တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှာ ဒဏ်ရာရကစားသမားတွေများနေပြီး တိုက်စစ်ကစားသမား မာစီယဲလ်ကလည်း အေစီမီလန်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်း ပထမအကျော့အဖြစ် အေစီမီလန်နဲ့ကစားခဲ့တဲ့ပွဲမှာ (၁)ဂိုးစီသရေကျခဲ့ပြီး အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မာစီယဲလ်ဟာ ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာပဲ လူငယ်ကစားသမား ဒီယာလိုနဲ့ လူစားလဲခံခဲ့ရပါတယ်။

ယူနိုက်တက်အသင်းမှာ တခြားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့ကလည်း ဒဏ်ရာတွေအသီးသီးရရှိနေပြီး ရပ်ရှ်ဖို့ဒ်ဟာ မန်စီးတီးနဲ့ပွဲတုန်းက ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သလို၊ ဝါရင့်တိုက်စစ်မှူးကာဗာနီက ကြွက်သားဒဏ်ရာကြောင့် ယူနိုက်တက်အသင်းကစားခဲ့တဲ့ နောက်ဆုံး(၂)ပွဲကို လွဲချော်ခဲ့ပါတယ်။

တကယ်လို့ မာစီယဲလ်ရဲ့ ဒဏ်ရာသာ ပြင်းထန်မယ်ဆိုရင် အခုလာမယ့်တနင်္ဂနွေကျရင် ဝက်စ်ဟမ်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ တိုက်စစ်အတွက် ပွဲထွက်လူစာရင်းရွေးချယ်ဖို့ ဆိုးလ်ရှားအတွက် အခက်အခဲတွေရှိလာပါလိမ့်မယ်။

ဆိုးလ်ရှားက “မာစီယဲလ်ဟာ အေစီမီလန်နဲ့ပွဲမှာ တင်ပါးဒဏ်ရာရရှိခဲ့တာကြောင့် သူ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေလုပ်သွားမှာပါ။ မာစီယဲလ်အနေနဲ့ လာမယ့်ကြာသပတေးကျရင် အေစီမီလန်နဲ့ကစားမယ့် ဒုတိယအကျော့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်မိပါတယ်။ အခုတနင်္ဂနွေမှာကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ သူပါဝင်နိုင်မလားဆိုတာတော့ ကျွန်တော်လည်း မသိသေးပါဘူး။ သေချာတာကတော့ မာစီယဲလ်ကို ကျွန်တော်တို့ လိုအပ်နေတယ်ဆိုတာပါပဲ။

ကာဗာနီကလည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်ကစားဖို့ မသေချာပါဘူး”လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုမတ်လအတွင်း ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်တာကြောင့် မာစီယဲလ်ရဲ့ ဒဏ်ရာက သိပ်ပြင်းထန်မှုမရှိဖို့ ပရိသတ်တွေကလည်း မျှော်လင့်နေကြတာပါ။

ယူနိုက်တက်အသင်းဟာ အခုတနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ကစားပြီးရင် (၁၈)ရက်မှာ အေစီမီလန်နဲ့ ယူရိုပါလိဂ်ဒုတိယအကျော့အဖြစ် ဆန်စီရိုမှာသွားကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီး(၃)ရက်အကြာမှာ လက်စတာနဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အေစီမီလန်နဲ့ အိမ်ကွင်းမှာ အနိုင်မရခဲ့တဲ့အပြင် အဝေးကွင်းပါပေးလိုက်ရလို့ ယူနိုက်တက်အသင်းဟာ နောက်တစ်ကျော့ကျရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါပြီ။ အေစီမီလန်နဲ့ပွဲကခြေစွမ်းနဲ့ ပတ်သက်လို့ ဆိုးလ်ရှားက”ကျွန်တော်တို့ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ အဝေးဂိုးပါပေးလိုက်ရလို့ ပိုခက်ခဲသွားပေမယ့် အဲဒီအချက်က ဒုတိယအကျော့ကျရင် သူတို့ကို ဂိုးတွေသွင်းဖို့နဲ့ မဖြစ်မနေအနိုင်ကစားဖို့ တွန်းအားဖြစ်စေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တိုက္စစ္ပိုင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက အသင္းတိုက္စစ္မွာ ဒဏ္ရာရကစားသမားေတြမ်ားေနၿပီး တိုက္စစ္ကစားသမား မာစီယဲလ္ကလည္း ေအစီမီလန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္း ပထမအေက်ာ့အျဖစ္ ေအစီမီလန္နဲ႔ကစားခဲ့တဲ့ပြဲမွာ (၁)ဂိုးစီသေရက်ခဲ့ၿပီး အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ မာစီယဲလ္ဟာ ဒဏ္ရာေၾကာင့္ ပထမပိုင္းအၿပီးမွာပဲ လူငယ္ကစားသမား ဒီယာလိုနဲ႔ လူစားလဲခံခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းမွာ တျခားတိုက္စစ္ကစားသမားေတြျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီတို႔ကလည္း ဒဏ္ရာေတြအသီးသီးရရွိေနၿပီး ရပ္ရွ္ဖို႔ဒ္ဟာ မန္စီးတီးနဲ႔ပြဲတုန္းက ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့သလို၊ ဝါရင့္တိုက္စစ္မႉးကာဗာနီက ႂကြက္သားဒဏ္ရာေၾကာင့္ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ေနာက္ဆုံး(၂)ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။ တကယ္လို႔ မာစီယဲလ္ရဲ႕ ဒဏ္ရာသာ ျပင္းထန္မယ္ဆိုရင္ အခုလာမယ့္တနဂၤေႏြက်ရင္ ဝက္စ္ဟမ္းနဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာ တိုက္စစ္အတြက္ ပြဲထြက္လူစာရင္းေ႐ြးခ်ယ္ဖို႔ ဆိုးလ္ရွားအတြက္ အခက္အခဲေတြရွိလာပါလိမ့္မယ္။

ဆိုးလ္ရွားက “မာစီယဲလ္ဟာ ေအစီမီလန္နဲ႔ပြဲမွာ တင္ပါးဒဏ္ရာရရွိခဲ့တာေၾကာင့္ သူ႔ဒဏ္ရာကို စမ္းသပ္စစ္ေဆးမႈေတြလုပ္သြားမွာပါ။ မာစီယဲလ္အေနနဲ႔ လာမယ့္ၾကာသပေတးက်ရင္ ေအစီမီလန္နဲ႔ကစားမယ့္ ဒုတိယအေက်ာ့ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္။ အခုတနဂၤေႏြမွာကစားမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ သူပါဝင္ႏိုင္မလားဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိေသးပါဘူး။ ေသခ်ာတာကေတာ့ မာစီယဲလ္ကို ကြၽန္ေတာ္တို႔ လိုအပ္ေနတယ္ဆိုတာပါပဲ။ ကာဗာနီကလည္း ဝက္စ္ဟမ္းနဲ႔ပြဲမွာ ပါဝင္ကစားဖို႔ မေသခ်ာပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုမတ္လအတြင္း ပြဲက်ပ္ေတြ ဆက္တိုက္ကစားရမွာျဖစ္တာေၾကာင့္ မာစီယဲလ္ရဲ႕ ဒဏ္ရာက သိပ္ျပင္းထန္မႈမရွိဖို႔ ပရိသတ္ေတြကလည္း ေမွ်ာ္လင့္ေနၾကတာပါ။ ယူႏိုက္တက္အသင္းဟာ အခုတနဂၤေႏြေန႔မွာ ဝက္စ္ဟမ္းနဲ႔ကစားၿပီးရင္ (၁၈)ရက္မွာ ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ဒုတိယအေက်ာ့အျဖစ္ ဆန္စီ႐ိုမွာသြားကစားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီး(၃)ရက္အၾကာမွာ လက္စတာနဲ႔ FA ဖလား ကြာတားဖိုင္နယ္ပြဲေတြ ဆက္တိုက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ေအစီမီလန္နဲ႔ အိမ္ကြင္းမွာ အႏိုင္မရခဲ့တဲ့အျပင္ အေဝးကြင္းပါေပးလိုက္ရလို႔ ယူႏိုက္တက္အသင္းဟာ ေနာက္တစ္ေက်ာ့က်ရင္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။ ေအစီမီလန္နဲ႔ပြဲကေျခစြမ္းနဲ႔ ပတ္သက္လို႔ ဆိုးလ္ရွားက”ကြၽန္ေတာ္တို႔ အေကာင္းဆုံးမကစားႏိုင္ခဲ့ပါဘူး။ အေဝးဂိုးပါေပးလိုက္ရလို႔ ပိုခက္ခဲသြားေပမယ့္ အဲဒီအခ်က္က ဒုတိယအေက်ာ့က်ရင္ သူတို႔ကို ဂိုးေတြသြင္းဖို႔နဲ႔ မျဖစ္မေနအႏိုင္ကစားဖို႔ တြန္းအားျဖစ္ေစမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။