တိုက်စစ်ကစားလို့ ဂိုးရတယ်ဆိုပြီး မော်ရင်ဟိုကို ဂါရတ်ဘေးလ် ဒဲ့စော်၊ EPL အသင်းကြီးတွေ မော်ရင်ဟိုကို မထိရဲတော့ဟု ဝိန်းဘရစ်ချ် သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူငယ်နည်းပြသစ်နဲ့ ပွဲထွက်လာခဲ့တဲ့ စပါးအသင်းဟာ အိမ်ကွင်းပွဲဦးထွက်မှာ ဆောက်သမ်တန်ကို ၂-၁ နဲ့အနိုင်ခဲ့ပြီး ဂါရတ်ဘေးလ်နဲ့ ဆွန်ဟောင်မင်တို့က ၁ဂိုးစီသွင်းယူနိုင်ခဲ့ကြပါတယ်။
စပါးအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ဘေးလ်က သူ့အနေနဲ့ အခုမှ တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားနိုင်တော့တယ်လို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပြီး နည်းပြဟောင်း မော်ရင်ဟိုကို ဒဲ့ဆော်လိုက်ပါတယ်။

ဂါရတ်ဘေးလ်က ” အခုအချိန်မှာ တိုက်စစ်ကိုပိုပြီး ကစားလာနိုင်ပါတယ်။ ကျွန်တော်တို့က အသင်းကြီးပါ။ တိုက်စစ်အသားပေးပုံစံ ကစားချင်တာပါ။ ဒီပွဲမှာတော့ ကျွန်တော်တို့ ဒါကို လုပ်နိုင်ခဲ့ပါတယ်။ နည်းပြသစ်နဲ့ အထိုင်ကျဖို့ ကျွန်တော်တို့အားလုံး ကြိုးစားခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘေးလ်ဟာ အရင်နည်းပြဟောင်း မော်ရင်ဟိုနဲ့ အဆင်မပြေတာတွေရှိခဲပြီး အသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရသလို ခြေစွမ်းလည်း မပြနိုင်ခဲ့ပါဘူး။ ဆောက်သမ်တန်နဲ့ ပွဲမှာတော့ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့တာပါ။

တဆက်တည်းမှာပဲ စပါးအသင်းကနေ မော်ရင်ဟိုကလျော်ကြေးတွေပိုက်ပြီး ထုတ်ပယ်ခံခဲ့ရတဲ့အတွက် သူ့ကို နောက်ထပ်ပရီးမီးယားလိဂ်အသင်း တစ်သင်းသင်းက နည်းပြအဖြစ်ခန့်အပ်ဖို့ ကြောက်သွားမှာဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ အချိန်အတိုင်းအတာတစ်ခု ယူသင့်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ဒါမှမဟုတ် အခြားလိဂ်တစ်ခုခုမှာ နည်းပြလုပ်သင့်တယ်လို့ ချဲလ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နောက်ခံကစားသမား ဝိန်းဘရစ်ချ်က ပြောကြားသွားခဲ့ပါတယ်။

ဝိန်းဘရစ်ချ်က “သူဟာ နည်းပြတစ်ယောက်အနေနဲ့ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သလို ဆုဖလားတွေလည်း ရယူပေးခဲ့ပြီးပါပြီ။ အခူအချိန်မှာ သူ့အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းကို တာဝန်ယူတာမျိုး လုပ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ နာမည်ကြီးကလပ်အသင်းအတော်များများနဲ့ သူအလုပ်လုပ်ခဲ့ပြီးပါပြီ။ လျော်ကြေးတွေနဲ့ အထုတ်လည်းခံခဲ့ရတယ်” လို့ ပြောကြားသွားပါတယ်။

မော်ရင်ဟိုအနေနဲ့ စပါးမှာ ထုတ်ပယ်ခံရတာဟာ ကစားသမားတွေနဲ့ သူနဲ့အကြားမှာ လိုချင်တာနဲ့ ပေးနိုင်တာကို မရှင်းလင်းတဲ့အချက်ကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ စပါးအသင်းနည်းပြအဖြစ် ၁၇လ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ခဲျလ်ဆီးကို ၂ကြိမ်၊ မန်ယူနဲ့ စပါးကို ၁ကြိမ်စီ ကိုင်တွယ်ခဲ့ပြီး အီတလီမြေမှာ အင်တာမီလန်၊ စပိန်မြေမှာ ရီးရဲလ်မက်ဒရစ် တို့ကို ကိုင်တွယ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တိုက္စစ္ကစားလို႔ ဂိုးရတယ္ဆိုၿပီး ေမာ္ရင္ဟိုကို ဂါရတ္ေဘးလ္ ဒဲ့ေစာ္၊ EPL အသင္းႀကီးေတြ ေမာ္ရင္ဟိုကို မထိရဲေတာ့ဟု ဝိန္းဘရစ္ခ်္ သုံးသပ္

လူငယ္နည္းျပသစ္နဲ႔ ပြဲထြက္လာခဲ့တဲ့ စပါးအသင္းဟာ အိမ္ကြင္းပြဲဦးထြက္မွာ ေဆာက္သမ္တန္ကို ၂-၁ နဲ႔အႏိုင္ခဲ့ၿပီး ဂါရတ္ေဘးလ္နဲ႔ ဆြန္ေဟာင္မင္တို႔က ၁ဂိုးစီသြင္းယူႏိုင္ခဲ့ၾကပါတယ္။
စပါးအတြက္ ေခ်ပဂိုးသြင္းေပးခဲ့တဲ့ ေဘးလ္က သူ႔အေနနဲ႔ အခုမွ တိုက္စစ္ကို လြတ္လြတ္လပ္လပ္ ကစားႏိုင္ေတာ့တယ္လို႔ ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ၿပီး နည္းျပေဟာင္း ေမာ္ရင္ဟိုကို ဒဲ့ေဆာ္လိုက္ပါတယ္။

ဂါရတ္ေဘးလ္က ” အခုအခ်ိန္မွာ တိုက္စစ္ကိုပိုၿပီး ကစားလာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔က အသင္းႀကီးပါ။ တိုက္စစ္အသားေပးပုံစံ ကစားခ်င္တာပါ။ ဒီပြဲမွာေတာ့ ကြၽန္ေတာ္တို႔ ဒါကို လုပ္ႏိုင္ခဲ့ပါတယ္။ နည္းျပသစ္နဲ႔ အထိုင္က်ဖို႔ ကြၽန္ေတာ္တို႔အားလုံး ႀကိဳးစားခဲ့ၾကပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ေဘးလ္ဟာ အရင္နည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ အဆင္မေျပတာေတြရွိခဲၿပီး အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ခဲ့ရသလို ေျခစြမ္းလည္း မျပႏိုင္ခဲ့ပါဘူး။ ေဆာက္သမ္တန္နဲ႔ ပြဲမွာေတာ့ အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို လွလွပပ သြင္းယူေပးႏိုင္ခဲ့တာပါ။

တဆက္တည္းမွာပဲ စပါးအသင္းကေန ေမာ္ရင္ဟိုကေလ်ာ္ေၾကးေတြပိုက္ၿပီး ထုတ္ပယ္ခံခဲ့ရတဲ့အတြက္ သူ႔ကို ေနာက္ထပ္ပရီးမီးယားလိဂ္အသင္း တစ္သင္းသင္းက နည္းျပအျဖစ္ခန႔္အပ္ဖို႔ ေၾကာက္သြားမွာျဖစ္ၿပီး ေမာ္ရင္ဟိုအေနနဲ႔ အခ်ိန္အတိုင္းအတာတစ္ခု ယူသင့္ၿပီး ေပၚတူဂီလက္ေ႐ြးစင္အသင္းနည္းျပ ဒါမွမဟုတ္ အျခားလိဂ္တစ္ခုခုမွာ နည္းျပလုပ္သင့္တယ္လို႔ ခ်ဲလ္ဆီးအသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ေနာက္ခံကစားသမား ဝိန္းဘရစ္ခ်္က ေျပာၾကားသြားခဲ့ပါတယ္။ ဝိန္းဘရစ္ခ်္က “သူဟာ နည္းျပတစ္ေယာက္အေနနဲ႔ အခ်ိန္အေတာ္ၾကာ အလုပ္လုပ္ခဲ့သလို ဆုဖလားေတြလည္း ရယူေပးခဲ့ၿပီးပါၿပီ။ အခူအခ်ိန္မွာ သူ႔အေနနဲ႔ ႏိုင္ငံလက္ေ႐ြးစင္အသင္းကို တာဝန္ယူတာမ်ိဳး လုပ္ေစခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ နာမည္ႀကီးကလပ္အသင္းအေတာ္မ်ားမ်ားနဲ႔ သူအလုပ္လုပ္ခဲ့ၿပီးပါၿပီ။ ေလ်ာ္ေၾကးေတြနဲ႔ အထုတ္လည္းခံခဲ့ရတယ္” လို႔ ေျပာၾကားသြားပါတယ္။ ေမာ္ရင္ဟိုအေနနဲ႔ စပါးမွာ ထုတ္ပယ္ခံရတာဟာ ကစားသမားေတြနဲ႔ သူနဲ႔အၾကားမွာ လိုခ်င္တာနဲ႔ ေပးႏိုင္တာကို မရွင္းလင္းတဲ့အခ်က္ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔လည္း သုံးသပ္သြားခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ စပါးအသင္းနည္းျပအျဖစ္ ၁၇လ တာဝန္ယူေဆာင္႐ြက္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ခဲ်လ္ဆီးကို ၂ႀကိမ္၊ မန္ယူနဲ႔ စပါးကို ၁ႀကိမ္စီ ကိုင္တြယ္ခဲ့ၿပီး အီတလီေျမမွာ အင္တာမီလန္၊ စပိန္ေျမမွာ ရီးရဲလ္မက္ဒရစ္ တို႔ကို ကိုင္တြယ္ခဲ့ပါတယ္။