တိုက်စစ်ပိုင်းအတွက် အင်တာတိုက်စစ်မှူး မာတီနက်ဇ်ကို ယူနိုက်တက်စိတ်ဝင်စားနေပေမယ့် ပေါင်သန်း ၁၀၀ နီးပါးသုံးရဖို့ရှိနေ

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ တိုက်စစ်ပိုင်းမှာရွေးချယ်စရာပိုမိုများပြားလာစေရေးအတွက် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက် တိုက်စစ်ပိုင်းက ရွေးချယ်စရာနည်းပါးနေတဲ့အတွက် မီလန်မြို့အခြေစိုက်အသင်းရဲ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Photo Credit

လက်ရှိအချိန် ယူနိုက်တက်အသင်းမှာ စီနီယာတိုက်စစ်မှူးဆိုလို့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ နှစ်ယောက်သာရှိပြီး အဲဒီအတွက်ကြောင့် ဆိုးလ်ရှားလည်း တချို့ဖလားပွဲတွေမှာ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ထုတ်သုံးနေရပါတယ်။

Photo Credit

စပိန်သတင်းစာ Mundo Deportivo ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင် မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် လာလီဂါကလပ် ဘာစီလိုနာအသင်းနဲ့အဓိကအားပြိုင်ဖွယ်ရှိနေပြီး လာလီဂါချန်ပီယံအသင်းကလည်း ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ဦးစားပေးပစ်မှတ်အဖြစ် မာတီနက်ဇ်ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။

Photo Credit

နှစ်သင်းစလုံးအတွက် အဓိကအတားအဆီးဖြစ်လာနိုင်တာက ပြောင်းရွှေ့ကြေးဖြစ်ပြီး အင်တာမီလန်အသင်းက ပေါင် ၉၆သန်းထက် လျော့နည်းတဲ့ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားမှာမဟုတ်ကြောင်း သိရပါတယ်။ မာတီနက်ဇ်ဟာ ၂၀၁၈ နွေရာသီက အင်တာမီလန်ကို စတင်ရောက်ရှိလာခဲ့ပေမယ့် ပထမဆုံးရာသီမှာတော့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ၃၅ ပွဲမှာ ၉ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒီရာသီမှာတော့ အထူးခြေစွမ်းပြနေပြီး လူကာကူနဲ့အတူ အတွဲညီညီကစားနေကာ ၁၃ပွဲမှာ ၇ဂိုးသွင်းယူထားနိုင်ပါတယ်။

Photo Credit

Zawgyi

တုိက္စစ္ပိုင္းအတြက္ အင္တာတုိက္စစ္မွဴး မာတီနက္ဇ္ကို ယူႏုိက္တက္စိတ္၀င္စားေနေပမယ့္ ေပါင္သန္း ၁၀၀ နီးပါးသုံးရဖုိ႔ရွိေန

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ တုိက္စစ္ပိုင္းမွာေရြးခ်ယ္စရာပိုမိုမ်ားျပားလာေစေရးအတြက္ အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာ႐ိုမာတီနက္ဇ္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနေၾကာင္း သိရပါတယ္။
ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း တုိက္စစ္မွဴးေတြျဖစ္တ့ဲ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ကို အင္တာမီလန္အသင္းထံ ေျပာင္းေရႊ႕ခြင့္ျပဳခဲ့ၿပီးေနာက္ တုိက္စစ္ပိုင္းက ေရြးခ်ယ္စရာနည္းပါးေနတဲ့အတြက္ မီလန္ၿမိဳ႕အေျခစုိက္အသင္းရဲ႕ထိပ္တန္းတုိက္စစ္မွဴးတစ္ဦးကို ေခၚယူဖို႔ စိတ္၀င္စားေနတာျဖစ္ပါတယ္။
လက္ရွိအခ်ိန္ ယူႏိုက္တက္အသင္းမွာ စီနီယာတုိက္စစ္မွဴးဆိုလို႔ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ ႏွစ္ေယာက္သာရွိၿပီး အဲဒီအတြက္ေၾကာင့္ ဆုိးလ္ရွားလည္း တခ်ိဳ႕ဖလားပြဲေတြမွာ လူငယ္တုိက္စစ္မွဴး ေမဆင္ဂရင္း၀ုဒ္ကို ထုတ္သုံးေနရပါတယ္။
စပိန္သတင္းစာ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းဟာ အာဂ်င္တီးနားလက္ေရြးစင္ မာတီနက္ဇ္ကို ေခၚယူႏုိင္ေရးအတြက္ လာလီဂါကလပ္ ဘာစီလုိနာအသင္းနဲ႔အဓိကအားၿပိဳင္ဖြယ္ရွိေနၿပီး လာလီဂါခ်န္ပီယံအသင္းကလည္း ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထုိးဖို႔ ဦးစားေပးပစ္မွတ္အျဖစ္ မာတီနက္ဇ္ကို ေခၚယူလိုေနေၾကာင္း သိရပါတယ္။
ႏွစ္သင္းစလုံးအတြက္ အဓိကအတားအဆီးျဖစ္လာႏိုင္တာက ေျပာင္းေရႊ႕ေၾကးျဖစ္ၿပီး အင္တာမီလန္အသင္းက ေပါင္ ၉၆သန္းထက္ ေလ်ာ့နည္းတဲ့ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမဆုိ လက္ခံစဥ္းစားမွာမဟုတ္ေၾကာင္း သိရပါတယ္။ မာတီနက္ဇ္ဟာ ၂၀၁၈ ေႏြရာသီက အင္တာမီလန္ကို စတင္ေရာက္ရွိလာခဲ့ေပမယ့္ ပထမဆုံးရာသီမွာေတာ့ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ခဲ့ရၿပီး အသင္းအတြက္ ၃၅ ပြဲမွာ ၉ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။
ဒါေပမဲ့ ဒီရာသီမွာေတာ့ အထူးေျခစြမ္းျပေနၿပီး လူကာကူနဲ႔အတူ အတြဲညီညီကစားေနကာ ၁၃ပဲြမွာ ၇ဂိုးသြင္းယူထားႏုိင္ပါတယ္။