုင္းၿပီးခါနီးမွာ ဘ႐ူႏိုဖာနန္ဒက္စ္ ပါးပါးနပ္နပ္နဲ႔ျပန္ခ်ေပးလိုက္တဲ့ ေဘာလုံးကို အပိုင္ပိတ္သြင္းၿပီးေတာ့

ယူႏိုက္တက္အသင္းအတြက္ေခ်ပဂိုးသြင္းယူခဲ့သလို ပြဲၿပီးခါနီးမွာလည္း လွပတဲ့ Volley ကန္ခ်က္နဲ႔ ဒုတိယေခ်ပဂိုးသြင္းယူခဲ့ၿပီး အဖိုးတန္သေရတစ္မွတ္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ ဒီရာသီခ်န္ပီယံလိဂ္မွာ စီေရာ္နယ္လ္ဒိုက (၄)ပြဲကစား(၅)ဂိုးအထိသြင္းယူခဲ့ၿပီး ယန္းဘြိဳင္းစ္၊ ဗီလာရီးယဲလ္၊ အတၱလန္တာ(အိမ္ကြင္း၊ အေဝးကြင္း)ပြဲေတြမွာ

(၄)ပြဲဆက္တိုက္ဂိုးသြင္းယူခဲ့တာေၾကာင့္ ၂၀၀၃၊ ဧၿပီလတုန္းက ယူႏိုက္တက္တိုက္စစ္မႉးနစၥတယ္႐ြိဳင္းေနာက္ပိုင္း အသင္းအတြက္ ခ်န္ပီယံလိဂ္(၄)ပြဲဆက္ဂိုးသြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

အတၱလန္တာနဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုသြင္းယူခဲ့တဲ့ ပထမေခ်ပဂိုးက ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ၿပိဳင္ပြဲစုံ(၃၀၃)ပြဲကစားၿပီးခ်ိန္မွာ

(၁၂၆)ဂိုးေျမာက္သြင္းယူခဲ့တာျဖစ္ၿပီး ဒါက နည္းျပဆိုးလ္ရွား ယူႏိုက္တက္ကစားသမားဘဝတုန္းက သြင္းယူခဲ့တဲ့သြင္းဂိုးအေရအတြက္နဲ႔

တူညီခဲ့တာျဖစ္သလို စီေရာ္နယ္လ္ဒိုက ဆိုးလ္ရွားထက္ (၆၃)ပြဲပိုနည္းခဲ့ပါတယ္။

ဒ့ါအျပင္ စီေရာ္နယ္လ္ဒိုရဲ႕အသက္က (၃၆)ႏွစ္၊ (၂၇၀)ရက္ရွိၿပီျဖစ္တာေၾကာင့္ ဥေရာပၿပိဳင္ပြဲတစ္ခုရဲ႕ပြဲတစ္ပြဲမွာ

ယူႏိုက္တက္အသင္းအတြက္ ႏွစ္ဂိုးသြင္းယူခဲ့တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ယူႏိုက္တက္အသင္းဆီတစ္ေက်ာ့ျပန္ေျပာင္းေ႐ႊ႕လာခ်ိန္ကစလို႔ ဂိုးေတြဆက္တိုက္သြင္းယူေနတဲ့ စီေရာ္နယ္လ္ဒိုဟာ

အခုဆိုရင္ ၿပိဳင္ပြဲစုံ(၁၁)ပြဲကစား၊ (၉)ဂိုးအထိသြင္းယူထားၿပီး ယူႏိုက္တက္အသင္းအတြက္ သူ႔ရဲ႕စုစုေပါင္းသြင္းဂိုးအေရအတြက္က

(၁၂၇)ဂိုးအထိရွိလာၿပီျဖစ္တဲ့အတြက္ အသင္းနာမည္ေက်ာ္ကစားသမားေဟာင္း ဘ႐ိုင္ယန္မက္ကလဲနဲ႔အတူ

သမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးစာရင္းမွာ အဆင့္(၁၄)ေနရာပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။