တိုက္စစ္မွာ စတုတ္ကစားသမားေဟာင္းႏွစ္ေယာက္ကိုသာအားကုိးရေတာ့မယ့္ပီအက္စ္ဂ်ီ

photo-daily mail

photo-gettyimages

မၾကာေသးခင္ရာသီေတြမွာ ပီအက္စ္ဂ်ီသုံးစြဲခဲ့တဲ့ ေငြသန္းေပါင္းမ်ားစြာဟာ တိုက္စစ္မွာ စတုတ္ကစားသမားေဟာင္းႏွစ္ေယာက္ကို အသုံးျပဳဖို႔လား။ အခုေတာ့ အဲဒီအေျခအေနေရာက္ေနရပါၿပီ။ ၿပီးခဲ့တဲ့အပတ္ တူးေလာ့စ္နဲ႔ပြဲမွာ အမ္ဘက္ပီက တံေကာင္ေၾကာဒဏ္ရာရသြားၿပီး ကာဗာနီကလည္း တင္ပါးဒဏ္ရာရသြားတာပါ။

photo-gettyimages

ပီအက္စ္ဂ်ီရဲ႕ၾကယ္ပြင့္တိုက္စစ္မႈး ၃ ေယာက္ထဲက ႏွစ္ေယာက္ဟာ ဒဏ္ရာျပသနာနဲ႔ႀကဳံေတြ႕သြားခဲ့တာပါ။ ဒီအခ်ိန္မွာ က်န္ရွိတဲ့ၾကယ္ပြင့္တိုက္စစ္မႈးတစ္ေယာက္ျဖစ္တဲ့ ေနမာကလည္း အေျပာင္းအေရႊ႕ရာသီမပိတ္ခင္ ျပင္သစ္ကေန ထြက္ခြာႏိုင္ေရးအတြက္ အသညး္အသန္လုံးပန္းေနတာပါ။ ဒါေၾကာင့္ ပီအက္စ္ဂ်ီနည္းျပတူခ်ယ္အတြက္ တိုက္စစ္ပိုငး္ေရြးခ်ယ္စရာနည္းပါးသြားၿပီး ခ်ိဳပိုမိုတင္းနဲ႔ ဂ်ီဆီတို႔ႏွစ္ေယာက္ကုိ ကာလတစ္ခုအထိ အားကိုးရေတာ့မွာပါ။

photo-gettyimages

ခ်ိဳပိုမိုတင္းနဲ႔ဂ်ီဆီတို႔ဟာ ပရီးမီးယားလိဂ္မွာ စတုတ္နဲ႔အတူ စိတ္ပ်က္ဖြယ္ကာလေတြကို ျဖတ္သန္းခဲ့ရတာပါ။ အခုေတာ့ သူတုိ႔ဟာ ပီအက္စ္ဂ်ီတိုက္စစ္ရဲ႕အဓိကက်သူေတြျဖစ္လာခဲ့ပါၿပီ။ ခ်ိဳပိုမိုတင္းဟာ စတုတ္မွာတုန္းက ကစားခဲ့တဲ့ ၃၂ ပြဲမွာ ၅ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး ဂ်ီဆီကေတာ့ စတုတ္ကစားသမားဘ၀တုန္းက ၁၃ ပြဲမွာ ၁ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံရွစ္ကို စတုတ္အသင္းတန္းဆင္းသြားခဲ့ရၿပီးေနာက္ ခ်ိဳပိုမိုတင္းက ပီအက္စ္ဂ်ီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေျပာင္းသြားၿပီး ဂ်ီဆီကေတာ့ စတုတ္မွာ တစ္ရာသီအငွားနဲ႔သာ ကုန္ဆုံးခဲ့တာပါ။ ဒီထဲမွာ ခ်ိဳပိုမိုတင္းဟာ ၿပီးခဲ့တဲ့တူးေလာ့စ္နဲ႔ပဲြတုန္းက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ တစ္ဂိုးသြင္းေပးခဲ့ပါေသးတယ္။ ဂ်ီဆီကေတာ့ အဲဒီပြဲမွာ အရန္စာရင္းထဲေတာင္ မပါခဲ့ပါဘူး။ ဒါေပမဲ့ ေသာၾကာေန႔ကစားမယ့္မက္ဇ္နဲ႔ပြဲမွာေတာ့ အသင္းလူစာရင္းမွာ သူေရြးခံရႏိုင္ပါတယ္။

[Unicode]

မကြာသေးခင်ရာသီတွေမှာ ပီအက်စ်ဂျီသုံးစွဲခဲ့တဲ့ ငွေသန်းပေါင်းများစွာဟာ တိုက်စစ်မှာ စတုတ်ကစားသမားဟောင်းနှစ်ယောက်ကို အသုံးပြုဖို့လား။ အခုတော့ အဲဒီအခြေအနေရောက်နေရပါပြီ။ ပြီးခဲ့တဲ့အပတ် တူးလော့စ်နဲ့ပွဲမှာ အမ်ဘက်ပီက တံကောင်ကြောဒဏ်ရာရသွားပြီး ကာဗာနီကလည်း တင်ပါးဒဏ်ရာရသွားတာပါ။

ပီအက်စ်ဂျီရဲ့ကြယ်ပွင့်တိုက်စစ်မှုး ၃ ယောက်ထဲက နှစ်ယောက်ဟာ ဒဏ်ရာပြသနာနဲ့ကြုံတွေ့သွားခဲ့တာပါ။ ဒီအချိန်မှာ ကျန်ရှိတဲ့ကြယ်ပွင့်တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ နေမာကလည်း အပြောင်းအရွှေ့ရာသီမပိတ်ခင် ပြင်သစ်ကနေ ထွက်ခွာနိုင်ရေးအတွက် အသည်းအသန်လုံးပန်းနေတာပါ။ ဒါကြောင့် ပီအက်စ်ဂျီနည်းပြတူချယ်အတွက် တိုက်စစ်ပိုင်းရွေးချယ်စရာနည်းပါးသွားပြီး ချိုပိုမိုတင်းနဲ့ ဂျီဆီတို့နှစ်ယောက်ကို ကာလတစ်ခုအထိ အားကိုးရတော့မှာပါ။

ချိုပိုမိုတင်းနဲ့ဂျီဆီတို့ဟာ ပရီးမီးယားလိဂ်မှာ စတုတ်နဲ့အတူ စိတ်ပျက်ဖွယ်ကာလတွေကို ဖြတ်သန်းခဲ့ရတာပါ။ အခုတော့ သူတို့ဟာ ပီအက်စ်ဂျီတိုက်စစ်ရဲ့အဓိကကျသူတွေဖြစ်လာခဲ့ပါပြီ။ ချိုပိုမိုတင်းဟာ စတုတ်မှာတုန်းက ကစားခဲ့တဲ့ ၃၂ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့ပြီး ဂျီဆီကတော့ စတုတ်ကစားသမားဘဝတုန်းက ၁၃ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ ချန်ပီယံရှစ်ကို စတုတ်အသင်းတန်းဆင်းသွားခဲ့ရပြီးနောက် ချိုပိုမိုတင်းက ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းသွားပြီး ဂျီဆီကတော့ စတုတ်မှာ တစ်ရာသီအငှားနဲ့သာ ကုန်ဆုံးခဲ့တာပါ။ ဒီထဲမှာ ချိုပိုမိုတင်းဟာ ပြီးခဲ့တဲ့တူးလော့စ်နဲ့ပွဲတုန်းက တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဂိုးသွင်းပေးခဲ့ပါသေးတယ်။ ဂျီဆီကတော့ အဲဒီပွဲမှာ အရန်စာရင်းထဲတောင် မပါခဲ့ပါဘူး။ ဒါပေမဲ့ သောကြာနေ့ကစားမယ့်မက်ဇ်နဲ့ပွဲမှာတော့ အသင်းလူစာရင်းမှာ သူရွေးခံရနိုင်ပါတယ်။