တိုက်စစ်ကစားသမားတွေ အခုထက် ဂိုးပိုသွင်းဖို့ ဆိုးလ်ရှား တောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့ အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်အောင် ကြိုးစားရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမား ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ ဆာလာ၊ ကယ်လ်ဗတ်လူဝင်၊ ဟယ်ရီကိန်းစတဲ့ တိုက်စစ်မှူးတွေပါဝင်နေပေမယ့် ယူနိုက်တက်အသင်းက တိုက်စစ်မှူးတစ်ယောက်မှ မပါဘဲ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က (၁၄)ဂိုးနဲ့ ဆာလာ(၁၇ဂိုး)ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဂရင်းဝုဒ်အပြင် တိုက်စစ်မှူးကာဗာနီတို့ (၄)ဦးပေါင်း ပရီးမီးယားလိဂ်သွင်းဂိုးက (၁၉)ဂိုးသာရှိပြီး ဒါက ဆာလာတစ်ဦးတည်း သွင်းဂိုးအရေအတွက်ထက် (၂)ဂိုးသာ ပိုများတဲ့အနေအထားပါ။

အဲဒါကြောင့် ဆိုးလ်ရှားက “ကျွန်တော်တို့အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးအသင်းဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်စစ်ကစားသမားတွေကတော့ ကျွန်တော်တို့ စိတ်ကျေနပ်လောက်တဲ့ ဂိုးအရေအတွက်ကို မသွင်းနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ (၄၊ ၅)ပွဲလောက်မှာ အသင်းရဲ့ စွမ်းဆောင်ရည်က အားရစရာကောင်းတဲ့အနေအထား မဟုတ်ဘဲ လေ့ကျင့်ခန်းအစီအစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး တကယ့်ပွဲကစားချိန်မှာ ထုတ်ပြနိုင်မယ့်အချိန်ကို ကျွန်တော်စောင့်သွားမှာပါ။

တစ်ခု မျှော်လင့်ရတာက ရာသီကုန်ဆုံးဖို့ နီးစပ်လာပြီဖြစ်လို့ လာမယ့်ပွဲတွေမှာ တိုက်စစ်ကစားသမားတွေ အခုထက် သွင်းဂိုးပိုမိုရရှိဖို့အတွက် ကျွန်တော်တို့ ကူညီပေးနိုင်မယ်ဆိုရင် အပြောင်းအလဲတစ်ခု ဖြစ်သွားမယ့်အနေအထားပါပဲ။ သူတို့ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ တကယ့်ကို ကြိုးကြိုးစားစားလေ့ကျင့်ကြတာဖြစ်ပြီး စွမ်းဆောင်ရည်က ထင်သလောက် မဖြစ်သေးပေမယ့် သိပ်မကြာခင် ပုံမှန်ခြေစွမ်းပြသနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ဂိုးသွင်းပြီး သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့သူ မာစီယဲလ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း(၄)ဂိုးသာ သွင်းထားနိုင်တာကြောင့် ကွင်းလယ်လူတွမ်မီနေးနဲ့ ဂိုးအရေအတွက်ချင်း တူညီနေပါတယ်။ ဒ့ါအပြင် ရပ်ရှ်ဖို့ဒ်က (၈)ဂိုး၊ ကာဗာနီက (၆)ဂိုး၊ ဂရင်းဝုဒ်က (၁)ဂိုးသာသွင်းယူထားတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တိုက္စစ္ကစားသမားေတြ အခုထက္ ဂိုးပိုသြင္းဖို႔ ဆိုးလ္ရွား ေတာင္းဆို

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက အသင္းရဲ႕တိုက္စစ္ကစားသမားေတြအေနနဲ႔ အခုထက္ပိုၿပီး ဂိုးေတြသြင္းယူႏိုင္ေအာင္ ႀကိဳးစားရမယ္လို႔ ေတာင္းဆိုလိုက္ပါတယ္။ လက္ရွိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ သြင္းဂိုးအမ်ားဆုံးကစားသမား ထိပ္ဆုံး(၁၀)ဦးစာရင္းမွာ ဆာလာ၊ ကယ္လ္ဗတ္လူဝင္၊ ဟယ္ရီကိန္းစတဲ့ တိုက္စစ္မႉးေတြပါဝင္ေနေပမယ့္ ယူႏိုက္တက္အသင္းက တိုက္စစ္မႉးတစ္ေယာက္မွ မပါဘဲ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က (၁၄)ဂိုးနဲ႔ ဆာလာ(၁၇ဂိုး)ရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္း တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္၊ မာစီယဲလ္၊ ဂရင္းဝုဒ္အျပင္ တိုက္စစ္မႉးကာဗာနီတို႔ (၄)ဦးေပါင္း ပရီးမီးယားလိဂ္သြင္းဂိုးက (၁၉)ဂိုးသာရွိၿပီး ဒါက ဆာလာတစ္ဦးတည္း သြင္းဂိုးအေရအတြက္ထက္ (၂)ဂိုးသာ ပိုမ်ားတဲ့အေနအထားပါ။

အဲဒါေၾကာင့္ ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အသင္းဟာ လက္ရွိပရီးမီးယားလိဂ္မွာ သြင္းဂိုးအမ်ားဆုံးအသင္းျဖစ္ပါတယ္။ ဒါေပမဲ့ တိုက္စစ္ကစားသမားေတြကေတာ့ ကြၽန္ေတာ္တို႔ စိတ္ေက်နပ္ေလာက္တဲ့ ဂိုးအေရအတြက္ကို မသြင္းႏိုင္ေသးပါဘူး။ ၿပီးခဲ့တဲ့ (၄၊ ၅)ပြဲေလာက္မွာ အသင္းရဲ႕ စြမ္းေဆာင္ရည္က အားရစရာေကာင္းတဲ့အေနအထား မဟုတ္ဘဲ ေလ့က်င့္ခန္းအစီအစဥ္မွာ ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳး တကယ့္ပြဲကစားခ်ိန္မွာ ထုတ္ျပႏိုင္မယ့္အခ်ိန္ကို ကြၽန္ေတာ္ေစာင့္သြားမွာပါ။ တစ္ခု ေမွ်ာ္လင့္ရတာက ရာသီကုန္ဆုံးဖို႔ နီးစပ္လာၿပီျဖစ္လို႔ လာမယ့္ပြဲေတြမွာ တိုက္စစ္ကစားသမားေတြ အခုထက္ သြင္းဂိုးပိုမိုရရွိဖို႔အတြက္ ကြၽန္ေတာ္တို႔ ကူညီေပးႏိုင္မယ္ဆိုရင္ အေျပာင္းအလဲတစ္ခု ျဖစ္သြားမယ့္အေနအထားပါပဲ။ သူတို႔ဟာ ေလ့က်င့္ခန္းအစီအစဥ္မွာ တကယ့္ကို ႀကိဳးႀကိဳးစားစားေလ့က်င့္ၾကတာျဖစ္ၿပီး စြမ္းေဆာင္ရည္က ထင္သေလာက္ မျဖစ္ေသးေပမယ့္ သိပ္မၾကာခင္ ပုံမွန္ေျခစြမ္းျပသႏိုင္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၃)ဂိုးသြင္းၿပီး သြင္းဂိုးအမ်ားဆုံး ကစားသမားျဖစ္ခဲ့သူ မာစီယဲလ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ စုစုေပါင္း(၄)ဂိုးသာ သြင္းထားႏိုင္တာေၾကာင့္ ကြင္းလယ္လူတြမ္မီေနးနဲ႔ ဂိုးအေရအတြက္ခ်င္း တူညီေနပါတယ္။ ဒ့ါအျပင္ ရပ္ရွ္ဖို႔ဒ္က (၈)ဂိုး၊ ကာဗာနီက (၆)ဂိုး၊ ဂရင္းဝုဒ္က (၁)ဂိုးသာသြင္းယူထားတာျဖစ္ပါတယ္။